လပြည့်နေ့ဖြစ်၍ လသည်ထိန်ထိန်သာလို့နေ၏။ လယ်ကွင်းတွေဘက်မှာရိုက်ခတ်သောလေနုအေးတို့သည် သော်လေးတို့ရဲ့ မလုံခြုံလှသောထရံများမှတဆင့် တဲအိမ်လေးအတွင်းသို့ ၀င်နေရာယူကြ၏။
"အမေ သားကိုဘာလို့ငွေသော်တာလို့ပေးတာလဲဟင်.."
ထိန်သာနေသောလမင်းကိုကြည့်ကာ ဒေါ်နှင်းနုက ကြင်နာစွာပြုံးမိ၏။ သူ့ကို စမ်းတဝါးဝါးမော့ကြည့်နေရှာသော သားရဲ့မျက်နှာလေးပမာ ချမ်းမြေ့လှသည် မဟုတ်လေလား..။
"လောကကြီးကိုအလင်းပေးတဲ့အရာ နှစ်ခုရှိတယ်သားရဲ့... တခုက နေမင်းကြီး၊ နောက်တစ်ခုက လမင်းကြီး"
"ဒါဆို အမေပြောတဲ့ကြယ်လေးတွေကရော.."
ချက်ချင်းထောက်မေးနိုင်သောသားရဲ့မျက်နှာလေးကို ဒေါ်နှင်းနုကညံ့သက်စွာကြည့်မိ၏။ ညဏ်ကောင်းလွန်းရှာတဲ့ကလေး.. ဒီမျက်လုံးလှလှလေးတွေကသာ မြင်နိုင်စွမ်းရှိခဲ့ရင်...။
"ကြယ်လေးတွေကလဲ အလင်းပေးတယ်သားလေးရဲ့...ဒါပေမဲ့ အဓိကကတော့ နေမင်းကြီးနဲ့လမင်းကြီးပေါ့... နေမင်းကြီးကကျ အလင်းပေးပေမယ့် ပူလောင်တယ် လမင်းကကျ အဲ့လိုမဟုတ်ဘူးသားရဲ့.."
သော်လေးက မိခင်ရဲ့စကားကို စိတ်၀င်တစားနားစိုက်ထောင်နေပုံမှာ လူကြီးလေးအတိုင်း..။
"လမင်းကြီးကကျ အလင်းလဲပေးတယ် အေးလဲအေးချမ်းစေတယ်ကလေးရဲ့... အဲ့လိုဘဲ အမေ့သားလေးရဲ့မျက်နှာလေးကလဲ အမေ့ကိုအမြဲအားတွေလဲပေးတယ် ပြီးတော့အေးလဲအေးချမ်းစေလို့ပေါ့ နားလည်လား သား"
"ဟုတ်...
သော်လေးက ခေါင်းလေးကိုအခါခါငြိမ့်ပြရင်း အမေ့မျက်နှာကိုမှန်းဆရင်း အမေ့ပါးလေးကိုနမ်း၏။
... 🖤 ...
ပြတင်းဘက်သို့ ငြင်သာစွာတိုက်ခတ်လာသောလေတွင် မိုးသက်ရနံ့တို့ပင် ပါ၍လာ၏။ ခြံစည်းရိုးထောင့်ရှိခရေပင်ကြီးမှ ရနံ့တို့သည် ပြတင်းဆီသို့ ဝေ့လည်လာလျက်ရှိသည်။
သော်လေးက ၀င်းပနေသောလမင်းကိုလှမ်းကြည့်ရင်း အတိတ်ကအကြောင်းများပြန်တွေးကာ မျက်ရည်တို့ဝေ့လဲလာရပြန်၏။

ESTÁS LEYENDO
အမုန်းတရားတို့၏မာယာ (Completed)
Fantasía၀န်ကြီးချုပ်တစ်ယောက်ရဲ့သားဖြစ်တာမို့ဆိုးချင်တိုင်းဆိုးနေတဲ့သူဠေးသားလေးနဲ့ အဲ့သူဠေးသားလေးရဲ့ကားဘီးတွေအောက်သေသွားခဲ့ရတဲ့မိန်းမတစ်ယောက်ရဲ့မျက်မမြင်သားငယ်လေး၊ သူတို့နှစ်ယောက်ကြားကအမုန်းတွေကနေ တဖြည်းဖြည်းအချစ်ဆီကို ကူးပြောင်းလာတဲ့ပုံကိုရေးသားထားတာပါရှင...