5 ( fangirl feeling )

1.1K 94 0
                                    

ရှင့်​သွား​လေးရယ်​​ပေါ့...
အ​ရေးပါတာ​တွေပါ သိတယ်
ရှင်​တွေ့​​မှာမဟုတ်​ဘူး...
ရှင်​သိလာမှာမဟုတ်​ဘူး...
လက်​လှမ်းပြ​နေတာဟာ..
သိလာဖို့လည်း မရှိဘူး...
ထိုနည်းလည်း​ကောင်းပဲ
လောဘများကြီးသွားလား...?

#1.April.2018

ကျွန်​မဟာ ဘယ်​သူလဲ လို့​မေးရင်​​တော့
ရှင်​့ရဲ့ဖြစ်​တည်​မှုသက်​သက်​ကို​ငေးကြည်​့​နေတဲ့
လူ​ထောင်​သောင်​း​ပေါင်​းများစွာထဲက
တ​​ယောက်​လို့ဆိုမိမှာပဲ...
ကျွန်​မက ရှင်​့ကိုချစ်​တယ်​
ရှင်​့ရဲ့ဖြူစွတ်​စွတ်​လက်​နှစ်​ဖက်​​ပေါ်က ​ထင်​း​နေတဲ့
​သွေး​ကြောစိမ်​းစိမ်​း​လေး​တွေရယ်​
ရှင်​့ရဲ့ သွယ်​လျတဲ့လက်​​ချောင်​း​တွေရယ်​
​နောက်​ပြီး...နက်​လွန်​းတဲ့ရှင်​့ပါးချိုင်​့​တွေရယ်​​
​မွေးကတည်​းက စီစရာမလိုဘဲ ညီ​နေတဲ့
ရှင်​့သွား​လေးရယ်​​ပေါ့...
ဘာဆိုဘာနဲ့မှမလဲနိုင်​ပါဘူးကွယ်​
ရှင်​က ရှင်​မို့လို့ကို ချစ်​​နေရတာ...
ရှင်​နဲ့ကျွန်​မဘဝက​ဝေးလွန်​းပါတယ်​....
ပိုင်​ဆိုင်​ဖို့ကြိုးစား​နေရမှာထက်​
အပြင်​မှာတခါ​လောက်​မြင်​ဖူးဖို့ကို
ပိုပြီးကြိုးစား​နေရတယ်​...
ရှင်​က​တော့ကျွန်​မဖြစ်​တည်​မှုကိုသိမှာမဟုတ်​​ပေမဲ့
ကျွန်​မက​တော့ရှင်​့ဖြစ်​တည်​မှုရဲ့
အ​ရေးပါတာ​တွေပါ သိတယ်​
​coffee ​တွေသိပ်​မ​သောက်​ပါနဲ့ရှင်​ရယ်​...လို့
IG မှာ အခွန်​း၂၀​လောက်​သွား​ပြောထားလည်​း
ရှင်​တွေ့​​မှာမဟုတ်​ဘူး...
ရှင်​သိလာမှာမဟုတ်​ဘူး...
ဘယ်​​တော့မှ ကိုယ်​့ကိုမြင်​မှာမဟုတ်​တဲ့သူကို
လက်​လှမ်​းပြ​နေတာဟာ..
ကျွန်​မရူးတာပဲ လို့ကျွန်​မကို ကျွန်​မလည်​းထင်​တယ်​
ရှင်​က လွဲပြီး ကျွန်​မကို မြင်​တဲ့သူ​တွေလည်​း ထင်​တယ်​
11:11 p.m မှာ ရှင်​နဲ့​တွေ့ရပါလို၏ လို့​ဆု​တောင်​းပြီး
​နောက်​တခါနာရီကြည်​့လို့ 11:13 p.m မြင်​ရင်​
ဆု​တောင်​းပြည်​့ပြီ ဆိုပြီးညတိုင်​းလိုလို ကျွန်​မရဲ့
ရူးသွပ်​မှု​တွေကို ရှင်​သိလာ​မှာမဟုတ်​ဘူး
သိလာဖို့လည်​း မရှိဘူး...
ထိုနည်​းလည်​း​ကောင်​းပဲ
ကြယ်​​ကြွေတိုင်​းလည်​းဆု​တောင်​းဖြစ်​ပါတယ်​
အများကြီးမ​တောင်​းဆိုပါဘူး
ရှင်​့ကို​တွေ့မြင်​ခွင်​့ရရုံသက်​သက်​ပဲ...
​လောဘများကြီးသွားလား...?
ရှင်​့ fangirl တ​ယောက်​အ​နေနဲ့
ဒါဟာကျွန်​မ​တောင်​းဆိုသင့်တယ်​လို့ထင်​တယ်​..
ရှင်​နဲ့တစ်​နိုင်​ငံထဲမှာ ရှိ​နေတဲ့ fans ​တွေက လွဲရင်​
တစ်​ကမ္ဘာလုံးက fans ​တွေနဲ့တန်​းတူ
အခွင်​့အ​ရေးမျိုးရပါတယ်​
ရှင်​တို့​ပေးထားတဲ့ ကျွန်​မတို့အ​ပေါ် မူတည်​တဲ့
Nickname ​​တွေနဲ့ အစရှိသည်​ဖြင်​့​ပေါ့...
ကျွန်​မက​တော့....ရှင်​ ​ပေးထားတဲ့
nickname​တွေကို သိပ်​သ​ဘောကျတာ....
​နောက်​ပြီး...ရှင်​့ကိုလည်​းသိပ်​သ​ဘောကျတာ....❤

#1.April.2018

Rechel's Where stories live. Discover now