အပိုင်း(၃၃)

5.2K 287 4
                                    

ပြတင်းတွေကိုဖွင့်ချလိုက်တော့ လေရူးတစ်သုတ်က အိမ်ကြီးထဲကို စိမ့်ခနဲရိုက်ခတ်၏။ ဖေဖေက ဖတ်လက်စသတင်းစာကို ခေါက်ပြီးခုံပေါ်သို့ ခပ်ဖြေးဖြေးချရင်း...

"သော်လေး သားအဒေါ်ရင်းတွေ အိမ်ကိုခဏခဏလာတယ်ဆို"

"ဟုတ်ကဲ့"

သော်လေးက ဖေဖေ့မျက်၀န်းတွေကို မကြည့်ရဲခဲ့ပေမယ့် သူ့ကိုရည်ရွယ်ပြီးပြောတာဆိုရင်တော့ ကြည့်ရမြဲသာ။

"အဲ့လိုရှုပ်ရှုပ်ယှက်ယှက်တွေ အိမ်ပေါ်ခေါ်တင်တာမျိုး ဖေဖေမကြိုက်ဘူးသား"

သော်လေးရင်ထဲ ဖျက်ခနဲနာရ၏။ သော်လေးအတွက် ဆွေမျိုးဟာ ဖေဖေ့အမြင်မှာ အရှုပ်ထုပ်တစ်ခုထပ်မပိုခဲ့။

"ကြားလား သော်လေး နောက်အိမ်မလာစေနဲ့"

အဖြေမပေးသေးဘဲ ကိုကို့ထံလှမ်းကြည့်တော့ ကိုကိုက ကော်ဖီခွက်ကိုပင် ခပ်ငေးငေးကြည့်နေခဲ့၏။ ပုံမှန်ဆို ဖေဖေ့ရန်က သော်လေးကိုကာကွယ်ပေးတတ်သော ကိုကိုသည် ယခုအခါမှာတော့ သူလဲအလိုမကျခဲ့၍ထင်၊ ဆိတ်ဆိတ်ငြိမ်နေခဲ့၏။

"ဖေဖေပြောတာကြားလား ‌သော်လေး"

"ဟုတ်ကဲ့ပါဗျ"

ဖေဖေက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း စားပွဲဝိုင်းကထသွား၏။ သော်လေးက လွယ်အိတ်ကို လှမ်းဆွဲယူရင်း ကျောင်းသွားရန်ထသည်။ လွတ်နေသောခုံလေးက ကျောင်းသွားခါနီးနမ်းစရာပါးလေးမရှိတော့ကြောင်းပြ၏။

"ဒီနေ့ ကိုကိုကျောင်းလိုက်ပို့မယ်"

"ဟုတ်ကဲ့ပါဗျ"

"အင်း"

ကိုကိုဟာ သူ့အလုပ်တွေသိပ်မများတဲ့နေ့ဆို ကျောင်းကိုလဲဂရုတစိုက်ပို့ပေးတတ်သေးသည်သာ။

... 🖤 ...

ကားပေါ်ကဆင်းတော့ ကိုကိုကရိုးရာမပျက်တူတူလိုက်ဆင်း၏။ ကျောင်းသူမလေးတွေရဲ့အကြည့်ရွန်းလဲ့လဲ့က ကိုကို့အပါးမှဝေ့ဝိုက်ရစ်ဝဲကုန်သည်။

"ကဲ ဘယ်လိုလဲ သော်‌လေး... အဒေါ်တွေကို တကယ်မတွေ့တော့ဘူးပေါ့"

ကိုကိုက အပူတစ်ခုလျော့သွားဟန်ဖြင့် ပေါ့ပါးစွာပြော၏။

"မတွေ့နဲ့တော့နော် သော်လေးကလိမ္မာတာဘဲ"

အမုန်းတရားတို့၏မာယာ (Completed)Where stories live. Discover now