Part-6 🍁(U+Z)

3K 335 57
                                    


Part-6❤

လေတစ်ချက်ချက်ဝေ့ရင်း ပန်းရနံ့လေးတွေသင်းလို့ရေပိုက်လေးကိုကိုင်ကာ ခြံထဲရှိအပင်များကို ရေလောင်းလို့နေသည်။ တေးသီနေတဲ့ငှက်ကလေးတွေ တကျစ်ကျစ်နဲ့ ဝတ်မှုန်တွေကိုစုပ်ယူနေတဲ့လိပ်ပြာတွေလည်းတသွင်သွင် နေသာတဲ့မနက်ခင်းလေးမှာ အေးချမ်းလို့နေသည်။ မနက်ခင်းဆိုလို့ မနက်စောစောလို့မထင်လိုက်ပါနဲ့ အမေအော်နှိုးလို့နိုးထလာတဲ့မနက် ၉နာရီပါဗျ။

တီး...တီး....ခြံရှေ့ ကားဟွန်းသီးသံမြည်လို့ ခွန်းချိုတံခါးလေးပြေးဖွင့်လိုက်သည်။သူမျှော်နေသည့် ဟိုလူကြီး ရဲ့ကားလည်း ခြံထဲသို့ ရွေ့ဝင်လာခဲ့သည်။
BMW အနက်ရောင် ကားတံခါးလေးပွင့်လာကာ အနက်ရောင်အကျီလက်ရှည်ကိုမှ တံတောင်လောက်ခေါက်ထားပြီး လက်ဖျံကနေလက်ဖမိုးထိ ပေါ်နေသည့် စိမ်းပြာရောင်အကြောတစ်ဖျန်းကြီးကို သတိမေ့မတတ်ကျွန်တော်ငေးကြည့်နေမိသည်။ ယောကျာ်းပီသလိုက်တဲ့အကြောကြီးတွေနဲ့...ရင်ဘတ်ကအင်္ကျီ ကြယ်သီးကိုလည်း နှစ်လုံးလောက်ဖြုတ်ထားသည်မို့ မြင်နေရသည့် ရင်ဘတ်ကျယ်ကြီးနဲ့အမွှေးအမျှင်ပါးပါးလေး.....အားကျလိုက်တာ..ကျွန်တော်ကြတော့ ပိန်ပိန်သေး​သေးလေးရယ်....။

အရမ်းကိုပြီးပြည့်စုံတဲ့လူကြီးပါလား....အကြည့်နဲ့လည်းလူကိုသတ်နိုင်သလို ရုပ်ရည်နဲ့လည်းဆွဲဆောင်နိုင်တယ်.ခန္ဓာယ်ဖွဲ့စည်းပုံနဲ့လည်း ရူးအောင်လှည့်စားနိုင်တယ်....ကျွန်တော့်အိပ်မက်ထဲကခင်ဗျားက ဒီလောက်မမိုက်သေးဘူးဗျ...

ကျွန်တော်ရင်ခုန်ဖို့ကြံလိုက်ပေမယ့် အသိတရားတစ်ချို့ ဖြတ်ပြေးလို့လာခဲ့တယ်..... ကျွန်တော်ရင်ခုန်ခွင့်မရှိဘူးဆိုတဲ့ အသိတရားလေးပေါ့...။ ဆက်ငေးမနေတော့ပဲ ရေလောင်းလက်စ စံပယ်အုံလေးဆီသာအကြည့်ပို့လိုက်မိသည်။

ယာယာလေးလမ်းညွှန်သည့်အတိုင်း မောင်းနှင်လာခဲ့တာ ဟိုကလေးတွေရဲ့အိမ်ဆီသို့ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလို့လာခဲ့သည်။ ခြံထဲသို့ရောက်သည်နှင့်ကားပေါ်ကဆင်းကာ ခြံအနေအထားကိုသဘောကျ၍ မျက်စိကစားရင်းလျှောက်ကြည့်နေလိုက်သည်။.

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ