33

193 13 0
                                    

ခ်စ္ျခင္းေမတၱာေတြကိုပိုင္တယ္
အစ္ကို႔ကိုမပိုင္ဘူး...။

တိမ္ေတြၿပိဳတိုင္း ဟိုေကာင္မေလးကို
ဖက္ထားမယ့္ အစ္ကို႔ကိုမ်က္စိထဲေျပးျမင္မိတယ္။

ေလတစ္ခ်က္အေဝွ႔မွာ သူမဆံႏြယ္ေတြကို
သပ္တင္ေပးေနမွာမွတ္လား
ေကာ္ဖီတစ္ခြက္ကုိအတူတူေသာက္ရင္း
သူမနဖူးကိုနမ္းရင္း ႏိုးထလာမယ့္ အစ္ကို႔မနက္ခင္းေတြကို
ညီမမွာေတြးရင္း ေၾကာက္ရတယ္။

ေမွာင္မဲေနတဲ့အခန္းေလးထဲ ညီမကေတာ့
အစ္ကို႔ကိုလြမ္းရင္း ေနသြားရတယ္...
တကယ္ဆိုညီမလည္း ေနေရာင္ေႏြးေႏြးေလးနဲ႔
ထိေတြ႔ခ်င္ပါတယ္ အစ္ကိုရယ္...

ခ်စ္ျခင္းေမတၱာေတြအကုန္ေပးပါ့မယ္
အစ္ကုိ႔ကိုပဲ ျပန္ေပးပါ။

ေမတၱာေတြဟာသြားၿပီးျပန္မလာၾကေတာ့ဘူး
ျမဴဆိုင္းတဲ့လမ္းမထက္ ညီမေမတၱာေတြဟာ
ေပးတိုင္းျပန္မရတဲ့အခါ သိပ္ကိုအထီးက်န္ရပါတယ္ တဲ့...

တစ္ခုတည္းေသာ မနက္ခင္းမွာ
ဝရံတာမွာ ေမးေလးေထာက္ေနတုန္း
အေနာက္ကအစ္ကိုခါးဖက္တာကိုခံရဖို႔
ညီမလည္းထိုက္တန္တယ္လို႔မထင္ဘူးလား
စာအုပ္တစ္အုပ္ကိုအတူတူဖတ္ဖို႔
မနက္စာကိုအတူတူစားဖို႔
ညီမအေနနဲ႔ထိုက္တန္ပါတယ္ လို႔မေတြးမိဘူးလား အစ္ကို။

အစ္ကိုက ရက္စက္တယ္...
မလႊတ္ဘူးကြာ ဆိုတဲ့စိတ္နဲ႔
ေသြးအလိမ္းလိမ္းထေနတာေတာင္ ဒီႀကိဳးကို
မလႊတ္ခဲ့တဲ့ ညီမက ပိုရက္စက္တယ္။

တေန႔ေန႔ေတာ့ ေမ့မယ္ႏိုးႏိုးနဲ႔
ရက္ေတြတိုးလို႔ ႏွစ္ေတြလည္းတိုးလာၿပီေပါ့
အစ္ကို သူမ ကိုခ်စ္တဲ့အခ်စ္ထက္ ညီမကသာပါတယ္
ေပးႏိုင္တာဆိုလို႔ ခ်စ္ျခင္းေမတၱာပဲ ႐ွိခဲ့တာမဟုတ္လား...။

- Alia -

ချစ်ခြင်းမေတ္တာတွေကိုပိုင်တယ်
အစ်ကို့ကိုမပိုင်ဘူး...။

တိမ်တွေပြိုတိုင်း ဟိုကောင်မလေးကို
ဖက်ထားမယ့် အစ်ကို့ကိုမျက်စိထဲပြေးမြင်မိတယ်။

လေတစ်ချက်အဝှေ့မှာ သူမဆံနွယ်တွေကို
သပ်တင်ပေးနေမှာမှတ်လား
ကော်ဖီတစ်ခွက်ကိုအတူတူသောက်ရင်း
သူမနဖူးကိုနမ်းရင်း နိုးထလာမယ့် အစ်ကို့မနက်ခင်းတွေကို
ညီမမှာတွေးရင်း ကြောက်ရတယ်။

မှောင်မဲနေတဲ့အခန်းလေးထဲ ညီမကတော့
အစ်ကို့ကိုလွမ်းရင်း နေသွားရတယ်...
တကယ်ဆိုညီမလည်း နေရောင်နွေးနွေးလေးနဲ့
ထိတွေ့ချင်ပါတယ် အစ်ကိုရယ်...

ချစ်ခြင်းမေတ္တာတွေအကုန်ပေးပါ့မယ်
အစ်ကို့ကိုပဲ ပြန်ပေးပါ။

မေတ္တာတွေဟာသွားပြီးပြန်မလာကြတော့ဘူး
မြူဆိုင်းတဲ့လမ်းမထက် ညီမမေတ္တာတွေဟာ
ပေးတိုင်းပြန်မရတဲ့အခါ သိပ်ကိုအထီးကျန်ရပါတယ် တဲ့...

တစ်ခုတည်းသော မနက်ခင်းမှာ
ဝရံတာမှာ မေးလေးထောက်နေတုန်း
အနောက်ကအစ်ကိုခါးဖက်တာကိုခံရဖို့
ညီမလည်းထိုက်တန်တယ်လို့မထင်ဘူးလား
စာအုပ်တစ်အုပ်ကိုအတူတူဖတ်ဖို့
မနက်စာကိုအတူတူစားဖို့
ညီမအနေနဲ့ထိုက်တန်ပါတယ် လို့မတွေးမိဘူးလား အစ်ကို။

အစ်ကိုက ရက်စက်တယ်...
မလွှတ်ဘူးကွာ ဆိုတဲ့စိတ်နဲ့
သွေးအလိမ်းလိမ်းထနေတာတောင် ဒီကြိုးကို
မလွှတ်ခဲ့တဲ့ ညီမက ပိုရက်စက်တယ်။

တနေ့နေ့တော့ မေ့မယ်နိုးနိုးနဲ့
ရက်တွေတိုးလို့ နှစ်တွေလည်းတိုးလာပြီပေါ့
အစ်ကို သူမ ကိုချစ်တဲ့အချစ်ထက် ညီမကသာပါတယ်
ပေးနိုင်တာဆိုလို့ ချစ်ခြင်းမေတ္တာပဲ ရှိခဲ့တာမဟုတ်လား...။

- Alia -

Rechel's Where stories live. Discover now