38💛

200 18 1
                                    

ကော်ဖီဆိုင်ထောင့်မှာထိုင်ပြီး
ဆိုင်အ​​ပြင်ကိုတွေတွေလေးငေးနေလိုက်တယ်
ငါ့မှာရှိတာ နင်ဘယ်တော့မှပြန်မလာခြင်းတွေပဲ။

တခြားလူနဲ့မြဲစေချင်ခဲ့တာ
စိတ်ရင်းအမှန်ဆိုပေမဲ့လည်း နာကျင်တယ်
ဖြတ်ခနဲသတိရရင်တောင်
ခေါင်းကိုလွှဲမခါလိုက်ဖို့
ငါတောင်းဆိုပါရစေလား။

နင်နဲ့ စစတွေ့ခဲ့တဲ့အဲ့ဒီညကို
ပြန်ရောက်ရင်တောင်
ငါကတော့အစကနေပြန်ချစ်မိမယ်ထင်တယ်
ဒီလိုဆို ငါနင့်ကိုစာတွေအများကြီးပို့ပြီး
မနှောင့်ယှက်ခဲ့ပါဘူးကွယ်။

ပြန်တွေ့ချင်သေးတယ်
ချစ်ခဲ့ပါတယ် လို့ပြောဖို့ပဲဖြစ်ဖြစ်
တောင်းပန်ပါတယ် လို့ပြောဖို့ပဲဖြစ်ဖြစ်
ငါတကယ်ပြန်တွေ့ချင်သေးတယ်။

ငါလည်းစွန်တွေလို
လွတ်လွတ်လပ်လပ်လေး ပျံချင်မိတယ်
လွှတ်ချလိုက်ရင် ကိုယ်ကိုယ်တိုင်လွတ်ကျသွားမှာကို
ကိုယ်ပဲသိနေခဲ့တယ် ဆိုပါတော့ အချစ်ရယ် ...။

ပြန်လာမယ်မပြောလည်း စောင့်နေခဲ့တယ်
လတွေကျော်လို့ နှစ်တောင်ချီပြီ
ငါ့မှာနင်မရှိလို့ မဖြစ်ပေမဲ့
နင်ကတော့ငါ့ကိုမသိလည်း ဖြစ်ခဲ့တယ်။

မီးစိမ်းလေးတောင်မမြင်ရလည်း
အသားကျနေပါပြီပေါ့
နှလုံးသားကတော့ နင်မဟုတ်တဲ့
အပြင်လူဆို ကန့်သတ်ထားတုန်း ...။

လွမ်းတယ်...
ရထားတစ်စင်းလို ပြန်တက်မလာတော့မယ့်
ခရီးသည်ကိုစောင့်တဲ့စိတ်မျိုးနဲ့ လွမ်းတယ်။

အခွင့်ရှိရင် နင့်နဖူးကိုအသာလေးနမ်းချင်သေးတယ်
ပြန်လာဖြစ်ခဲ့ရင်
ဟင့်အင်း သိပ်မစောင့်လိုက်ရပါဘူး လို့
ညာချင်သေးတယ်
ဟာသတွေပြောရင် ပျော်သွားမယ့်
နင့်အပျော်တွေကို ရင်ဝယ်ပိုက်ထားချင်သေးတယ်။

လောကကြီးကလည်း...
အကြာကြီးချစ်ရတဲ့လူတွေအတွက်ကျတော့
ဘာမှပြန်မပေးဘူး
ငါကတော့ လောကကြီးကိုသိပ်မုန်းတာပဲ
ငါကလည်းထူးဆန်းတယ်
တလောကလုံးကိုမုန်းတယ် နင်မပါဘူး တဲ့လေ။

happy ending တွေမှရွေးကြည့်တတ်တဲ့
နင်ကတော့ မင်းသားနဲ့မင်းသမီးညားလို့ပျော်နေမှာပဲ
အရံတွေဘေးထွက်ရတာ
သဘာဝပဲလို့ နင်ထင်နေမှာပဲ။

Rechel's Where stories live. Discover now