Part-1 🍁 (U+Z)

17.7K 657 119
                                    

ကိုးစက္ကန့်....ရင်ခုန်သံ ♥ Unicode

ချပ်...ချပ်...ချပ်...ချပ်...ချပ်...ချပ်...
တိတ်ဆိတ်နေတဲ့ညဥ့်ယံအချိန်မှာ နာရီလက်တံမြည်သံတစ်ချပ်ချပ်ဖြင့် ကျွန်တော်တရေးနိုးလို့လာခဲ့သည် ။
ထိုမြည်နေသည့်အသံရဲ့ ကိုးချက်မြောက် ချပ်! အသံဆုံးသည်ဆိုရင်ဖြင့် ကျွန်တော့်နားထဲ အမည်တစ်ခုအော်ခေါ်နေသည့်အသံကို ကျယ်လောင်စွာကြားလိုက်ရသည်။ထို့အမည်ကာ....

" နှောင်းငယ်....." တဲ့

သြရှရှအသံနှင့်အတူ ချိုသာသယောင်၊ ကြင်နာသယောင်၊ဟိန်းထွက်နေသည့်ထိုအသံနှင့်အတူ ကျွန်တော့်မျက်လုံးများပွင့်ခတ်လာကာ ကျွန်တော့်ကိုခေါ်နေသည့်အလားခံစားရသည် ။ အိပ်မက်မဟုတ်သည့် ညဥ့်သန်းခေါင်ယံ အော်ခေါ်နေတတ်သည့်ထိုအသံကို ကျွန်တော်၇နှစ်သားကတည်းက ကြားယောင်လာခဲ့သည်မှာ ယခုဆို ကျွန်တော်အသက်၁၇နှစ်အရွယ် ထိပင်ရှိခဲ့ပြီး လေ ။

" သားငယ်လေးရေ.....သားငယ်လေး....သား......ချစ်ခွန်းငယ်...."

" ဗျာ.....မေမေ ကျွန်တော်လာပြီး..."

မိခင်၏စူးရှသည့်အော်သံနဲ့မှမဟုတ်ရင် ခွန်းငယ်ဟာအိပ်ယာကနေထတတ်တဲ့အကြည့်မရှိပေ ။ မိခင်ရဲ့အော်သံနှင့်တပြေးညီ ရေမိုးချိုးကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်၏။

" Morning မေမေ ....ဖေဖေရော "

" သားအဖေ ကုမ္ပဏီ မှာအစည်းအဝေးရှိလို့သွားပြီးသားရဲ့..... ဘယ်လိုလဲ ညကထပ်ကြားရပြန်ပီးလား. "

" ဟုတ်တယ်မေမေ ညတိုင်းပဲ သား အိပ်ရေးပျက်တာများနေပြီး နှောင်းငယ်ဆိုတာဘယ်သူလဲမေမေသိတယ်မလား သားကိုပြောပြလေနော်... သားကိုညတိုင်းအိပ်ရေးမဝအောင်လုပ်နေတဲ့ အဲ့အသံရဲ့အကြောင်းကိုသားသိချင်နေပြီး "

" မေမေလည်းပြောပြသင့်ပြီးထင်လို့...သားကိုဒီနေ့ပြောပြမလို့ပါသားရယ် ...ကဲကဲခုတော့မနက်စာအရင်စားလိုက်အုံး.."

" ဟုတ်မေမေ.."

ထမင်းစားစားပွဲထဲ မိခင်ဖြစ်သူနှင့်အတူခွန်းငယ်လေး မနက်စာထိုင်စားနေစဥ် အမဖြစ်သူချစ်ခွန်းချိုလည်း ရောက်လို့လာခဲ့သည်။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now