အပိုင်း(၃)

10.5K 621 11
                                    

အခင်းဖြစ်ပွားခဲ့သောည...။

အချိန်မှာ ည ၉နာရီခန့်ဖြစ်လိမ့်မည်။ ဒေါ်နှင်းနုတစ်ယောက် အမြင်အာရုံချို့တဲ့နေရှာသူ သားငယ်ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း ‌မှောင်မိုက်နေသောလမ်းတွေထဲ တိုးဝှေ့နေခိုက်ဖြစ်၏။

ခပ်အေးအေးလယ်ကွင်းတွေဘက်ကဖြတ်တိုက်လာသောလေအေးတွေက စိမ့်ခနဲရိုတ်ခတ်နေဆဲ။ ဘာကြောင့်မှန်းမသိပေမဲ့ စိတ်တို့ကလေးလံလာမိ၏။ စိတ်တို့ကလေးလံလာလေ သားဖြစ်သူရဲ့လက်ကို တင်းတင်းဆွဲဆုပ်ထားမိလေ။

"အမေ"

"ဟင် သားလေး ပြော"

သော်လေးက မမြင်ရသော မိခင်ရဲ့မျက်နှာဆီသို့ ယမ်းယောင်ကာ မော့ကြည့်ရင်းမှ

"အခု ကောင်းကင်အရောင်က ဘယ်လိုလဲဟင်"

သားမေးကာမှဘဲ ဒေါ်နှင်းနုတစ်ယောက် မှောင်မိုက်နေသောလမ်းဆီမှ အကြည့်လွှဲရင်း ကောင်းကင်ပေါ်သို့ ကပျာကယာကြည့်မိသည်။

"အခု ကောင်းကင်မှာ တိမ်တွေက မှိုင်းနေတယ် သားရဲ့... ဒါပေမဲ့ လက်လက်ထနေတဲ့ကြယ်လေးတွေရှိတော့ အရမ်းလှတာဘဲ... ပြီးတော့ လမင်းကြီးကတော့ တခြမ်းပဲ့နေပြီ သားလေးရဲ့"

အမေပြောပြတဲ့ ကောင်းကင်ကို မမြင်ဖူးပေမဲ့လဲ လျှောက်တွေးမြင်ရင်း ပြုံးပစ်လိုက်မိ၏။

"အရမ်းလှမှာဘဲနော် အမေ"

"အေးပေါ့"

သားလဲမြင်ချင်လိုက်တာ လို့ ကျွန်တော် မပြောဖြစ်ခဲ့ပါ။ ပြောရင် အမေငိုမှာပေါ့။ ကျွန်တော် သိတယ်လေ။

အမေက ကျွန်တော့်လက်တွေကို ပိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။

ကျွန်တော်သိပြီလေ။ ကားလမ်းကူးတော့မှာ။ ကားလမ်းကူးပြီးလို့ ဟိုးဘက်နည်းနည်းထပ်လျှောက်လိုက်ရင် ကျွန်တော်တို့အိမ်ရောက်တော့မှာ။ အိမ်ရှေ့လောက်ရောက်ရင် အမေက ကျွန်တော့်ရဲ့လက်တွေကို လွှတ်ချပေးတော့မှာ။

ကျွန်တော်က ကိုယ့်အိမ်ကိုယ်ဆို ကျွမ်းတယ်လေ။ ဘယ်နေရာမှာ ဘာရှိလဲဆိုတာ ကျွန်တော်တန်းသိတယ်။ ယုံမလားမသိပေမဲ့ တခါတလေ ပစ္စည်းပျောက်ရင်တောင် အမေက ကျွန်တော်ကိုပြန်မေးရသေးတာ‌ဗျ။

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now