Part- 27 🍁(U+ Z)

1.4K 132 18
                                    


Part-27❤

ပုံမှန်ရက်တွေထက် ဒီရက်မှာ
ရာသီဥတုသာယာနေသလို
ဂုဏ်ရှိန်ဝင့်ထည်ရဲ့ အနာချုပ်ရိုး
ဖြည်တဲ့နေ့သာမက
ဆေးရုံပါဆင်းရတော့မည့်​နေ့ဖြစ်သည်။
ထိုအတွက်ကြောင့် ပုံမှန်ရာသီဥတုဟာလည်း ဂုဏ်ရှိန်ဝင့်ထည်အတွက်
ပိုသာယာတယ်လို့ ခံစားနေရသည် ။
အကြောင်းကာ အချိန်တိုင်းခွန်းငယ်နောက်
တကောက်ကောက်လိုက်ရတော့မည်​မလား ။
ဟို ဒီယံဆိုတဲ့ ငနာလေးကိုလည်း
ခွန်းငယ်အနားကနေ ပထုတ်ရလိမ့်မည် ။

" ဝါး...ဆေးနံ့တွေပြည့်နေတဲ့ဆေးရုံကနေ နောက်ဆုံးတော့ဆင်းခွင့်ရပြီး "

" မင်းအဲ့လောက်တောင်ပျော်နေတာလား
၇ရက်လေးဆေးရုံမှာနေခဲ့ရတာကို
မသိရင်လနဲ့ချီနေခဲ့ရတဲ့အတိုင်းပဲ "

" ဖွဖွ လွဲပါစေ ပယ်ပါစေ
မင်းရဲ့ချီးပါးစပ်ကနေ ဆေးရုံမှာ
လနဲ့ချီနေရမယ့်စကားထပ်မပြောနဲ့
ငါ့မှာတော့ အနာကျက်မြန်ရအောင်
ကြက်ဥပြုတ်ကို တစ်နေ့၆ လုံးစားရင်အနာ
မြန်မြန်ကျက်တယ်ဆိုတဲ့
ဆရာမရဲ့စကားကြောင့် နေ့တိုင်းစားခဲ့ရတာ
အချဥ်စားရင် အနာသက်သာမြန်တယ်ဆိုလို့ သံပုရာရည်ကိုရေလိုသောက်ခဲ့လို့
ဝမ်းတောင်လျှောခဲ့ရတာ
တစ်ပတ်မဟုတ်နောက်တစ်ရက်
ထပ်နေရမယ်ဆိုရင် ငါ ဝမ်းလျှောပြီးပဲသေမလား ကြက်ဥပြုတ်နင်ပြီးပဲသေမလားပဲ
ငစိုင်းရာ "

" ဟားဟား...မင်းအဖြစ်ကလည်းကွာ
ငါတောင်သနားချင်သွားပြီး ဒါပေမယ့်
မသနားဘူးသိလား
အချစ်မွှန်ပြီးမခွဲနိုင်မခွာရက်
အကဲပိုလွန်းနေတာကိုအမြင်ကတ်တယ်
တကတည်း ဝမ်းလျှောလက်စနဲ့
တစ်ပတ်လောက်ထပ်နေသွားသင့်တယ်
အဖြစ်ကိုသည်းလွန်းတယ်
ဒါနဲ့နေပါအုံး ခွန်းငယ်လေး
ကိုးရီးယားသွားရင်
မင်းပါလိုက်သွားမှာမဟုတ်ပါဘူးနော် "

" အင်း သွားမှာ"

" ဘာ....တကယ်လား ငါ့ကိုစနေတာမလား တကယ်မလိုက်သွားဘူးမလား "

" တကယ်အတည်သွားမှာ မနောက်ဘူး
တစ်ရက်လေးတောင်မခွဲချင်နေဘူး"

" အိုးမိုင်ဂေါ့....ဘယ်လိုတောင်
ရူးသွားတာလဲ မင်းခေါင်းတွေဘာတွေ
ရိုက်ခံထိထားသေးလား "

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Donde viven las historias. Descúbrelo ahora