48

128 15 2
                                    

စိတ်တွေလွတ်ထွက်သွားတဲ့တစ်နေ့တော့
အရမ်းတွေလွမ်းနေခဲ့တာသိရဲ့လား လို့
ငိုသံကြီးနဲ့ဖုန်းခေါ်ပါဦးမယ်။

ပြောရရင် စိတ်ပူတယ်
နေရာလပ်သွားတဲ့
ခင်ဗျားနှလုံးသားလေးအေးစက်နေမှာ စိုးတယ်။

အတူရှိခဲ့တဲ့တလျှောက်လုံး
ခင်ဗျားနာကျင်မှုတွေထုတ်မပြဖူးဘူးမဟုတ်လား။

အခုတော့ တစ်ယောက်သောသူဟာ
ကျနော့်ကြောင့်ရတဲ့ဒဏ်ရာတွေကိုပိုက်လို့
ဟိုးအဝေးတစ်နေရာမှာ။

ပြန်လာဖို့မတောင်းဆိုချင်တော့ဘူး
တကယ်ဆို ကျနော့်ကြောင့်ရော ပျော်ခဲ့ဖူးရဲ့လား။

သူဝတ်ဖို့အကျီဝယ်တာကအစ
ကိုယ်ကြိုက်တဲ့အရောင်လေး.....။

မေးချင်တယ်...
ခင်ဗျားဘဝနဲ့ခင်ဗျားရော ရှင်သန်ဖူးရဲ့လား။

လမ်းခွဲပြတ်စဲပြီးရင်တော့ ပျော်နေလိုက်ပါ
အပြစ်ရှိသူမို့ ပြန်လာစေချင်တဲ့စကားတွေမပြောတော့ဘူး။

မေမြို့က နေကြာပန်းခင်း​တွေကို
အခွင့်ရှိရင်တော့
အတူတကွသွားရောက်ကြည့်ရှူချင်ပါသေးတယ်။

Camera တစ်လုံးနဲ့ ကျနော့်ပုံရိပ်တွေကို
လှလှပပဖော်ပေးနေမယ့် ခင်ဗျားကို
ကြင်ကြင်နာနာငေးကြည့်ချင်ပါသေးတယ်။

ဒါပေမဲ့လည်း အခွင့်တွေမှမရှိတော့ဘဲ
ရေစက်တွေလည်းကုန်ပြီထင်ပါတယ် ခင်ဗျားရယ်။

နာရီနဲ့ချီပြီး ပြောခဲ့တဲ့ဖုန်းတွေရှိတယ်
မိနစ်နဲ့ချီပြီး ပြောခဲ့တဲ့ဖုန်းတွေရှိတယ်
ဘယ်နေရာရောက်နေလို့ ၊ ဘာလုပ်နေလို့ပါ ဆိုပြီး
အသိပေးအကြောင်းကြားတဲ့
စက္ကန့်စာဖုန်းကောလ်တွေလည်းရှိတယ်။

အခုမှသတိရကြောင်းတွေ
အသိပေးခွင့်မရတော့တဲ့အခါ
ကျနော်ရူးမတတ်ဖြစ်တာ မဆန်းဘူးမဟုတ်လား။

စိတ်တွေလွတ်ထွက်သွားတဲ့ တစ်နေ့တော့
မူးမူးနဲ့ဖုန်းခေါ်ပါဦးမယ်
မပြောရဲတဲ့စကားတွေကို
ပြောဖြစ်အောင်ပြောပြပါဦးမယ်

ဥပမာ-
ပြန်လာခဲ့ပါ လွမ်းလို့ တို့ ၊ တောင်းပန်ပါတယ် တို့ပေါ့။

#meldian_rêveuse
#04June2020

စိတ္ေတြလြတ္ထြက္သြားတဲ့တစ္ေန႕ေတာ့
အရမ္းေတြလြမ္းေနခဲ့တာသိရဲ႕လား လို႔
ငိုသံႀကီးနဲ႕ဖုန္းေခၚပါဦးမယ္။

ေျပာရရင္ စိတ္ပူတယ္
ေနရာလပ္သြားတဲ့
ခင္ဗ်ားႏွလုံးသားေလးေအးစက္ေနမွာ စိုးတယ္။

အတူရွိခဲ့တဲ့တေလွ်ာက္လုံး
ခင္ဗ်ားနာက်င္မႈေတြထုတ္မျပဖူးဘူးမဟုတ္လား။

အခုေတာ့ တစ္ေယာက္ေသာသူဟာ
က်ေနာ့္ေၾကာင့္ရတဲ့ဒဏ္ရာေတြကိုပိုက္လို႔
ဟိုးအေဝးတစ္ေနရာမွာ။

ျပန္လာဖို႔မေတာင္းဆိုခ်င္ေတာ့ဘူး
တကယ္ဆို က်ေနာ့္ေၾကာင့္ေရာ ေပ်ာ္ခဲ့ဖူးရဲ႕လား။

သူဝတ္ဖို႔အက်ီဝယ္တာကအစ
ကိုယ္ႀကိဳက္တဲ့အေရာင္ေလး.....။

ေမးခ်င္တယ္...
ခင္ဗ်ားဘဝနဲ႕ခင္ဗ်ားေရာ ရွင္သန္ဖူးရဲ႕လား။

လမ္းခြဲျပတ္စဲၿပီးရင္ေတာ့ ေပ်ာ္ေနလိုက္ပါ
အျပစ္ရွိသူမို႔ ျပန္လာေစခ်င္တဲ့စကားေတြမေျပာေတာ့ဘူး။

ေမၿမိဳ႕က ေနၾကာပန္းခင္း​ေတြကို
အခြင့္ရွိရင္ေတာ့
အတူတကြသြားေရာက္ၾကည့္ရႉခ်င္ပါေသးတယ္။

Camera တစ္လုံးနဲ႕ က်ေနာ့္ပုံရိပ္ေတြကို
လွလွပပေဖာ္ေပးေနမယ့္ ခင္ဗ်ားကို
ၾကင္ၾကင္နာနာေငးၾကည့္ခ်င္ပါေသးတယ္။

ဒါေပမဲ့လည္း အခြင့္ေတြမွမရွိေတာ့ဘဲ
ေရစက္ေတြလည္းကုန္ၿပီထင္ပါတယ္ ခင္ဗ်ားရယ္။

နာရီနဲ႕ခ်ီၿပီး ေျပာခဲ့တဲ့ဖုန္းေတြရွိတယ္
မိနစ္နဲ႕ခ်ီၿပီး ေျပာခဲ့တဲ့ဖုန္းေတြရွိတယ္
ဘယ္ေနရာေရာက္ေနလို႔ ၊ ဘာလုပ္ေနလို႔ပါ ဆိုၿပီး
အသိေပးအေၾကာင္းၾကားတဲ့
စကၠန့္စာဖုန္းေကာလ္ေတြလည္းရွိတယ္။

အခုမွသတိရေၾကာင္းေတြ
အသိေပးခြင့္မရေတာ့တဲ့အခါ
က်ေနာ္႐ူးမတတ္ျဖစ္တာ မဆန္းဘူးမဟုတ္လား။

စိတ္ေတြလြတ္ထြက္သြားတဲ့ တစ္ေန႕ေတာ့
မူးမူးနဲ႕ဖုန္းေခၚပါဦးမယ္
မေျပာရဲတဲ့စကားေတြကို
ေျပာျဖစ္ေအာင္ေျပာျပပါဦးမယ္

ဥပမာ-
ျပန္လာခဲ့ပါ လြမ္းလို႔ တို႔ ၊ ေတာင္းပန္ပါတယ္ တို႔ေပါ့။

#meldian_rêveuse
#04June2020

Rechel's Where stories live. Discover now