Part-18🍁(U+Z)

2.2K 207 36
                                    


Part-18 ❤

" မောင်....ဒီသီချင်းလေးသာ
ပျံ့သွားခဲ့ရင် သေချာပေါက်
နာမည်ပေါက်မှာနော်"

" ဟုတ်တယ်နော်....ကိုယ်လည်းထင်တယ်
ဒါပေမယ့်....ကိုယ်ထုတ်လွှင့်ဖို့ မရဲခဲ့ဘူး
ကိုယ့်ကြောင့်ပါအကုန်လုံး
ကိုယ်မကောင်းခဲ့လို့"

" အပြစ်တင်နေတဲ့စိတ်တွေ
လွှတ်ချလိုက်ပါတော့ အားလုံးက
ကံကြမ္မာ​ကြောင့်ပါ ခုလည်းခွန်းငယ်အဖြစ်
မောင့်အရှေ့​ပြန်လာခဲ့ပြီးမလား
စိတ်မကောင်းဖြစ်အောင်
ထပ်ပြီးမခံစားပါနဲ့တော့နော်"

" ကိုယ့်ကလေးငယ်စကားကို
ကိုယ်နားထောင်ပါ့မယ်
ခုတော့ပြန်ကြရအောင်နော်
သင်တန်းကြောင့်ရောကိုယ့်ကြောင့်ရော
ခွန်းငယ်ပင်ပန်းနေရောပေါ့"

"မောင့် အနားရှိနေရတာ
ပင်ပန်းဖို့မှမဟုတ်တာ
ခွန်းငယ်မပင်ပန်းတဲ့အပြင်
ပိုလို့တောင်​ပျော်နေပါသေးတယ်
ဟီးဟီး"

" စကားတွေတတ်နေတယ်
ကိုယ့်ကိုအသည်းယားအောင်မလုပ်နဲ့"

" အသည်းယားအောင်လုပ်တော့
ဘာဖြစ်လည်း"

ပြောလည်းပြော မောင့်ရဲ့ခါးကိုကလိထိုးရင်း
စနောက်နေတဲ့ခွန်းငယ် ။
ကထိထိုးခံရလို့ ယားပြီးတွန့်လိန်နေတဲ့လူကြီး။

" အားဟားဟား....မလုပ်နဲ့တော့
အားးဟား..ယားတယ်...အားဟား
ကလေးငယ်..တော်ပါတော့"

ဧည့်ခန်းမှာပတ်ပြေးနေတဲ့ လူကြီးနဲ့
ကလေးငယ် ။
ခွန်းငယ်ကို ရပ်တန့်လို့မရသည့်အဆုံး
ခွန်းငယ်၏လက်နှစ်ဖက်ကို
ဂုဏ်ရှိန့်လက်တစ်ဖက်တည်းဖြင့်
ဖမ်းချုပ်ကာ ခွန်းငယ်ကိုနံရံဘက်
ကပ်လိုက်သည်။

" ကျွန်တော်မစတော့ဘူးလေ
လွှတ်ပေးပါနော်"

အသနားခံတဲ့မျက်လုံးနဲ့ ပြောနေပေမယ့်လည်း လွှတ်ပေးဖို့မဖြစ်နိုင်
ဒီလောက်ချစ်ဖို့ကောင်းအောင်လုပ်နေမှတော့ လွှတ်ပေးစရာလား ။
ရုန်းနေတဲ့ကလေးငယ်ဟာ
လူကြီးအားကိုမနိုင်သည့်အဆုံး
ငြိမ်ကျသွားခဲ့သည် ။

" နောက်တစ်ခါမစတော့ဘူးလေနော်
လွှတ်ပေးလေနော်....လက်နာနေပြီး"

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Opowieści tętniące życiem. Odkryj je teraz