37

163 17 0
                                    

နွေတွေငိုတော့ဘယ်သူက
တကူးတကဖက်ထားပေးခဲ့သလဲ အကို

ပိတောက်တွေပွင့်တော့ ချစ်ရတဲ့အမျိုးသားက
သူချစ်ရတဲ့အမျိုးသမီးလေးအတွက်
ပန်းတွေတက်ခူးရှာတယ်
သူမဆံနွယ်တွေကို နားရွက်နောက်ဖျား
အသာလေးပို့ပေးရုံနဲ့
မျက်ရည်တွေကျဖို့ လုံလောက်ပါတယ်
နာကျင်ရဖို့ချစ်ခဲ့တာလား
ချစ်ခဲ့လို့နာကျင်ရတာလား အကို
တနင်္လာနေ့မနက်တိုင်းမှာ သူမပြင်ပေးတဲ့
မနက်စာကို စားနေမှာပေါ့
ဗီရိုထဲက အင်္ကျီကိုအသာအယာထုတ်လို့
ကြယ်သီးတွေ တကူးတကကြီးတပ်ပေးနေမယ့်
အကိုပိုင်ဆိုင်တဲ့ မနက်ခင်းတိုင်းကိုမုန်းတယ်
သူမနဲ့အတူရှိတဲ့ အကို့ရဲ့တနေ့တာတိုင်းကိုမုန်းတယ်
အကို့အချစ်တွေအပိုင်စားရထားတဲ့ သူမကိုမုန်းတယ်
သပြေပန်းလေးတွေဘုရားမှာလှူတယ်
ကောင်းမှုကုသိုလ်ဟာ သူမနဲ့မဆိုင်ဘူး
ပါးကွက်ကိုပါးနှစ်ဖက်ပေါ်တင်တယ်
ဒါပေမဲ့ အကိုက ပြုံးတောင်မပြဘူး
မပိုင်ဆိုင်ရတဲ့နွေဦးတိုင်းမှာ ငိုရတယ်
တကယ်ဆိုအကိုဟာ ဓားတစ်လက်
သူမကိုပြုံးပြနေရုံနဲ့ ဒီလူမှာ
အလိုက်သင့်နာကျင်ပေးရတယ်
ရုပ်သေးဖြစ်လည်းရပါတယ် ပြောရဲ့သားနဲ့
အကိုက ညီမကိုစွန့်ပစ်တယ်
သူမ ဝမ်းနည်းတာကအစ
အကိုကပြာယာခက်တော့
ညီမကမ္ဘာက
အကိုအသိအမှတ်မပြုရင်တောင်ပြိုရတယ်

အကိုသိလား ညီမလေ..
ငေးကြည့်ရတဲ့ဇာတ်ဝင်ခန်းတွေကို စိတ်ကုန်နေပြီ
လွတ်ထွက်သွားတဲ့ လက်တွေကိုဆွဲထားပေးပါလား
ဇာတ်သိမ်းကလှ​တော့ လူတွေကပျော်တယ်
ဗီလိန်တွေငိုတာ ဘယ်သူနဲ့မှမဆိုင်သလို..

လွင့်စင်လာတဲ့ပိတောက်တွေကိုကျ
အကိုကဖက်ထားတယ်
နွေတွေငိုတော့ အကိုကအရေးမလုပ်။

တကယ်တော့
ညီမဟာ အကို့ရဲ့နွေ........

#meldian

ႏြေေတြငိုေတာ့ဘယ္သူက
တကူးတကဖက္ထားေပးခဲ့သလဲ အကို

ပိေတာက္ေတြပြင့္ေတာ့ ခ်စ္ရတဲ့အမ်ိဳးသားက
သူခ်စ္ရတဲ့အမ်ိဳးသမီးေလးအတြက္
ပန္းေတြတက္ခူးရွာတယ္
သူမဆံႏြယ္ေတြကို နား႐ြက္ေနာက္ဖ်ား
အသာေလးပို႔ေပး႐ုံနဲ႕
မ်က္ရည္ေတြက်ဖိဳ႕ လုံေလာက္ပါတယ္
နာက်င္ရဖို႔ခ်စ္ခဲ့တာလား
ခ်စ္ခဲ့လို႔နာက်င္ရတာလား အကို
တနလၤာေန႕မနက္တိုင္းမွာ သူမျပင္ေပးတဲ့
မနက္စာကို စားေနမွာေပါ့
ဗီရိုထဲက အကၤ်ီကိုအသာအယာထုတ္လို႔
ၾကယ္သီးေတြ တကူးတကႀကီးတပ္ေပးေနမယ့္
အကိုပိုင္ဆိုင္တဲ့ မနက္ခင္းတိုင္းကိုမုန္းတယ္
သူမနဲ႕အတူရွိတဲ့ အကို႔ရဲ႕တေန႕တာတိုင္းကိုမုန္းတယ္
အကို႔အခ်စ္ေတြအပိုင္စားရထားတဲ့ သူမကိုမုန္းတယ္
သေျပပန္းေလးေတြဘုရားမွာလႉတယ္
ေကာင္းမႈကုသိုလ္ဟာ သူမနဲ႕မဆိုင္ဘူး
ပါးကြက္ကိုပါးႏွစ္ဖက္ေပၚတင္တယ္
ဒါေပမဲ့ အကိုက ၿပဳံးေတာင္မျပဘူး
မပိုင္ဆိုင္ရတဲ့ႏြေဦးတိုင္းမွာ ငိုရတယ္
တကယ္ဆိုအကိုဟာ ဓားတစ္လက္
သူမကိုၿပဳံးျပေန႐ုံနဲ႕ ဒီလူမွာ
အလိုက္သင့္နာက်င္ေပးရတယ္
႐ုပ္ေသးျဖစ္လည္းရပါတယ္ ေျပာရဲ႕သားနဲ႕
အကိုက ညီမကိုစြန့္ပစ္တယ္
သူမ ဝမ္းနည္းတာကအစ
အကိုကျပာယာခက္ေတာ့
ညီမကမၻာက
အကိုအသိအမွတ္မျပဳရင္ေတာင္ၿပိဳရတယ္

အကိုသိလား ညီမေလ..
ေငးၾကည့္ရတဲ့ဇာတ္ဝင္ခန္းေတြကို စိတ္ကုန္ေနၿပီ
လြတ္ထြက္သြားတဲ့ လက္ေတြကိုဆြဲထားေပးပါလား
ဇာတ္သိမ္းကလွ​ေတာ့ လူေတြကေပ်ာ္တယ္
ဗီလိန္ေတြငိုတာ ဘယ္သူနဲ႕မွမဆိုင္သလို..

လြင့္စင္လာတဲ့ပိေတာက္ေတြကိုက်
အကိုကဖက္ထားတယ္
ႏြေေတြငိုေတာ့ အကိုကအေရးမလုပ္။

တကယ္ေတာ့
ညီမဟာ အကို႔ရဲ႕ႏြေ........

#meldian

Rechel's Where stories live. Discover now