Part-5 🍁 (U+Z)

3.1K 332 27
                                    


Part-5❤

" ခွန်းငယ်...နေရတာသက်သာရဲ့လား.."

" ရပါတယ်မမ....ကျွန်တော်နည်းနည်းခေါင်းနောက်သွားလို့ပါ. "

" မမတောင်းပန်ပါတယ် ပါတီကိုသာ မခေါ်လာခဲ့ရင်ခွန်းငယ်နေမကောင်းဖြစ်မှာမဟုတ်ပါဘူး.."

" မဟုတ်တာမမရယ်.... မမခေါ်လာလို့ ပရိုဂျူဆာ နဲ့တောင်ဆုံခွင့်ရခဲ့တာကို...မမကြောင့်ခွန်းငယ်နေမကောင်းဖြစ်သွားတယ်လို့မတွေးရဘူးလေ............ မမရယ် ကျွန်တော်ကအဲ့လောက်ထိမပျော့ညံ့ပါဘူး နော် တစ်အိမ်လုံးကျွန်တော့်ကိုပဲ ဖူးဖူးမှုတ်နေကြတော့ ပျော့ညံ့သွားရတာ ဟွန့်. "

နှုတ်ခမ်းကြီးစူပြီး ကလေးလိုစိတ်ကောက်ပြနေတဲ့ခွန်းငယ်ကြောင့် ခွန်းချိုရယ်ချင်စိတ်ကိုချုပ်ထိန်းလို့မရခဲ့ပေ။ တစ်အိမ်လုံးအထိမခံလုပ်နေလို့ သူကပျော့ညံ့ရတယ်ဆိုတာကိုတော့ ခွန်းချိုလက်ခံပါတယ် ။ မိန်းမသားဖြစ်တဲ့ခွန်းချိုတောင် သူ့လောက်အချစ်မခံရပါဘူး။ အချစ်မခံရလို့လည်းဝမ်းမနည်းဖူးပါဘူး။ခွန်းချိုချစ်တဲ့ခွန်းငယ်ကိုဝိုင်းချစ်ကြတာပဲလေ ပျော်တောင်ပျော်မိသေးတယ်။ တစ်ခုပဲ ခွန်းငယ် ၊ ဒီတစ်ခု ဒီတစ်ကြိမ်ပဲ အတ္တကြီးပါရစေ။ မမ ခွန်းငယ်အစားတစ်ကြိမ်ပဲအချစ်ခံပါရစေ ချစ်ရတဲ့တစ်ဦးသော ဦးဆီကနေပေါ့ ။

"ဟားဟားဟုတ်ပါပြီး မမတို့တစ်အိမ်လုံးမှာအချစ်ခံထိုက်တာခွန်းငယ်တစ်ယောက်ပဲရှိတာမို့ သည်းသည််းလှုပ်နေကြတာပါနော်....မမရဲ့ မောင်က ပျော့ညံ့တာမဟုတ်ပါဘူး မမတို့ကိုကအကဲပိုနေတာဟုတ်ပြီးလား.."

" ဟုတ်တယ်...ကျွန်တော်လည်း ဒီမိသားစုလေးကိုပဲ အမြတ်နိုးဆုံးပါကဲပိုတာလေးလျော့ပေးရင်တော့ပိုကောင်းမှာပေါ့. .."

ဟုတ်တယ်မမ ကျွန်တော်က မိသားစုမှာအချစ်ခံရတယ်။ ကျွန်တော့်ကိုချစ်တဲ့ဒီမိသားစုကိုလည်း ကျွန်တော်ဘယ်မရာနဲ့မှမလဲနိုင်ပါဘူး။ ကျွန်တော့်ထက်ကျွန်တော်တို့မိသားစု ပျော်နေကြတာကိုပဲမြင်ချင်တယ်။ အထူးသဖြင့်မမကိုပေါ့ မမကိုပျော်စေချင်တယ် ။ ကျွန်တော့်အတွက်နဲ့ မမ လက်လွှတ်ခဲ့ရတာအများကြီးရှိတယ်မလား ။ ကျွန်တော်မသိချင်ယောင်ဆောင်နေခဲ့တာပဲရှိတာပါ။ ဒီတစ်ခါတော့ကျွန်တော်မမကိုဖြည့်ဆည်းပေးမယ် မမက ကျွန်တော့်နေရာဝင်နေပါ ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Donde viven las historias. Descúbrelo ahora