49(F M R M)

138 13 0
                                    

ချစ်လား လို့မေးတိုင်း
ဟင့်အင်း လို့စနောက်ပြီးပြန်ဖြေတော့
ချစ်ရတဲ့ကောင်လေးက
စိတ်တွေဆိုးတယ်။

ဆံမြိတ်အသေးစားလေးကို
သူ့လက်ချောင်းသွယ်သွယ်တွေနဲ့ တိုးဝေ့တယ်
မကြိုက်ဘူး လို့ပြောပြန်ရင်လည်း
မျက်လုံးလေးမှေးအောင်ရီတတ်သေးတယ်။

စိတ်ဆိုးနေပါတယ် ဆို
ဘာလို့စိတ်ဆိုးနေတာလဲ တဲ့
မင်းcmtတွေကိုသဝန်တိုလို့ပါ လို့ပြန်ဖြေရင်
သဘောထားမကြီးတဲ့မိန်းကလေးလို့မင်းမြင်မှာလား။

မင်းနဲ့ပတ်သက်ရင်တော့ အတ္တကြီးတယ်
စိတ်ဆိုးတိုင်း မင်းစာတွေအများကြီးပို့ပြီး
ချော့တဲ့လူဟာ ကိုယ်ပဲဖြစ်စေချင်တယ်။

လမ်းကူးတိုင်း ကျစ်ကျစ်ပါအောင်
မင်းဆုတ်ကိုင်ထားတဲ့လက်ဖဝါးတစ်ဖက်ဟာ
ကိုယ်ပဲဖြစ်ချင်တယ်။

အေးအတူ ပူအမျှ
မင်းနဲ့ပဲ ဘုရားသွားကျောင်းတက်ရင်း
အတူကြီးပြင်းသွားချင်တယ်။

ချစ်ရတဲ့မင်းအပြင်
တခြားလူသားလေးတွေ ထပ်ပွားချင်တယ်
မင်းနဲ့ခပ်ဆင်ဆင် ကိုယ်နဲ့ခပ်ဆင်ဆင်
ကလေးသားလေးတွေရင်ဝယ်ပိုက်ထားချင်တယ်။

စိတ်ကူးယဥ်ဆန်တဲ့ကောင်မလေးဟာ
မင်းနဲ့အတူတိမ်တွေပေါ်
လမ်းလျှောက်ချင်ပါတယ် တဲ့လေ။

မိုးတွေရွာတော့ရှိတဲ့ထီးကိုခေါက်သိမ်း
ဒရာမာဆန်တာကြိုက်တဲ့ကိုယ့်ကို
အဲ့ဒီလူသားဟာ ရိုမန့်တစ်လည်းဆန်ပြပါတယ်။

အေးစက်နေတဲ့ကိုယ့်လက်တွေကို
သူ့ရင်အုပ်ကျယ်ကျယ်တွေထဲ
အတင်းထည့်သိမ်းထားရှာတယ်။

ဗိုက်အောင့်တတ်တဲ့ကိုယ့်ကို
သူ့ကျောပိုးလွယ်အိတ်လေးထဲမယ်
Air-x လေးလည်းဆောင်ထားတတ်သေး။

အိမ်ပြန်နောက်ကျမှာစိုးလို့
ဖုန်းတဂွမ်းဂွမ်းဆက်တတ်တဲ့
ကောင်လေးဟာ ကိုယ့်အပိုင်တဲ့လား။

ချစ်ရတယ် လူသားရေ
ဒီစာမြင်ရင်ပြုံးနေမှာလား။

ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပဲ လုပ်မယ်ကွာ
ပြတ်လိုက် ပြန်တွဲလိုက်တွေ မလုပ်ကြေး။

Rechel's Where stories live. Discover now