26

343 26 0
                                    

စိန္ပန္းေတြပြင့္ေနၿပီ အခ်စ္ေရ
အေျပးအလႊားအျဖဴစိမ္းေတြၾကားထဲ
မိုးစက္ကေလးေတြက ေႏွာင့္ယွက္႐ွာတယ္
နင္ဟာအရင္လိုငါတို႔အတူတူ႐ွိခဲ့တဲ့ၿမိဳ႕ႀကီးမွာပဲလား။
ငါကေတာ့ အဲ့ဒီၿမိဳ႕နဲ႔မိုင္ေပါင္း၆၀၀ေလာက္ေဝးတဲ့
အရပ္မွာ ဆက္လက္အေျခခ်ေနပါတယ္ေပါ့
" သတိရပါတယ္ "
ခ်ေရးျဖစ္ခဲ့ၿပီးေပးမပို႔ျဖစ္ခဲ့တဲ့
အျပာေရာင္စာအိတ္ေတြပါပဲ။
ၿပီးေတာ့ ခ်စ္တယ္ ခ်စ္ပါတယ္ ခ်စ္ခဲ့ရပါတယ္ေပါ့ကြယ္...
ေျပာမျပျဖစ္ခဲ့တဲ့စကားလံုးေတြကိုျပန္ဆံုတဲ့တစ္ေန႔က်
ကုိယ့္မ်က္ဝန္းအိမ္ထဲမွာ လိုက္႐ွာေပးပါေပါ့
ေျပာမယ့္သာေျပာတာပါ အခ်စ္ရယ္
နင္ကအခုဆိုငါ့ကိုေမ့ေနေလာက္ၿပီေပါ့။
နင့္လက္ကိုငါမဟုတ္တဲ့
အျခားတစ္ေယာက္ကတြဲထားေလာက္ေရာေပါ့။
ငါမက္ခြင့္မ႐ွိတဲ့အိမ္မက္ေတြကို
နင္ကအျခားတစ္ေယာက္နဲ႔
အေကာင္အထည္ေဖာ္ေနေလာက္ေရာေပါ့။
အတူတူ႐ွိခဲ့တဲ့အခ်ိန္ေတြဟာေပ်ာ္ခဲ့ရပါတယ္
နင္လည္းေမ့ေမ့ေပ်ာက္ေပ်ာက္...
ငါလည္းေမ့ေမ့ေပ်ာက္ေပ်ာက္...
ႏွစ္တိုင္းဒီလိုအခ်ိန္ စိန္ပန္းေတြပြင့္ရင္ေတာ့
သတိတရ႐ွိေပးေပါ့ကြယ္။

ေျပာမယ့္သာေျပာတာ...
နင္ကအခုဆိုငါ့ကိုေမ့ေနေလာက္ပါၿပီ။

-7.7-

16:40

စိန်ပန်းတွေပွင့်နေပြီ အချစ်ရေ
အပြေးအလွှားအဖြူစိမ်းတွေကြားထဲ
မိုးစက်ကလေးတွေက နှောင့်ယှက်ရှာတယ်
နင်ဟာအရင်လိုငါတို့အတူတူရှိခဲ့တဲ့မြို့ကြီးမှာပဲလား။
ငါကတော့ အဲ့ဒီမြို့နဲ့မိုင်ပေါင်း၆၀၀လောက်ဝေးတဲ့
အရပ်မှာ ဆက်လက်အခြေချနေပါတယ်ပေါ့
" သတိရပါတယ် "
ချရေးဖြစ်ခဲ့ပြီးပေးမပို့ဖြစ်ခဲ့တဲ့
အပြာရောင်စာအိတ်တွေပါပဲ။
ပြီးတော့ ချစ်တယ် ချစ်ပါတယ် ချစ်ခဲ့ရပါတယ်ပေါ့ကွယ်...
ပြောမပြဖြစ်ခဲ့တဲ့စကားလုံးတွေကိုပြန်ဆုံတဲ့တစ်နေ့ကျ
ကိုယ့်မျက်ဝန်းအိမ်ထဲမှာ လိုက်ရှာပေးပါပေါ့
ပြောမယ့်သာပြောတာပါ အချစ်ရယ်
နင်ကအခုဆိုငါ့ကိုမေ့နေလောက်ပြီပေါ့။
နင့်လက်ကိုငါမဟုတ်တဲ့
အခြားတစ်ယောက်ကတွဲထားလောက်ရောပေါ့။
ငါမက်ခွင့်မရှိတဲ့အိမ်မက်တွေကို
နင်ကအခြားတစ်ယောက်နဲ့
အကောင်အထည်ဖော်နေလောက်ရောပေါ့။
အတူတူရှိခဲ့တဲ့အချိန်တွေဟာပျော်ခဲ့ရပါတယ်
နင်လည်းမေ့မေ့ပျောက်ပျောက်...
ငါလည်းမေ့မေ့ပျောက်ပျောက်...
နှစ်တိုင်းဒီလိုအချိန် စိန်ပန်းတွေပွင့်ရင်တော့
သတိတရရှိပေးပေါ့ကွယ်။

ပြောမယ့်သာပြောတာ...
နင်ကအခုဆိုငါ့ကိုမေ့နေလောက်ပါပြီ။

-7.7-

16:40

Rechel's Where stories live. Discover now