အပိုင်း(၄၆)

8.9K 328 19
                                    

‌တိတ်ဆိတ်လှသော မင်္ဂလာခန်းမတစ်ခုရဲ့ စင်မြင့်တစ်ခုပေါ်မှာ သော်လေးနှင့်မာန်၀င့်ထည်တို့နှစ်ဦးသာ မျက်နှာချင်းဆိုင် ယှဉ်လျက်ရှိနေခဲ့ကြ၏။ မည်သည့်ဧည့်ပရိသတ်မှမရှိ၊ မည်သည့်သူငယ်ချင်းမျှမရှိ... အလုံးစုံတိတ်ဆိတ်လို့နေခဲ့သည်။

သော်လေးက Wedding Suit အဖြူလေးကို၀တ်ထား၍ ဖြူဥသောအသားအရေနှင့်အတူ တစ်ကိုယ်လုံးဟာဝါဂွမ်းလို စွတ်စွတ်ဖြူနေခဲ့၏။ မာန်၀င့်ထည်က အနက်ရောင်အနောက်တိုင်း၀တ်စုံဖြင့် ခန့်ထည်လို့နေခဲ့သည်။ နှစ်ယောက်သားလိုက်ဖက်ညီလွန်းလှပေသည်။

မာန်၀င့်ထည်မျက်လုံးထဲသော်လေးဟာ အလွန်တရာလှပနေခဲ့၏။ မထိရက်၊ မကိုင်ရက်စရာကောင်းလောက်အောင် နုနယ်သန့်စင်လွန်းတယ်။ အစားသေချာမ‌စား၍ သွယ်ကျသွားသောမျက်နှာလေးကပင် တစ်မျိုးလှ၏။

မျက်၀န်းအကြည်ရောင်လေးဟာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း သူ့ကိုကြည့်နေပုံက ရွန်းလျစွာရှိသည်။

"ကတိသစ္စာပြုကြမယ်လေ သော်လေး"

"အို... မလိုပါဘူး ကိုကိုရယ်"

"လိုတာပေါ့ ဒါကမပါမဖြစ်တဲ့အရာဘဲကိုး"

"ဟင့်အင်း မပြုဘဲနေရအောင်"

သော်လေးက မျက်လွှာပါချပစ်ရင်း ခပ်တိုးတိုးဆို၏။ သူ စိတ်ဆိုးချင်မိပါသည်။ စိတ်ဆိုးချင်လှပါသည်။ ဒါပေမယ့် မင်္ဂလာစင်မြင့်တစ်ခုပေါ်မှာစကားမများချင်ပေ။

"သော်လေးက နောင်ဘ၀အဆက်ဆက် ကိုကို့ကိုဘဲ ပြန်ရှာပြီးချစ်မှာ"

ဖျက်ခနဲမော့ကြည့်ကာပြောသော မျက်၀န်းတွေကလဲ့နေ၏။ သူ့ရင်မှာ အရည်ပျော်ရပြန်ပါသည်။

"အင်း...ကိုကိုရောဘဲ၊ မင်းကို မတွေ့တွေ့အောင်ပြန်ရှာပြီး ကိုကိုကစချစ်ပါ့မယ်"

"ကတိနော် ကိုကို"

"အင်း ... ကတိ"

ဒီလိုနဲ့ မင်္ဂလာပွဲရဲ့ကတိသစ္စာသည် ဒီဘ၀အတွက်တစ်စက်ကလေးမျှမပါဘဲ နောင်ဘ၀အဆက်ဆက်အတွက်သာ ကြိုတင်တည်မှီးခဲ့မိကြ၏။

ထို့နောက် မာန်၀င့်ထည်က ဘောင်းဘီအိတ်ထဲမှာ ဘူးနီတစ်ခုထဲမှ လက်စွပ်နှစ်ကွင်းထုတ်ယူ၏။ ‌လက်စွပ်ဖြူလေး‌တွေရဲ့ အတွင်းပိုင်းမှာ မာန်၀င့်ထည် နှင့် မာန်သော်တာ ဟူသောနာမည်ကို အလယ်ကအသဲပုံလေးထည့်ကာ စာထွင်းထားသေးသည်။

အမုန်းတရားတို့၏မာယာ (Completed)Hikayelerin yaşadığı yer. Şimdi keşfedin