Part-15 🍁(U+Z)

2.3K 233 49
                                    


Part-15 ❤

အတောင်မစုံသေးတဲ့ ကျွန်တော်တို့
၄ယောက်အတွက်
သင့်တော်တဲ့အတောင်တစ်စုံ ၊
ကိုယ့်ဘဝအတွက်အမြင့်ဆုံး
ပျံသန်းပေးနိုင်တဲ့ အတောင်တစ်စုံ ၊
ရင်ဆိုင်ကျော်ဖြတ်ရမယ့် အန္တရာယ်
ကြားကခိုင်ခံ့တဲ့အတောင်တစ်စုံပိုင်ဆိုင်ဖို့
ကိုယ်စီပညာထပ်သင်ကြားကြရအုံးမည် ။

ကျွန်တော်တို့ထဲကပထမဆုံးသော
အတောင်ရှာဖွေသူ နေဝန်းခ ။
အမြဲလိုလို အတူတကွ
နေထိုင်စားသောက်ခဲ့ကြသည့်အတွက်
တစ်ယောက်မရှိတော့ရင် တစ်ခုခု
လိုနေသလိုမျိုး ။

ထွက်ခွာသွားတဲ့ကားလေးကို
လက်ပြလို့ ကျွန်တော်တို့ ၃ယောက်
ကျန်နေခဲ့သည်။

စွန့်ခွာသူက နေရာသစ်မှာအခြေကျရင် အဆင်ပြေသွားလိမ့်မယ် ။
ကျန်ရစ်ခဲ့တဲ့သူတွေက ဒီတောထဲမှာ ယောင်လည်လည်နဲ့ ။
မကြာခင် ကျွန်တော်လည်း
ထွက်သွားတော့ရမယ် ။
ကျွန်တော်ထွက်သွားရင် ခွန်းချိုနဲ့
ယာယာလည်း ဒီခံစားချက်မျိုးနဲ့
ကျန်ရစ်ခဲ့ကြမှာပေါ့ ။

နှုတ်ဆက်ချိန်မှာ ခင်မင်ရင်းနှီးမှုပေါ်
မူတည်ပြီး ဝမ်းနည်းကြေကွဲခဲ့ကြသလိုမျိုး ။ .
အတောင်စုံလို့ တို့ပြန်ဆုံတဲ့အချိန်
ခင်မင်ရင်းနှီးမှုတွေမပြောင်းလဲသွားဖို့
မျှော်လင့်နေမယ်သူငယ်ချင်း။

~မနှုတ်ဆက်ခင် လည်ပင်းဖက်
ပေါင်းသင်းခဲ့ကြတယ် အတောင်စုံလို့
ပြန်ဆုံရင် လက်ဆွဲနှုတ်ဆက်ရုံလောက်ပဲ
မဖြစ်ပါစေနဲ့ သူငယ်ချင်း ~

နေဝန်းခ စီး​နေတဲ့ကားလေးမထွက်ခွာမီ
ခွန်းချိုနဲ့ယာယာကမျက်ရည်တွေဝဲနေတယ် ။ ကားပေါ်ကနေဝန်းခလည်း
မျက်တောင်ပုတ်ခပ်ပုတ်ခပ်။
ကျွန်တော်ကတော့ထုံးစံအတိုင်း
ရင်ထဲမှာပဲခံစားချက်ကိုမျိုသိပ်ထားတယ် ။
မျက်နှာပေါ်မှာ အလှဆုံးအပြုံးတစ်ပွင့်ဖြင့်
ထွက်သွားတော့မည်သူကိုနှုတ်ဆက်နေတယ် ။

" နေဝန်းခ...ဂရုစိုက်ကွာ"

" အင်း...မင်းတို့လည်းဂရုစိုက်
ငါမရှိခဲ့တဲ့အချိန် မင်းတို့လူစုဖြစ်တဲ့အခါ
ငါ့ကိုလည်းမမေ့ပါနဲ့.
တစ်ခါတစ်လေလည်း
သတိရတယ်ငါ့ကိုပြောပေး"

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Tempat cerita menjadi hidup. Temukan sekarang