9 ( alien )

796 76 4
                                    

ကိုယ့်​ကိုမလွမ်းနဲ့​တော့...သတိလည်းမရနဲ့​တော့...
ဖုန်း​တွေလည်းမ​ခေါ်နဲ့...
ကိုယ့် wall ​ထဲလည်း ခဏခဏ မလာနဲ့​တော့...
ကိုယ်​ ပြန်​လာ​တော့မှာ မဟုတ်​ဘူး​နော်​ က​​လေး
လုံးဝ ကိုပြန်​မလာ​တော့ဘူး !
မင်း​စောင့်​မ​နေနဲ့
ချည်​ရာ​တွေများ​နေတဲ့ကြိုးကို
ထပ်​မဆက်​ချင်​​နဲ့​တော့...
စိတ်​ပူ​ပေးမဲ့သူမရှိ​လည်း
ဆေးလိပ်​​တွေ​တော့ ​လျှော့​သောက်​...
စာ​သေချာလုပ်​​တော့ က​လေး...
စိတ်​​တွေလည်းများမ​နေနဲ့​တော့
အ​လေလည်းမလိုက်​နဲ့​တော့...
ရန်​​တွေလည်း​မဖြစ်​နဲ့
လိမ်​လိမ်​မာမာ​နေ​တော့
Coffee ​တွေမ​သောက်​နဲ့...
နှလုံး​​ဆေးပဲ ပုံမှန်​​သောက်
စိတ်​ချမ်းသာ​အောင်​​နေ...
family case ​တွေ
ခေါင်းထဲထည့်​မထားနဲ့...
ရင်​ဖွင့်​စရာရှိရင်​ တခြား မင်းသူငယ်​ချင်း​တွေဆီရင်​ဖွင့်
ကိုယ်​က​တော့နား​ထောင်​​ပေးနိုင်​မှာမဟုတ်​ဘူး
တ​ယောက်ထဲလည်း မခံစားနဲ့
နွေရာသီမှာဆို အပြင်​သိပ်​မထွက်​နဲ့
ဆောင်းမှာဆို ​နွေး​နွေး​ထွေး​ထွေး​နေ
မိုးရာသီ​​ရောက်ရင်​​ မိုးမမိ​အောင်​​လည်း​နေ
ခဏခဏ မဖျား​အောင်​လည်း​နေပါ...
အရင်​လို ​ပျော်​​အောင်​ပြန်​​နေ
ဘာမဟုတ်​တဲ့ကိုယ့်​လိုလူအတွက်
ခံစားမ​နေနဲ့​တော့...
ကိုယ်​လည်းခံစား​နေမှာမဟုတ်​မှန်း မင်းသိပါတယ်
မချစ်​​တော့လို့ ထားခဲ့တာလို့ ​ပြောခဲ့ပြီးပြီပဲ
ကိုယ့်​​ကို မင်းစိတ်​နာလိုက်​​တော့...
ဒီနှစ်​ထဲမှာ ရည်းစား​တွေလည်း​လျှော့ထား !
စာပုံမှန်​လုပ်​...မင်းကြိုးစားရင်​ဖြစ်​ပါတယ်​ကွယ်​...
တ​နေ့ငါ့ကို မင်း​မေ့သွားနိုင်လိမ့်​မယ်​ လို့မင်း​မှတ်​ထား ။
ကိုယ်​နဲ့မသိ​သေးခင်​ လွန်​ခဲ့တဲ့ နှစ်​ နှစ်​ကိုပြန်​သွား
သူစိမ်း​တွေလို ပြန်​​နေကြမယ်
လမ်း​တွေ့ရင်​လည်း မသိချင်​​ယောင်​​ဆောင်​ပြီး
နှစ်​​ယောက်​စလုံး ​ကျော်​သွားကြမယ်​...
အရာအားလုံးဟာ အိမ်​မက်​ပဲ က​လေး
မြူခိုး​တွေလို ​ပျောက်​ကွယ်​သွားပြီ
လိုက်​ဖမ်းဆုပ်​ဖို့မကြိုးစားနဲ့​တော့
ကိုယ်​က ​ကျောခိုင်းပြီးရင်​ ပြန်​လှည့်​မကြည့်​တတ်​မှန်း
မင်းအသိဆုံးပါ က​လေး...
ကိုယ်​ ပြန်​လှည့်​ကြည့်​မှာမဟုတ်​လို့
မင်းလည်းစိုက်ကြည့်​မ​နေနဲ့​တော့
မင်း​နေ​ကောင်းကျန်းမာဖို့
ဆု​တောင်း​မေတ္တာပို့သ​ပေးဖို့က ကိုယ့်​အပိုင်း
ကိုယ့်​ကို​မေ့နိုင်​ဖို့က မင်းအပိုင်း
မင်းလုပ်​နိုင်​ပါတယ်
ကိုယ်​မင်းကို ယုံတယ်​ . . .

Rechel's Where stories live. Discover now