43 ( Ama - 2 💙 )

140 14 0
                                    

အစ်မက ကျနော်ချစ်ရတဲ့တစ်ဦးတည်းသောအမျိုးသမီးပဲ။ အစ်မကအချစ်ဦးလေး။ အစ်မက ကျနော့်နှလုံးသားမှာ ဦးစွာပွင့်ဖူးခဲ့တဲ့ အချစ်ပန်းလေး။

မိုးဝင်တော့မယ် အစ်မရေ။ အစ်မနဲ့ကျနော်စသိခဲ့တဲ့အချိန်တွေ နောက်တစ်ဖန်ဖြစ်လာတော့မယ်။ ဆံနွယ်ရှည်ရှည်လေးနဲ့အစ်မက သွားတက်တွေလည်းပိုင်ဆိုင်ထားပြန်တယ်။ တကယ်တော့အစ်မက ကျနော်အမြဲငေးကြည့်နေခဲ့ရတဲ့ တိမ်စိုင်လေး။ အစ်မနဲ့ကျနော်က တူတဲ့အချက်တွေနည်းတယ်။ အပြာရောင်ကြိုက်တာတွေ ကော်ဖီကြိုက်တာတွေ။ ဒီလောက်ပဲတူတယ်။ အစ်မနဲ့ကျနော် စသိပြီးသိပ်မကြာဘူး။ အစ်မမှာသဘောကျရတဲ့ ကျနော်မဟုတ်တဲ့တခြားအမျိုးသားရှိလာတယ်။ အစ်မကမိန်းကလေးပီပီအသက်ကြီးတဲ့လူတွေကို သဘောကျတယ်ထင်တယ်။ ကျနော်ကအစ်မထက်အသက်ငယ်ပြီး မရင့်ကျက်တဲ့ချာတိတ်လေးပဲ။

အစ်မကိုစစသိတော့ အစ်မကတက္ကသိုလ်ဝင်တန်းအောင်ခါစ ကလေးပေါက်စလေး။ အစ်မကကောင်လေးတွေထားလာတယ်။ ကျနော်ကကောင်မလေးတွေထားလာတယ်။ ပြောခဲ့ဖူးသလိုပဲ။ အစ်မနဲ့ကျနော်ကတူတာတွေနည်းပြီး မတူတာတွေများတယ်။ အစ်မကသူထားတဲ့ကောင်လေးတွေကိုတကယ်ချစ်တဲ့ပုံပဲ။ ကျနော်ကတော့အစ်မကိုပဲချစ်တယ်။

အစ်မကနမောနမဲ့နိုင်တဲ့အမျိုးသမီးလေး။ အစ်မကခဏခဏအသည်းကွဲတတ်သေး။ အစ်မမှာကောင်လေးတွေများပေမဲ့ အဲ့ဒီစာရင်းထဲကျနော်မပါခဲ့။ အစ်မက ကျနော့်ရှေ့ဆိုရဲရင့်တဲ့ပုံစံနေနေပေမဲ့ အမှန်တော့အစ်မကနူးညံ့တယ်။ အစ်မငိုတိုင်းကျနော်ပြေးသွားပေမဲ့ အစ်မက ကျနော့်ကိုဘယ်တုန်းကမှမလိုခဲ့ဘူး။ ကျနော်ကအစ်မရဲ့လိုသုံးတောင်ဖြစ်ခွင့်မရခဲ့ဘူး။

အစ်မက လိမ္မာအောင်နေဖို့အမြဲမှာတယ်။ ကျနော်ကထွက်မသွားဖို့အမြဲမှာတယ်။ ကျနော်ကအစ်မစကားနားထောင်ပြီး အစ်မကကျနော့်စကားနားမထောင်ဘူး။
အစ်မမရှိတာ ဒီနေ့နဲ့ဆို ၁ နှစ်ကျော်ပြီ။

အစ်မက ကျ​နော့်ဘဝမှာခဏလာနားတဲ့လိပ်ပြာငယ်လေးဆိုပေမဲ့ ကျနော့်တဘဝစာလုံးမှတ်မိဖို့ လုံလုံလောက်လောက်ကိုလှပတဲ့အတောင်ပံတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ အစ်မရဲ့အတောင်တွေလှနေတယ် လို့ကျနော်ထင်နေခဲ့တာ။ တကယ်တော့ဒါက ကျနော့်ဆီကတစ်ချိန်ချိန်မှာထွက်ခွာသွားနိုင်မယ့် လက်နက်တွေဆိုတာ ကျနော်မေ့နေခဲ့တယ်။

Rechel's Where stories live. Discover now