Part-7 🍁(U+Z)

2.8K 335 63
                                    


Part-7♥

ဧည့်ခန်းထဲကနေ ရိုက်ခတ်လာတဲ့စကားသံတွေကိုကျွန်တော်ရင်ဆိုင်ဖို့ သတ္တိမရှိတော့သည်မို့ ရေချိုးဖို့အခန်းသာပြန်တက်လာခဲ့လိုက်တယ်။

~ကျွန်တော်က ဘယ်လိုမျိုးရှင်သန်သင့်လဲ ။ အတိတ်ဘဝနဲ့ပတ်သတ်တဲ့ ဆက်နွယ်မှုတွေကို ကျွန်တော်မေ့ပြစ်ပြီး ကျွန်တော့်ဘဝနဲ့ကျွန်တော်ရှင်သန်သင့်တယ်မလား။~

ကျွန်တော်လည်း နှောင်းငယ်မဟုတ်တဲ့ခွန်းငယ်ရဲ့နှလုံးသားနဲ့ လွတ်လွတ်လပ်လပ်ရှင်သန်ချင်တယ် ။ ခက်တာကခွန်းငယ်နှလုံးသားကပါ ဒီလူကိုပဲ လိုလိုလားလားချစ်နေမိတယ်ဗျာ။

" မချို....ကျွန်တော်ပြောချင်တဲ့စောင့်ရှောက်မှုဆိုတာက...ကျွန်တော့်တူမလိုသဘောထားတာပါဗျာ....မချိုသိတယ်မလား.... နှောင်းငယ်ကဆုံးသွားခဲ့ပြီးလေ....သူ့ဝိဥာဏ်ဝင်စားတဲ့ ခွန်းချိုကိုတော့....နှောင်းငယ်ဆိုပြီး ကျွန်တော်မသိမ်းပိုက်ချင်ပါဘူး.... ကလေးတွေရဲ့လွတ်လပ်ခွင့်ကို.... ကျွန်တော့်ကြောင့်ပိတ်ပင်လိုက်သလိုမျိုးမဖြစ်ချင်ပါဘူးဗျာ....."

ဒီစကားကိုတော့ ခွန်းငယ်ဘယ်ကြားတော့မလဲ။နာကျင်စရာတွေပဲရွေးကြားသွားသလားအောက်မေ့ရတယ်ကလေးရယ်။

" မချိုလည်းကလေးတွေကိစ္စဝင်မစွက်ဖက်ပါဘူး....သမီးလေးကလည်း ပညာရေးဆုံးခန်းမတိုင်သေးဘူးလေ....ဂုဏ်ရှိန်ကစောင့်ရှောက်ပေးမယ်ဆိုမချိုစိတ်အေးရတာပေါ့ကွယ်....ခုခေတ်က ကလေးတွေကို စိတ်မချရပါဘူးလေ..."

ဦးကဘာလို့.နှောင်းငယ်ဝင်စားတာတောင်
တူမတစ်ယောက်လိုပဲ စောင့်ရှောက်မှာလည်း။
ဟင့်အင်း မဟုတ်ဘူးလေ ခွန်းချိုလိုချင်တာ နှောင်းငယ်ကိုချစ်သလိုမျိုး ခွန်းချိုကိုချစ်ဖို့လေ။ မဟုတ်မှ နှောင်းငယ်လို့မခံစားရလို့လား။
ငါဘာလုပ်သင့်လဲ။ နှောင်းငယ်ရဲ့ dialogue တွေကို ယူသုံးသင့်ပြီးလား ။ဘာဖြစ်ဖြစ် ဦးဆီက attension ရမှဖြစ်မယ် ။

" ဦး....ခွန်းချိုနဲ့စကားခဏလောက်ပြောရအောင်....."

" ဒီမာပြောလို့မရဘူးလား ခွန်းချို..."

" ခဏလေးပါ....အိမ်ရှေ့ခဏလိုက်ခဲ့ပေးနော် ဦး..."

ခွန်းချိုထွက်သွားသည့်နောက်
ဂုဏ်ရှိန်လည်း လိုက်ထွက်လာခဲ့တယ်။
မချိုကလည်း လိုက်သွားလိုက်ပါဆိုသည့် မျက်နှာပေးနဲ့ မော့ပြလာသည်မို့
ကျွန်တော်ထွက်လာခဲ့ရတယ်။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Donde viven las historias. Descúbrelo ahora