Part 16-1 🍁(U+Z)

2.1K 219 10
                                    


Part-16 ❤(16-1)

သာယာနေတဲ့နေ့ခင်းလေးမှာ
ရာသီဥတု​ထဖောက်သလိုမျိုး
တစ်မနက်လုံးပြုံးပျော်နေသည့်
လူကြီးက နေ့ခင်းကျမှမျက်နှာပေါ်
ခက်ထန်နေသည့်အမူအရာနဲ့
တစ်စုံတစ်ယောက်ကိုမကျေမနပ်သလို တစ်စုံတစ်ယောက်ကိုလည်းစိတ်မချသလိုနဲ့
ပူပန်နေပြန်သည့်အမူအရာ ။

ကျွန်တော် ဘာများအမှားလုပ်မိလို့လဲ
ခုလိုဒေါသကြီးငယ်ထွက်နေရလောက်တဲ့ထိ
ခွန်းငယ်ဘာအမှားကြီးများမှားသွားခဲ့လို့လဲ ။ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ
ကားလေးကလည်းပုံမှန်အရှိန်နဲ့ပဲ
နှောင်းငယ်တိုက်ခန်းဆီကိုဦးတည်နေတယ် ။ ကျွန်တော်ကလည်းဘာမှမမေးမိသလို
မောင် ကလည်း ဘာမှမပြောလာခဲ့ဘူး ။ ကျွန်တော်တို့နှစ်ယောက်ကြား
လေစိမ်းလေးတွေတိုက်ခတ်နေသည့်အနေအထား ။

ကျွန်တော့်ရှေ့မှာ အရယ်အပြုံးသိပ်မပြတဲ့
ခွန်းငယ်က ဒီယံဆိုတဲ့ကောင်လေးရှေ့မှာ တရင်းတနှီးရယ်ပြုံးလို့ ။
သူတို့နှစ်ဦးဟာဘယ်လောက်ထိ
ခင်မင်ရင်းနှိးးမှုရှိကြတာလဲ ။.

ဒီယံဆိုတဲ့ကောင်လေးမျက်လုံးကလည်း.
ခွန်းငယ်အပေါ်မရိုးသား ။
သူပြောသွားတဲ့လူစိမ်းရဲ့အဓိပ္ပါယ်က
သူ့အကြည့်တွေနဲ့ယှဥ်ပြီးအဓိပ္ပါယ်ဖော်ရင်
သူခွန်းငယ်အပေါ် အချိန်တစ်ခုကတည်းက မြတ်နိုးခဲ့တယ်လို့ ကျွန်တော့်ကို
အသိပေးလိုက်သည့်သဘော ။

ကျွန်တော် ခွန်းငယ်ကိုမေးသင့်လား။
ကျွန်တော်မေးလိုက်မှ
ခွန်းငယ်စိတ်ရှုပ်သွားမလား။

လေစိမ်းတိုက်နေတဲ့ ကားလေးဟာ
တဖြည်းဖြည်းရွေ့လာရင်း
နှောင်းငယ်တိုက်ခန်းဆီ ဆိုက်ရောက်လို့
လာခဲ့သည် ။

" ဟို...."

" ဟို..."

စကားမပြောတော့လည်း
နှစ်ယောက်လုံးမပြောဘူး ။
စကားဆိုလာပြန်တော့လည်း
တစ်ပြိုက်နက်တည်း စကားတွေထွက်လာသည်။

" ခွန်းငယ် အရင်ပြောပါ..."

" ခင်ဗျားအရင်ပြောပါ..."

" ခုနက ဒီယံနဲ့......
ဘယ်လောက်ထိရင်းနှီးလဲ"

ဒီယံကြောင့် မောင် စိတ်ဆိုးသွားတာလား ။ မဟုတ်မှ ဒါ သဝန်တိုတာလား။
မောင်ကသဝန်တိုတယ် မောင်က
ခွန်းငယ်ကိုသဝန်တိုတယ် ဟီးဟီး
ပျော်လိုက်တာ...မောင်ရာ ။
ဒါနဲ့..ခွန်းငယ်က ဒီလူကြီးကို
မောင်လို့ပဲ ခဏခဏခေါ်နေမိတယ်
ငရဲတွေကြီးကုန်တော့မှာပဲ ။
ဒါပေမယ့်လည်း နှလုံးသားထဲက
ထွက်လာသည့်နာမ်စားမို့
မောင်လို့ပဲဆက်၍ခေါ်ချင်နေတယ် ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Donde viven las historias. Descúbrelo ahora