အပိုင်း(၂၅)

6.2K 341 9
                                    

ဆောင်းနှင်းတွေဝေတဲ့ နို၀င်ဘာလရဲ့ရက်စွဲတခုမှာတော့ Hotel ကြီးတစ်ခုတွင် စေ့စပ်ပွဲလေးကျင်းပဖြစ်ခဲ့ကြ၏။ နှစ်ဘက်မိဘအသိုင်းအဝိုင်းနှင့် သူငယ်ချင်းတွေလောက်သာ ပါ၀င်ခဲ့ကြသောစေ့စပ်ပွဲသည် တိတ်ဆိတ်လှသော်လည်း ထည်ဝါသည်။

"Congratulations ကွာ... ငါတို့အုပ်စုထဲ မင်းကအရင်ကံထူးတာဘဲ"

ဘုန်းက မာန့်ရဲ့ရင်ဘတ်ကို ခပ်ဖွဖွလှမ်းထိုးရင်းပြော၏။ မာန့်ရဲ့မျက်၀န်းတွေကတော့ ရှိန်းထူးဘေးတွင် ခေါင်းငုံ့ထိုင်နေသော ကလေးငယ်ထံသို့ စူးစိုက်လို့နေတုန်း။

"တော်တော်အလျင်လိုတဲ့ကောင်ဘဲ... ယွန်းကို သူများလက်ပါမှာအဲ့လောက်ကြောက်လား"

မာန်၀င့်ထည် ချိနဲ့စွာပြုံးမိပါသည်။ ဤစေ့စပ်ပွဲသည် သော်လေးဆီ သူ့လက်တွေကမ်းလင့်မိတော့မှာစိုး၍ ကတိစကားဟူသောကြိုးဖြင့် ကိုယ့်ကိုကိုယ်ချည်နှောင်မိခြင်းသက်သက်သာ...။

"သွား... သွား သတို့သားလောင်းရေ... ငါတို့ဝိုင်းချည်းမှာဘဲကပ်နေပြီး လူပျိုလုပ်မနေနဲ့တော့။ ယွန်းရှာနေပြီ"

သော်လေးက ခေါင်းကိုသာတွင်တွင်ငုံ့ကာ သူ့ကိုတချက်မော့မကြည့်ပေ။ သူ့ရင်၌လည်း ကြေကွဲရပါ၏။

"မောင် လာပါဦး... ယွန်းသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမလို့။ ရှိန်းထူးတို့ စားကြဦးနော်။ သော်လေးရောဘဲ ၀အောင်စားနော် ကလေး"

သော်လေးက ယွန်းကိုတချက်မော့ကြည့်ရင်း နွမ်းလျစွာပြုံးပြကာ ခေါင်းညိတ်၏။ အငိုလွယ်တဲ့ကလေးဟာ ငိုချင်စိတ်ကိုမတရားချိုးနှိမ်ရ‌ပုံပေါ်တာမို့ မာန်၀င့်ထည်မျက်နှာလွှဲကာ ထွက်သွားလိုက်မိ၏။

သော်လေးက မာန်၀င့်ထည်ကျောပြင်ကို ငေးကြည့်နေမိတုန်း။ မျက်တောင်တို့ကို အကြိမ်များစွာပုတ်ခတ်ကာ ခေါင်းကိုမော့ပစ်လိုက်၏။

"Toilet ခဏသွားပါရစေဗျာ"

သုတ်သုတ်ထထွက်သွားသော သော်လေးကျောပြင်ကိုကြည့်ကာ ရှိန်းထူးကပင့်သက်ခိုးရှိုက်မိ၏။

"သူ့အကိုကို နှမြောနေပုံဘဲကွ"

"အေးပေါ့ ညီအကိုလေးနှစ်ယောက်ထဲရှိတာကိုး"

အမုန်းတရားတို့၏မာယာ (Completed)Kde žijí příběhy. Začni objevovat