Part-22 🍁 (U+Z)

1.5K 141 19
                                    


Part-22

ဘုရားကနေပြန်လာပြီး ခွန်းချိုက
ယာယာကိုအိမ်သို့လိုက်ပို့ပေးခဲ့၍
ယာယာတိတ်တိတ်ဆိတ်ဆိတ်တာ
အိမ်ထဲဝင်လာနေခဲ့ချိန်
ဧည့်ခန်းထဲကနေအဖွားနဲ့ ဦးရဲ့
ငြင်းခုန်သံအပြင် ယာယာရဲ့မားမားနဲ့ပါးပါး ကွာရှင်းကိစ္စပါတစ်ပြိုင်တည်း
ကြားလိုက်ရတယ် ။
ထိုစကားကြားပြီးနောက်
အံ့အားသင့်တာထက်တုန်လှုပ်မိသလို
လောကကွိီးကအမှောငျကသြှားသလို
ခံစားရတယ်။
အကုန်လုံးကယာယာကို
ရှိတယ်လို့တောင်မထင်ကြဘူး ။
ယာယာကဘာမှသိခွင့်မရှိဘူး
ထားရာနေစေရာသွားလား။
ပါးပေါ်ကမျက်ရည်တွေစီးကျလျက်
ထိန်လန့်နေမိတယ် ။

မမျှော်လင့်ထားတဲ့အခြေအနမို့
ခြေမကိုင်မိလက်မကိုင်မိတုန်လှုပ်မိသည် ။ အားကိုးရာမရှိတော့သည့်အတွေးကလည်း နှလုံးသားထဲရိုက်သွင်းလိုက်မိသည် ။

ဟင်းအင့် ယာယာကမမွေးလာသင့်ခဲ့ဘူး။
တစ်ယောက်ထဲထားခဲ့ရုံမက
အခုခါမားမားနဲ့ပါးပါးက ကွာရှင်းတော့မယ်တဲ့ယာယာကသူတို့အတွက်
နည်းနည်းလေးတောင်အရေးမပါတော့ဘူးလား။
ယာယာကမရှိလည်းဖြစ်ကြတယ်မလား ။
ယာယာအတွက် ဘယ်သူမှမေတ္တာ
မပေးနိုင်သလိုဘယ်သူမှလည်း
မလိုချင်ကြတော့ဘူးမလား။

ယာယာ မနေချင်တော့ဘူး။
ဒီအိမ်ကြီးထဲလည်းမနေချင်တော့ဘူး။
ဒီလောကကြီးထဲလဲမနေချင်တော့ဘူး။
ယာယာတစ်ယောက်
ပျောက်သွားလည်းဘာမှမဖြစ်ဘူး။

ဒေါက်....ဒေါက်...ဒေါက်.....

ဒေါက်ဖိနပ်သံကျယ်လောင်စွာကြားရပြီးနောက်ကားတစ်စီးခြံထဲကနေ
အရှိန်ပြင်းစွာမောင်းထွက်သွားသည်ကို
တားလို့မမီလိုက်တဲ့ဂုဏ်ရှိန် ။

" မာမီတွေ့ပြီးလား
ယာယာအကုန်ကြားသွားပြီး
ကလေးကိုအမြဲဖုံးကွယ်ပြီး
ထိထိရောက်ရောက်လည်းမကာကွယ်နိုင်ကြဘူးကလေးစိတ်ဒဏ်ရာရသွားပြီး
မာမီဒီအတိုင်းဆက်ပြီးခေါင်းမာနေ
သားကိုလည်းဆုံးရှုံးရမယ်
ယာယာကိုလည်းဆုံးရှုံးရမယ်စိတ်ချ"

" မြန်မြန်လိုက်ပါကွယ်
ယာယာလေးတစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ"

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Où les histoires vivent. Découvrez maintenant