40

130 13 0
                                    

မင်းတွေးမိပါ့မလား?
ဝေးသွားပြီဖြစ်တဲ့ကောင်မလေးက
မင်းကိုရည်ရွယ်တဲ့ စာတွေသီကုံးနေကြောင်းလေ။

ဒီနှစ်မိုးက သိပ်မရွာဘူးသိလား
ငါမဟုတ်တဲ့
တခြားရင်ခွင်မှာရော မိုးတွေသည်းရဲ့လား။

ထီးတစ်ချောင်းအောက် အတူတူလျှောက်ခဲ့တဲ့နေ့တွေ
မေ့မသွားဖို့ ငါတောင်းဆိုပါရစေ...

မင်းဆိုတဲ့သစ်ရွက်မှာ
တွဲလောင်းခိုနေတဲ့မိုးစက်ကလေးဟာ ငါပါပေါ့

လွှတ်ချချင်ခဲ့တာတွေမမြင်ခဲ့လို့ တောင်းပန်ပါတယ်
ငါချစ်သလို မင်းလည်းချစ်မှာ လို့
ထင်နေမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်

တောင်းပန်စရာတွေတော့အများကြီးပဲ
မင်းမလိုချင်တဲ့မေတ္တာတွေ
တကူးတကပေးခဲ့မိလို့လည်း
တောင်းပန်ပါတယ် ချစ်သောရယ်။

ပြန်လိုချင်တာပေါ့
ငါ့မှာ မင်းမရှိလို့မဖြစ်ပေမဲ့လည်း
မင်းမှာ ငါရှိနေလို့မှမဖြစ်ခဲ့တာ။

အမှတ်တရတွေ ဒိုင်ယာရီကြားထဲ
ညှပ်ထည့်ထားတယ်
မေ့သွားပါပြီ လို့တတွတ်တွတ်ပြောနေခဲ့လည်း
ပြန်ဖတ်တိုင်းငိုနေတုန်းပဲ။

ဆူးစူးမှာမကြောက်ပေမဲ့
မင်းပြန်မချစ်မှာတော့ကြောက်တယ်
ချစ်ရတဲ့တဖက်သတ်​လေး
ဖျားနာနေမှာလည်း စိတ်ပူတယ်။

​ချစ်မေတ္တာတွေမလိုချင်မှန်းသိလို့
ဂရုစိုက်မှုတွေပေးတော့လည်း
မင်းက " မွန်းကြပ်တယ် " တဲ့...

ခေါက်ထားတဲ့ကြယ်တွေ
ဖွင့်မကြည့်တော့မှန်းသိပါတယ်
ပို့ထားတဲ့စာတွေ
ဖွင့်မဖတ်တော့မှန်းသိပါတယ်

ဒါပေမဲ့လည်း ... အခုထိ ငါက ...
မင်းကိုရည်ရွယ်တဲ့ စာတွေသီကုံးနေတုန်းပါပဲ...။

#Meldian

မင္းေတြးမိပါ့မလား?
ေဝးသြားၿပီျဖစ္တဲ့ေကာင္မေလးက
မင္းကိုရည္႐ြယ္တဲ့ စာေတြသီကုံးေနေၾကာင္းေလ။

ဒီႏွစ္မိုးက သိပ္မ႐ြာဘူးသိလား
ငါမဟုတ္တဲ့
တျခားရင္ခြင္မွာေရာ မိုးေတြသည္းရဲ႕လား။

ထီးတစ္ေခ်ာင္းေအာက္ အတူတူေလွ်ာက္ခဲ့တဲ့ေန႕ေတြ
ေမ့မသြားဖို႔ ငါေတာင္းဆိုပါရေစ...

မင္းဆိုတဲ့သစ္႐ြက္မွာ
တြဲေလာင္းခိုေနတဲ့မိုးစက္ကေလးဟာ ငါပါေပါ့

လႊတ္ခ်ခ်င္ခဲ့တာေတြမျမင္ခဲ့လို႔ ေတာင္းပန္ပါတယ္
ငါခ်စ္သလို မင္းလည္းခ်စ္မွာ လို႔
ထင္ေနမိခဲ့တဲ့အတြက္ ေတာင္းပန္ပါတယ္

ေတာင္းပန္စရာေတြေတာ့အမ်ားႀကီးပဲ
မင္းမလိုခ်င္တဲ့ေမတၱာေတြ
တကူးတကေပးခဲ့မိလို႔လည္း
ေတာင္းပန္ပါတယ္ ခ်စ္ေသာရယ္။

ျပန္လိုခ်င္တာေပါ့
ငါ့မွာ မင္းမရွိလို႔မျဖစ္ေပမဲ့လည္း
မင္းမွာ ငါရွိေနလို႔မွမျဖစ္ခဲ့တာ။

အမွတ္တရေတြ ဒိုင္ယာရီၾကားထဲ
ညွပ္ထည့္ထားတယ္
ေမ့သြားပါၿပီ လို႔တတြတ္တြတ္ေျပာေနခဲ့လည္း
ျပန္ဖတ္တိုင္းငိုေနတုန္းပဲ။

ဆူးစူးမွာမေၾကာက္ေပမဲ့
မင္းျပန္မခ်စ္မွာေတာ့ေၾကာက္တယ္
ခ်စ္ရတဲ့တဖက္သတ္​ေလး
ဖ်ားနာေနမွာလည္း စိတ္ပူတယ္။

​ခ်စ္ေမတၱာေတြမလိုခ်င္မွန္းသိလို႔
ဂ႐ုစိုက္မႈေတြေပးေတာ့လည္း
မင္းက " မြန္းၾကပ္တယ္ " တဲ့...

ေခါက္ထားတဲ့ၾကယ္ေတြ
ဖြင့္မၾကည့္ေတာ့မွန္းသိပါတယ္
ပို႔ထားတဲ့စာေတြ
ဖြင့္မဖတ္ေတာ့မွန္းသိပါတယ္

ဒါေပမဲ့လည္း ... အခုထိ ငါက ...
မင္းကိုရည္႐ြယ္တဲ့ စာေတြသီကုံးေနတုန္းပါပဲ...။

#Meldian

Rechel's Where stories live. Discover now