အပိုင်း(၂၀)

6.7K 374 8
                                    

၀ရန်တာမှထွက်ရပ်နေမိတော့ လရောင်အောက်ကဧရာ၀တီမြစ်ရေသည် ငွေမှင်ရောင်အသွင်ပင်ပေါက်နေခဲ့၏။ စီးကရက်ကို ဖွာရှိုက်မိတော့ စိတ်တို့က‌ပေါ့ပါးမသွားဘဲ ပိုတိုးလို့သာလေးလံနေခဲ့ရ၏။

နောက်ပါးကိုလှည့်ကြည့်မိတော့ နှစ်ခြိုက့်စွာ‌အိပ်ပျော်နေရှာသောမျက်နှာလှလှကို မီးအိမ်ရဲ့အလင်းရောင်အားကိုးနှင့်မြင်နေခဲ့ရ၏။ နဂို ကလေးဆန်လှသောမျက်နှာလေးသည် အိပ်မောကျနေပြန်တော့ ပကတိအပြစ်ကင်းစင်လွန်းလှသည်။

လက်ထဲမှ စီးကရက်ဟာဘယ်နှလိပ်မြောက်မှန်းမသိသလို ထိုမျက်နှာလှလှငေးကြည့်မိတာလဲ ဘယ်နှကြိမ်မြောက်မှန်းမသိတော့..။

ညနေစာစားပြီးကတည်းက အခန်းထဲရောက်တာနဲ့ အိပ်ပျော်သွားရှာသော သော်လေး။ နာရီဒိုင်ခွက်ကိုကြည့်တော့ ဆယ့်တစ်နာရီ...။

ဖုန်း Vibrateကြောင့် ကြည့်လိုက်တော့ ရှိန်းထူး။

"သော်လေး သက်သာလား မာန်"

"အင်း"

"အိပ်နေတုန်းလား... နိုးသွားမှာစိုးလို့ မင်းဖုန်းကိုဆက်လိုက်တာ"

မိန်းကလေးများစွာနှင့် ရှုပ်ယှက်ခက်ခဲ့ကြသော သူတို့အုပ်စုတွင် ရှိန်းထူးတစ်ယောက်က အရှုပ်အရှင်းကင်းခဲ့၏။ စီးပွားရေး၊ လူမှုရေးတွေနဲ့ ရှုပ်ယှက်ခက်နေသောရှိန်းထူးသည် ကောင်မလေးတွေကို အချိန်မပေးနိုင်တာကြောင့် ဘယ်ကောင်မလေးနဲ့မှမမြဲခဲ့..။

သို့သော် ရှိန်းထူးက အရင်ကတည်းက သော်လေးကိုတော့ အချိန်ဖဲ့ပေးတတ်ခဲ့တာကို မာန်၀င့်ထည် နောက်ကျစွာရိပ်မိခဲ့ရ၏။ ရှိန်းထူးသည် မအားလပ်တဲ့ကြားထဲက သူ့အိမ်ကိုတော့ တကူးတကလိုက်လေ့ရှိခဲ့သည်သာ...။

"ဟေ့ရောင် မာန်"

"သော်လေးက မင်းအတွက် ဘယ်လိုဖြစ်တည်မှုလဲ ရှိန်းထူး"

"ဟင်"

သက်ပြင်းချသံ သဲ့သဲ့ကြားရ၏။ မာန်၀င့်ထည်ပြုံးမိလိုက်သည်။ လက်တွေ့ဖွင့်ဟဖို့ကျ ရှိန်းထူးလိုလူမျိုးအတွက် ခက်ခဲလွန်းမည်ဟု အထင်သေးစွာပင် ကောက်ချက်ချလိုက်မိခြင်း... သို့သော်။

အမုန်းတရားတို့၏မာယာ (Completed)Onde histórias criam vida. Descubra agora