Part-31 🍁 (U+Z)

1.4K 126 23
                                    


Part-31 ❤

ဂျပန်ရောက်ရောက်ချင်း အရေးကြီး အစည်းအဝေးပြေးတက်ရသည့်အတွက်
ခွန်းငယ်ကိုမဆက်သွယ်ဖြစ်ခဲ့ ။
နောင်တရတယ် ကလေးငယ်
ကိုယ်စိတ်ရှုပ်ပြီးမအော်ခဲ့သင့်ဘူး ။
ခွန်းငယ် စိတ်ဆိုးသွားပြီးလား ။
ဒီလူကြီးကိုစိတ်ကုန်သွားပြီးလားလို့
တွေးပူနေရတာ ရင်မောလှပြီး ။
တစ်ကြိမ်သာအမှားခံတော့မယ်
နောက်နောင် ခွန်းငယ်စိတ်ဆင်းရဲစေမယ့်
စကားလည်းမပြောမိစေရဘူး ။

ခွန်းငယ်ကို အသံမာနဲ့တောင်
တစ်ချက်မှမပြောမိစေရဘူး ။
ခုဆိုတစ်နေ့နဲ့တစ်ညရှိခဲ့ပြီး
ခွန်းငယ်ငိုနေမလား၊ ခွန်းငယ်စိတ်ဆိုးပြီး
ဘာတွေများလျှောက်လုပ်မိနေမလဲ ။
ဒီလူရင်တွေပူနေရတာ ၊ အစည်းအဝေးပြီးလို့အလုပ်ထဲ အစစ်ဆေးခံနေရတာတောင်
စိတ်ကခွန်းငယ်ဆီကနေတစ်ချက်မှမရွေ့ပါဘူး ။

နောက်နေ့မနက် ရောက်သည်ထိ
ခွန်းငယ်အိပ်၍မပျော် ။
မောင် အဆင်ပြေရဲလား ။
မေမေပြောပုံအရဆို အစစ်အဆေးခံရအုံးမှာ ။
Mail ကနေစာပို့ထားလည်း မောင်မကြည့် ။
ရင်တမမနဲ့နောက်တစ်နေ့ကူးခဲ့ပြီး ။
အဆင်ပြေပြေမပြေပြေ
ခွန်းငယ်ကိုဆက်သွယ်လာပါမောင်ရယ် ။

ဂျပန်စံတော်ချိန် မနက် ၈နာရီခွဲတွင်
စစ်ဆေးမှုများပြီးဆုံး၍ စစ်ဆေးရေး
အခန်းကနေထွက်လာသည့်အချိန်
နာရီကြည့်လိုက်မိသည်။
ဒီအချိန်ဆို မြန်မာမှာ မနက်၆နာရီ
ရောက်လင့်ရောပေါ့ ။
ခွန်းငယ် နိုးနေပြီးထင်တယ် ။
မဟုတ်ရင်လည်းညကအတွေးများပြီး
အိပ်နောက်ကျနေမလား။
အိုး...ဘာဖြစ်ဖြစ် ဖုန်းဆက်ရမယ် ။
.
.

တီ....တိီ...တီ...
တစ်ညလုံးရင်ဘတ်ပေါ်ဖုန်းတင်ထားသည်မှာ မနက်မိုးလင်းတော့တုန်ခါလာခဲ့သည်။
မောင်များဆက်တာလားမသိ ။
ကမန်းကတန်းထ ထိုင်ပြီး ဖုန်းကိုင်ဖို့
screen ကြည့်လိုက်သည့်အချိန်တွင်
* ဒီယံ * တဲ့ ။

မနေ့ကအဖြစ်အပျက်ကြောင့်
ဖုန်းမကိုင်ချင်၍ စိတ်ပျက်လက်ပျက်သာ
ဖုန်းကိုစားပွဲပေါ်တင်ပစ်လိုက်ပြီး
မျက်နှာသစ်ရန်ရေချိုးခန်းသိို့ဝင်သွားလိုက်၏။

*လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
မအားသေးပါရှင် *

မိုးလင်းစဘဲ ရှိသေးတယ် ခွန်းငယ်
ဘယ်သူနဲ့များပြောနေလို့ ဖုန်းမအားရတာလဲ ။
ဖုန်းချပြီးနောက်တစ်ကြိမ်ခေါ်သော်လည်း
ဖုန်းမအားသေး၍သာပြန်ဖြေနေ၏ ။
စိတ်ပူနေမယ်ထင်ခဲ့တာ ။
မိုးမလင်းသေးဘူး ဖုန်းကမအားရှာတော့ဘူးပဲ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now