အပိုင်း(၃၂)

5.4K 303 1
                                    

ကျောင်းအပ်အမြဲ‌နောက်ကျတတ်တဲ့သော်လေးဟာ ဆယ်တန်းကိုလဲ တစ်လတိတိနောက်ကျပြီးမှ တတ်ရောက်ခဲ့ရပြန်၏။ ဦးဘ လာကြိုတဲ့ကားလေးပေါ်မှာ ငြိမ်သက်လိုက်ပါလာရင်းအတွေးတွေဟာ ဟိုလွင့်၊ဒီလွင့်။

ဘော်ဒါဆောင်ရောက်သွားလိုက်၊ အစိုးရကျောင်းပြန်ရောက်လိုက်နဲ့ဖြစ်နေတဲ့သော်လေးဟာ သူငယ်ချင်းလဲ အတည်တကျမရှိတော့၊ သို့သော် လပတ်စာမေးပွဲတွေမှာတော့ တစ်ကနေ သုံးအထိ ၀င်ခဲ့မြဲ။

ကားမှန်ကိုလာထိကပ်တဲ့ မိုးဖွဲဖွဲ။ ကုမ္ပဏီရဲ့ရုံးခန်းမှာရှိနေမယ့်ကိုကိုကရော၊ သူ့လိုပင်မိုးစက်တွေကို ငေးကြည့်‌နေလေမလား။ ဒါမှမဟုတ် အလုပ်ပုံတွေကြား ခေါင်းငုံ့နေလေမလား။ ဒါမှမဟုတ်ရင်ရော ဖုန်းကိုင်ပြီး ယွန်းနဲ့ချစ်စကားပြောနေရှာပါရော့လား။

စပယ်ပန်းရုံဘေးနား  သူငေးနေမိခဲ့စဉ်က သူ့နားလျှောက်လာခဲ့တဲ့ယွန်းပုံလေးကို သတိရသွားမိ၏။ ချည်သား၀မ်းစက်လေးနဲ့ယွန်းဟာ နွမ်းနယ်စွာပြုံးနေခဲ့သည်။ သူ့ကိုပြောခဲ့မိသမျှအတွက် တောင်းပန်ပါတယ် တဲ့။

ကိုကိုဟာ သူ့အပေါ်တွင်မက ယွန်းအပေါ်ကိုလဲ အတိုင်းအဆမဲ့ရက်စက်ခဲ့ကြောင်း သူနားလည်လိုက်မိ၏။ သူကသာ တောင်းပန်ရမယ့်လူပါ လို့ သူပြန်ပြောမိခဲ့သည်ထင်၏။ ထိုအချိန်က ယွန်းကို စကားတွေပြောနေမိပေမဲ့ စိတ်တွေက ကိုကို့ထံဝဲပျံနေခဲ့တာမို့။

ကိုကိုဟာ ရက်စက်တတ်လွန်းတာလား ဒါမှမဟုတ် ကိုကို့ရဲ့ကံကြမ္မာကိုစေစားသူကဘဲ ကိုကို့ကို အတင်းရက်စက်စေခိုင်းခဲ့တာလား။ သေချာတာတော့ ကိုကိုဟာလဲ သနားစရာကောင်းလှတဲ့ လူတစ်ယောက်ပါဘဲလေ။

အို သော်လေးအတွက်တော့ ကိုကိုဟာ အမြဲတမ်းလူကောင်းတစ်ယောက်ပါကွယ်။

... 🖤 ...

အခန်းထဲမှာ စာလုပ်နေခိုက် တံခါးခေါက်သံကြားလိုက်ရ၏။ သွားဖွင့်ပေးစရာမလိုအောင် ကိုကိုပြန်လာချိန်ဆို သော်လေးတံခါးစေ့ရုံစေ့ထားခဲ့မြဲ။

"ကိုကိုပြန်ရောက်ပြီနော် သော်လေး"

ဆေးရုံကဆင်းရချိန်မှစ၍ ကိုကို့မှာ ဒီအလေ့အထလေးဖြစ်တည်ခဲ့လေပြီ။ သော်လေးအပေါ်ကို ဂရုတစိုက်ရှိမှုတွေ...။

အမုန်းတရားတို့၏မာယာ (Completed)Tempat cerita menjadi hidup. Temukan sekarang