Part-35 🍁 (Final)

4.3K 203 40
                                    

(AN- အားလုံးပဲမင်္ဂလာပါ
ကိုးစက္ကန့်ရင်ခုန်သံလေးဟာဆိုရင်
ဇာတ်သိမ်းရောက်အောင်ရေးနိုင်ခဲ့ပါပြီး
ဖတ်ပေးကြတဲ့သူအားလုံးကို စာရေးသူ ကကျေးဇူးတင်ရင်းထပ်တင်ပါတယ်
ပထမဆုံးဖြစ်တဲ့ဒီ fic လေးနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ပြောသွားစေချင်ပါတယ်
ကြိုးစားနေဆဲမို့
စာဖတ်သူဆီက comment လေးတစ်ခုခုတော့ချန်ခဲ့ပေးကြပါနော်)

Part-35 ❤ ( ဇာတ်သိမ်းပိုင်း)

ဒိီနေ့ဟာ ခွန်းငယ် ရဲ့အိပ်မက်ဆိုးတွေကနေ လွတ်မြောက်လာသည့် တစ်လပြည့်နေ့ဆိုလည်းဟုတ်တယ် ၊ ဒီယံနဲ့အမှုရင်ဆိုင်ပြီးသည့်နေ့
ဆိုလည်းဟုတ်သည်ပေါ့။

မူးယစ်ဆေးသုံးစွဲမှု ၊ ကိုယ်လက်ကျူးလွန်မှု ၊ မုဒိန်းကျင့်ရန် ကြံစည်မှု ၊ စသည့်အမှုများစွာဖြင့် ဒီယံကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် (၁၅) နှစ်အထိ ထောင်အချခံလိုက်ရပါတယ်။

တရားရုံးကအထွက်တွင်

" ခွန်းငယ်...."

အကျဥ်းအရာရှိနှစ်ယောက်ကြားတွင်
လက်ထိပ်ခတ်ခံထားရသည့် ဒီယံဟာ
ခွန်းငယ် ကိုစကားပြောချင်သည်ဟု
အကူအညီတောင်းသဖြင့်အကျဥ်းအရာရှိကြီးက (၃) မိနစ် စကားပြောခွင့်ပေးလိုက်သည် ။

" မင်း...ခွန်းငယ်ကို ဘာစိတ်ဒဏ်ရာ
ပေးအုံးမလို့လဲ ဒီယံ "

ခွန်းငယ်ကိုအနောက်ကျောဘက်ပို့ကာ
အရှေ့ကနေ ကာပြောနေသည့်ဂုဏ်ရှိန် ။
သူချစ်ရသည့်ခွန်းငယ်ကအဆင်ပြေတယ်ဘယ်လောက်ပြောပြော ဒီယံကိုတွေ့ရင်
ကြောက်စိတ်ဝင်နေဆဲဆိုတာ
ဖွင့်သာမပြောတာ မျက်လုံးထဲ
ပေါ်နေခဲ့သည်မလား။

" ဘာစိတ်ဒဏ်ရာမှမပေးပါဘူး
စကားတစ်ခွန်းပဲ မေးမလို့ပါ "

ဂုဏ်ရှိန် ၏ ကျောနောက်ကနေမရဲတရဲလေး
ဒီယံကိုခိုးကြည့်လာသည့်ခွန်းငယ်ကို
ဒိီယံမြင်သဖြင့် သူဘာမှမလုပ်ခဲ့သလို
အေးချမ်းစွာပင်ပြုံးပြနေလိုက်သေး ။

" ခွန်းငယ်.....မင်းတကယ်ပဲ
ကိုယ့်ကို နည်းနည်းလေးမှမချစ်ခဲ့ဘူးလား "

" မချစ်တဲ့အပြင်....မင်းကိုငါမုန်းတယ် ဒီဒီ "

မျက်နှာချင်းဆိုင်ရမှာတောင်မုန်းတယ် ဒီယံ။
ခွန်းငယ်မုန်းတာအပြစ်ဖြစ်သွားရင်တောင်
ဒီယံကိုခွန်းငယ်တကယ်ရွံမုန်းမိတယ် ။
သူ့မျက်နှာမြင်ရင် အဲ့နေ့ကကြုံခဲ့ရတာကို
ပြန်မြင်လာခဲ့တယ် ။
တကယ်ရွံမိတာတော့ ခွန်းငယ်
မညာဘူး ဒီယံ ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now