32

204 16 1
                                    

မီးပံုးေတြလႊတ္တင္ေနၾကၿပီ အကို
ညီမရဲ႕ေလးလြန္းတဲ့အလြမ္းေတြကို
သူတို႔သယ္သြားေပးရင္လည္းေကာင္းသားေနာ္။

အခုတ ​ေလာ
စကၠဴေလယာဥ္ေတြလည္း မလႊတ္တင္ျဖစ္ေတာ့ဘူး
ငွက္ေတြနဲ႔အတူစာလႊာေတြမပါးျဖစ္ေတာ့ဘူး
ျပန္ေရာက္မလာႏိုင္ေတာ့တဲ့ ျပန္စာေတြကို
ဝရံတာကေန ေမးေလးေထာက္ၿပီး
ေမွ်ာ္ေနရတာလည္းေမာလွၿပီ။

လံုလံုေလာက္ေလာက္ခ်စ္ေပးခဲ့ၿပီးၿပီလို႔
ညီမေတာ့ထင္တယ္ အကို
ေလးႏွစ္တဲ့...အကုိရဲ႕
ေလးႏွစ္လံုးလံုးအကိုကလြဲၿပီး
ဘယ္သူ႔ကိုမွရင္ဘတ္ထဲအဝင္မခံခဲ့တာေလ
ေလးႏွစ္ေတာင္တဲ့...လူတစ္ေယာက္ကို
ေလးႏွစ္ေလာက္ခ်စ္ဖူးလား အကို
သူ႔မ်က္ႏွာတစ္ကမာၻနဲ႔ေလးႏွစ္ေလာက္ေနခဲ့ဖူးလား။

အကယ္၍ ညီမတို႔ျပန္ေတြ႔ျဖစ္ခဲ့ၾကရင္ေပါ့
ေကာ္ဖီဆိုင္တစ္ဆိုင္မွာျဖစ္ျဖစ္
စာအုပ္ဆိုင္တစ္ဆိုင္မွာျဖစ္ျဖစ္
ျပန္ေတြ႔ျဖစ္ခဲ့ရင္ေပါ့ အကုိရယ္
ညီမကေတာ့ သိပ္လြမ္းေနခဲ့တာသိရဲ႕လား လို႔ေမးမိမွာ...
အကို႔လက္ကတျခားေကာင္မေလးတစ္ေယာက္ကုိ
တြဲထားရင္ေတာင္မွေပါ့...ညီမေမးကိုေမးမိမွာ
အကိုကျပန္လွည့္မၾကည့္ခဲ့ေပမဲ့
ညီမကေမွ်ာ္လင့္ေနခဲ့ေၾကာင္း
အကုိသိေအာင္ေျပာျပခ်င္ေသးတာ။

အခုဆို အေရာင္ႏုေတြမႀကိဳက္ေတာ့ဘူး
ႏႈတ္ခမ္းနီေတာင္အေရာင္ရင့္ေတြခ်ည္းေရြးဆိုးေနတာ
ေက်ာျပင္မွာ ဖမ္းမမိလိုက္တဲ့အိမ္မက္ေတြအတြက္
Dream catcher ေလးလည္းတက္တူးထိုးဦးမယ္
လက္ႏွစ္ေခ်ာင္းၾကားေဆးလိပ္တျမျမနဲ႔
စက္ဆုပ္စရာေကာင္းတဲ့မိန္းမျဖစ္ေအာင္ေနျပဦးမယ္။

မုန္းမယ္ဆိုလည္း အဆံုးထိမုန္းလိုက္ေရာေပါ့ အကုိရယ္
လမ္းေတြ႔ရင္ေတာင္ ျပံဳးျပမေနနဲ႔
မလိုခ်င္လို႔ လႊတ္ခ်ခဲ့တဲ့ ကေလးမေလးပဲမဟုတ္လား။

ညီမလည္း ေမွ်ာ္လင့္ခ်က္ေတြခ်ည္း
လြယ္အိတ္ထဲထည့္ျပီး ခရီးေတြထြက္ဦးမယ္
ၿပီးေတာ့ အကုိ႔ကိုလည္းမုန္းၾကည့္ဦးမယ္။

ေလးႏွစ္တဲ့ . . .
အခုခ်ိန္မွာ မုန္းပစ္လိုက္ဖို႔
ေလးႏွစ္ခ်စ္ခဲ့တယ္ဆိုတာ
လံုေလာက္တဲ့အေၾကာင္းျပခ်က္ပဲမဟုတ္လား...။

- Alia -

မီးပုံးတွေလွှတ်တင်နေကြပြီ အကို
ညီမရဲ့လေးလွန်းတဲ့အလွမ်းတွေကို
သူတို့သယ်သွားပေးရင်လည်းကောင်းသားနော်။

အခုတ ​လော
စက္ကူလေယာဉ်တွေလည်း မလွှတ်တင်ဖြစ်တော့ဘူး
ငှက်တွေနဲ့အတူစာလွှာတွေမပါးဖြစ်တော့ဘူး
ပြန်ရောက်မလာနိုင်တော့တဲ့ ပြန်စာတွေကို
ဝရံတာကနေ မေးလေးထောက်ပြီး
မျှော်နေရတာလည်းမောလှပြီ။

လုံလုံလောက်လောက်ချစ်ပေးခဲ့ပြီးပြီလို့
ညီမတော့ထင်တယ် အကို
လေးနှစ်တဲ့...အကိုရဲ့
လေးနှစ်လုံးလုံးအကိုကလွဲပြီး
ဘယ်သူ့ကိုမှရင်ဘတ်ထဲအဝင်မခံခဲ့တာလေ
လေးနှစ်တောင်တဲ့...လူတစ်ယောက်ကို
လေးနှစ်လောက်ချစ်ဖူးလား အကို
သူ့မျက်နှာတစ်ကမ္ဘာနဲ့လေးနှစ်လောက်နေခဲ့ဖူးလား။

အကယ်၍ ညီမတို့ပြန်တွေ့ဖြစ်ခဲ့ကြရင်ပေါ့
ကော်ဖီဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ်
စာအုပ်ဆိုင်တစ်ဆိုင်မှာဖြစ်ဖြစ်
ပြန်တွေ့ဖြစ်ခဲ့ရင်ပေါ့ အကိုရယ်
ညီမကတော့ သိပ်လွမ်းနေခဲ့တာသိရဲ့လား လို့မေးမိမှာ...
အကို့လက်ကတခြားကောင်မလေးတစ်ယောက်ကို
တွဲထားရင်တောင်မှပေါ့...ညီမမေးကိုမေးမိမှာ
အကိုကပြန်လှည့်မကြည့်ခဲ့ပေမဲ့
ညီမကမျှော်လင့်နေခဲ့ကြောင်း
အကိုသိအောင်ပြောပြချင်သေးတာ။

အခုဆို အရောင်နုတွေမကြိုက်တော့ဘူး
နှုတ်ခမ်းနီတောင်အရောင်ရင့်တွေချည်းရွေးဆိုးနေတာ
ကျောပြင်မှာ ဖမ်းမမိလိုက်တဲ့အိမ်မက်တွေအတွက်
Dream catcher လေးလည်းတက်တူးထိုးဦးမယ်
လက်နှစ်ချောင်းကြားဆေးလိပ်တမြမြနဲ့
စက်ဆုပ်စရာကောင်းတဲ့မိန်းမဖြစ်အောင်နေပြဦးမယ်။

မုန်းမယ်ဆိုလည်း အဆုံးထိမုန်းလိုက်ရောပေါ့ အကိုရယ်
လမ်းတွေ့ရင်တောင် ပြုံးပြမနေနဲ့
မလိုချင်လို့ လွှတ်ချခဲ့တဲ့ ကလေးမလေးပဲမဟုတ်လား။

ညီမလည်း မျှော်လင့်ချက်တွေချည်း
လွယ်အိတ်ထဲထည့်ပြီး ခရီးတွေထွက်ဦးမယ်
ပြီးတော့ အကို့ကိုလည်းမုန်းကြည့်ဦးမယ်။

လေးနှစ်တဲ့ . . .
အခုချိန်မှာ မုန်းပစ်လိုက်ဖို့
လေးနှစ်ချစ်ခဲ့တယ်ဆိုတာ
လုံလောက်တဲ့အကြောင်းပြချက်ပဲမဟုတ်လား...။

- Alia -

Rechel's Where stories live. Discover now