တိတ္ဆိတ္ေနျခင္းဟာ
ညီမအဆင္မေျပေၾကာင္းကို ကုိယ္စားျပဳတယ္ အစ္ကိုရဲ႕
အဆင္ေျပလား လို႔အစ္ကိုေမးတိုင္း
အင္း လို႔ျပန္ေျဖတာကို မယံုပါနဲ႔လားအစ္ကိုရယ္
အဆင္မေျပေၾကာင္းကို မေျပာလည္းပဲ သိေပးပါလား
ဖက္ထားေပးပါ ဆိုတာကို မေျပာလည္းပဲ သိေပးပါလား
ရင္ဘတ္ခ်င္းမနီးခဲ့လို႔မ်ား
ညီမ မေျပာတဲ့စကားေတြ အစ္ကိုမၾကားခဲ့ရတာလား။ခရီးေတြအတူတူထြက္ၾကရေအာင္
ကမ္းေျခမွာ ထိုင္ၿပီး အစ္ကို႔ ပုခံုးကို မွီထားမယ္ေလ
အစ္ကိုကသူမအေၾကာင္းေတြေတြးေနတဲ့အခ်ိန္
ညီမက အစ္ကုိ႔အေၾကာင္းေတြေတြးေနမွာေပါ့
လြမ္းတယ္...အစ္ကိုရယ္....
အစ္ကို႔ရင္ခြင္ထဲ ညီမ႐ွိေနခ်ိန္မွာေတာင္ လြမ္းတယ္
ဒီတိုင္းေလးပဲ အျမဲေနသြားလို႔မရဘူးလား
သူမနဲ႔လက္ထပ္တဲ့အခါ
ညီမက အစ္ကုိ႔မဂၤလာပြဲရဲ႕
သတို႔သမီးအရံအျဖစ္ေနေပးမယ္ေလ
ဒီလိုေလးပဲ ဆက္သြားျကရေအာင္။သူမနဲ႔ရန္ျဖစ္တဲ့အခါ ညီမနဲ႔ခရီးေတြထြက္ၾကတာေပါ့
ညီမ အိမ္မက္ေတြရဲ႕ သံုးပံုႏွစ္ပံုဟာ
အကိုနဲ႔အတူ အေကာင္အထည္ေဖာ္ခ်င္တာေတြ
လို႔ေျပာတဲ့အခါ လက္ဖဝါးက်ယ္က်ယ္ေတြနဲ႔
ညီမေခါင္းကိုပုတ္ေနမလား။တကယ္ေတာ့ခ်စ္ျခင္းတရားဟာ ႐ိုး႐ွင္းလြန္းတယ္
လူေတြကသာ အဓိပၸါယ္ အမၽိဳးမၽိဳး ဖြဲ႔ႏြဲ႔ေနၾကတာ အစ္ကိုရဲ႕
ညီမကေတာ့ အခ်စ္ ကို
ဒီတိုင္းေလးေငးၾကည့္ေနျခင္း လို႔ပဲ အမည္တပ္ခ်င္တယ္
ဒါဟာ မပိုင္ဆိုင္ရျခင္း ဆိုတဲ့အဓိပၸါယ္ကို
မသက္ေရာက္ေစခ်င္ျပန္ဘူး
သတိရတယ္လို႔ညီမေျပာတဲ့အခါ
အကိုေရာပဲ ဆိုတဲ့replyေလးေတာ့အျမဲလိုခ်င္ခဲ့တာခ်ည္း။515 words ♠
ကုိယ္ဒါကို march လအကုန္ေလာက္တည္းကေရးေနတာ
ခုမွပဲ up ရေတာ့တယ္ 😹❣တိတ်ဆိတ်နေခြင်းဟာ
ညီမအဆင်မပြေကြောင်းကို ကိုယ်စားပြုတယ် အစ်ကိုရဲ့
အဆင်ပြေလား လို့အစ်ကိုမေးတိုင်း
အင်း လို့ပြန်ဖြေတာကို မယုံပါနဲ့လားအစ်ကိုရယ်
အဆင်မပြေကြောင်းကို မပြောလည်းပဲ သိပေးပါလား
ဖက်ထားပေးပါ ဆိုတာကို မပြောလည်းပဲ သိပေးပါလား
ရင်ဘတ်ချင်းမနီးခဲ့လို့များ
ညီမ မပြောတဲ့စကားတွေ အစ်ကိုမကြားခဲ့ရတာလား။ခရီးတွေအတူတူထွက်ကြရအောင်
ကမ်းခြေမှာ ထိုင်ပြီး အစ်ကို့ ပုခုံးကို မှီထားမယ်လေ
အစ်ကိုကသူမအကြောင်းတွေတွေးနေတဲ့အချိန်
ညီမက အစ်ကို့အကြောင်းတွေတွေးနေမှာပေါ့
လွမ်းတယ်...အစ်ကိုရယ်....
အစ်ကို့ရင်ခွင်ထဲ ညီမရှိနေချိန်မှာတောင် လွမ်းတယ်
ဒီတိုင်းလေးပဲ အမြဲနေသွားလို့မရဘူးလား
သူမနဲ့လက်ထပ်တဲ့အခါ
ညီမက အစ်ကို့မင်္ဂလာပွဲရဲ့
သတို့သမီးအရံအဖြစ်နေပေးမယ်လေ
ဒီလိုလေးပဲ ဆက်သွားကြရအောင်။သူမနဲ့ရန်ဖြစ်တဲ့အခါ ညီမနဲ့ခရီးတွေထွက်ကြတာပေါ့
ညီမ အိမ်မက်တွေရဲ့ သုံးပုံနှစ်ပုံဟာ
အကိုနဲ့အတူ အကောင်အထည်ဖော်ချင်တာတွေ
လို့ပြောတဲ့အခါ လက်ဖဝါးကျယ်ကျယ်တွေနဲ့
ညီမခေါင်းကိုပုတ်နေမလား။တကယ်တော့ချစ်ခြင်းတရားဟာ ရိုးရှင်းလွန်းတယ်
လူတွေကသာ အဓိပ္ပါယ် အမျိုးမျိုး ဖွဲ့နွဲ့နေကြတာ အစ်ကိုရဲ့
ညီမကတော့ အချစ် ကို
ဒီတိုင်းလေးငေးကြည့်နေခြင်း လို့ပဲ အမည်တပ်ချင်တယ်
ဒါဟာ မပိုင်ဆိုင်ရခြင်း ဆိုတဲ့အဓိပ္ပါယ်ကို
မသက်ရောက်စေချင်ပြန်ဘူး
သတိရတယ်လို့ညီမပြောတဲ့အခါ
အကိုရောပဲ ဆိုတဲ့replyလေးတော့အမြဲလိုချင်ခဲ့တာချည်း။515 words ♠
ကိုယ်ဒါကို march လအကုန်လောက်တည်းကရေးနေတာ
ခုမှပဲ up ရတော့တယ် 😹❣