41 ( Ama 💙 )

173 11 1
                                    

ကောင်းကင်တွေက လိမ်တတ်တယ် လို့ထင်လား အစ်မ။
တနေ့တမျိုးမရိုးနိုင်အောင် ပြောင်းလဲတတ်တဲ့အပြင်
တခါတရံ ရောင်စဉ်ခုနှစ်မျိုးနဲ့
ကြယ်တွေပါလာရှုပ်တတ်တယ်မဟုတ်လား။
ကျနော်ကတော့ကောင်းကင်တွေ
လိမ်တတ်တယ်လို့ထင်တယ် အစ်မ။
စကားမစပ် ...
ကျနော်နဲ့ပင်လယ်ခရီးတွေသွားမယ်
ဆိုတာရော မှတ်မိသေးလား။

ပျော်ပါစေ........
အဝေးကြီးကလွှင့်လိုက်တဲ့ စကားတွေပဲ
နားနဲ့လည်းကြားပါ
စိတ်နဲ့လည်းကြားပါပေါ့ အစ်မရယ်။
ကျနော့်မှာတော့ ဦးနှောက်နဲ့လည်းလွမ်းရတယ်
စိတ်နဲ့လည်း လွမ်းရတယ်
မြို့ကြီးနဲ့ချီပြီးလည်း လွမ်းရပါတယ်
အစ်မ,မရှိတော့တဲ့မြို့ကို ပြန်ရောက်
အစ်မခြေရာတွေပြန်ကောက်ရင်း
အစ်မ,မရှိတဲ့မြို့မှာ အရက်သမားလုံးလုံးဖြစ်နေပါပြီပေါ့။
သတင်းတွေမကြားပေမဲ့
အစ်မအဆင်ပြေနေကြောင်းတော့ သိပါတယ်။
ခေါင်းလျှော်ပြီးတိုင်း
ရေခြောက်အောင်သုတ်ပေးမယ့်လူကို
မေတ္တာတွေပို့ရပါတယ် ...
နေမကောင်းတိုင်းပြုစုပေးမယ့်လူကို
မေတ္တာတွေပို့ရပါတယ်  ...
အစ်မကိုပျော်အောင်ထားပေးမယ့်လူကို
မေတ္တာတွေပို့ရပါတယ် ...
နေကောင်းပါစေ ... ကျန်းမာပါစေ ...
အစ်မနားမှာအကြာကြီးရှိနေနိုင်ပါစေပေါ့။
ကျနော်နဲ့မပျော်ခဲ့ရတာတွေ
သူနဲ့မှအတိုးချပြီးပျော်ပါကွယ်။
ပေးနိုင်တဲ့ချစ်မေတ္တာတွေ ဒါအကုန်ပါပဲလို့ပြောရင်
အစ်မတော့ကျနော့်အပေါ် အမုန်းတွေထပ်နေရော့မယ်။
အပြစ်ကြွေးတွေဆပ်ချင်လို့ပါ
နောက်ဘဝလည်းမဝေးကြေးပေါ့။
ဆေးလိပ်နဲ့အရက်တွေ နင်းကန်သောက်မယ်
နောက်ဘဝကိုအစ်မထက်အရင်သွားပြီး
သံသရာတစ်ထောင့်မှာ
အိမ်လေးတစ်အိမ်ဆောက်ထားချင်တယ်။
ဝရံတာကို မိုးပြာရောင်လေးသုတ်ပြီး
စာအုပ်စင်လေးလည်း ထားချင်တယ်။
အစ်မနဲ့တူတဲ့သမီးလေးတွေ မွေးရင်း
မိသားစုဓာတ်ပုံကိုဧည့်ခန်းမှာ ချိတ်ထားမယ်။
မက်ဖို့ပဲတတ်နိုင်ခဲ့တဲ့ အိမ်မက်တွေဟာ
သိပ်ကိုလှခဲ့ပါတယ်ပေါ့။

စကားမစပ် ... ကျနော်နဲ့
ပင်လယ်ခရီးတွေ သွားမယ်ဆိုတာရော မှတ်မိသေးလား။
ကောင်းကင်က ကမ္ဘာကြီးကိုလိမ်တယ်
အစ်မက ကျနော့်ကို ..... ..... ..... ။        ။

#အစ်မကကောင်းကင်ဆန်တယ်
#by_Meldian

ေကာင္းကင္ေတြက လိမ္တတ္တယ္ လို႔ထင္လား အစ္မ။
တေန႕တမ်ိဳးမရိုးနိုင္ေအာင္ ေျပာင္းလဲတတ္တဲ့အျပင္
တခါတရံ ေရာင္စဥ္ခုႏွစ္မ်ိဳးနဲ႕
ၾကယ္ေတြပါလာရႈပ္တတ္တယ္မဟုတ္လား။
က်ေနာ္ကေတာ့ေကာင္းကင္ေတြ
လိမ္တတ္တယ္လို႔ထင္တယ္ အစ္မ။
စကားမစပ္ ...
က်ေနာ္နဲ႕ပင္လယ္ခရီးေတြသြားမယ္
ဆိုတာေရာ မွတ္မိေသးလား။

ေပ်ာ္ပါေစ........
အေဝးႀကီးကလႊင့္လိုက္တဲ့ စကားေတြပဲ
နားနဲ႕လည္းၾကားပါ
စိတ္နဲ႕လည္းၾကားပါေပါ့ အစ္မရယ္။
က်ေနာ့္မွာေတာ့ ဦးႏွောက္နဲ႕လည္းလြမ္းရတယ္
စိတ္နဲ႕လည္း လြမ္းရတယ္
ၿမိဳ႕ႀကီးနဲ႕ခ်ီၿပီးလည္း လြမ္းရပါတယ္
အစ္မ,မရွိေတာ့တဲ့ၿမိဳ႕ကို ျပန္ေရာက္
အစ္မေျခရာေတြျပန္ေကာက္ရင္း
အစ္မ,မရွိတဲ့ၿမိဳ႕မွာ အရက္သမားလုံးလုံးျဖစ္ေနပါၿပီေပါ့။
သတင္းေတြမၾကားေပမဲ့
အစ္မအဆင္ေျပေနေၾကာင္းေတာ့ သိပါတယ္။
ေခါင္းေလွ်ာ္ၿပီးတိုင္း
ေရေျခာက္ေအာင္သုတ္ေပးမယ့္လူကို
ေမတၱာေတြပို႔ရပါတယ္ ...
ေနမေကာင္းတိုင္းျပဳစုေပးမယ့္လူကို
ေမတၱာေတြပို႔ရပါတယ္  ...
အစ္မကိုေပ်ာ္ေအာင္ထားေပးမယ့္လူကို
ေမတၱာေတြပို႔ရပါတယ္ ...
ေနေကာင္းပါေစ ... က်န္းမာပါေစ ...
အစ္မနားမွာအၾကာႀကီးရွိေနနိုင္ပါေစေပါ့။
က်ေနာ္နဲ႕မေပ်ာ္ခဲ့ရတာေတြ
သူနဲ႕မွအတိုးခ်ၿပီးေပ်ာ္ပါကြယ္။
ေပးနိုင္တဲ့ခ်စ္ေမတၱာေတြ ဒါအကုန္ပါပဲလို႔ေျပာရင္
အစ္မေတာ့က်ေနာ့္အေပၚ အမုန္းေတြထပ္ေနေရာ့မယ္။
အျပစ္ေႂကြးေတြဆပ္ခ်င္လို႔ပါ
ေနာက္ဘဝလည္းမေဝးေၾကးေပါ့။
ေဆးလိပ္နဲ႕အရက္ေတြ နင္းကန္ေသာက္မယ္
ေနာက္ဘဝကိုအစ္မထက္အရင္သြားၿပီး
သံသရာတစ္ေထာင့္မွာ
အိမ္ေလးတစ္အိမ္ေဆာက္ထားခ်င္တယ္။
ဝရံတာကို မိုးျပာေရာင္ေလးသုတ္ၿပီး
စာအုပ္စင္ေလးလည္း ထားခ်င္တယ္။
အစ္မနဲ႕တူတဲ့သမီးေလးေတြ ေမြးရင္း
မိသားစုဓာတ္ပုံကိုဧည့္ခန္းမွာ ခ်ိတ္ထားမယ္။
မက္ဖို႔ပဲတတ္နိုင္ခဲ့တဲ့ အိမ္မက္ေတြဟာ
သိပ္ကိုလွခဲ့ပါတယ္ေပါ့။

စကားမစပ္ ... က်ေနာ္နဲ႕
ပင္လယ္ခရီးေတြ သြားမယ္ဆိုတာေရာ မွတ္မိေသးလား။
ေကာင္းကင္က ကမၻာႀကီးကိုလိမ္တယ္
အစ္မက က်ေနာ့္ကို ..... ..... ..... ။        ။

#အစ္မကေကာင္းကင္ဆန္တယ္
#by_Meldian
#06May2020

Rechel's Where stories live. Discover now