Part-28🍁 (U+Z)

1.4K 130 35
                                    


Part-28❤

မျက်လုံးစည်းထားသည်အတွက်
ခွန်းငယ် ဘယ်ကိုခေါ်သွားနေမှန်း
ကျွန်တော်မသိရပါဘူး ။
အမှန်တိုင်းပြောရကြေးဆို ရင်ခုန်နေတယ် ။ ရင်ခုန်နေတာထက်
စိတ်လှုပ်ရှားနေမိတယ်ဆိုပိုမှန်မယ် ။
ကိုယ်က သူ့ကိုစပရိုက်တိုက်ပါတယ်ဆိုမှ
သူကရှိန်ပိန်ပြန်တိုက်လိုက်တာမျိုး။

" ခွန်းငယ်..."

" ဟင်..."

" မရောက်သေးဘူးလား မောင်
စိတ်လှုပ်ရှားနေပြီး ငစိုင်းနဲ့ပေါင်းပြီး
ဘာတွေကြံထားတာလဲကွာ
မောင့်ကိုရူးအောင်လုပ်နေတာလား "

" ဟား မောင့်ကိုရူးအောင်မလုပ်ပါဘူးနော်
မောင့်ကိုပျော်အောင်ပဲလုပ်ပေးမှာ "

" အား...ဒီအကောင်ပေါက်လေးကတော့ကွာ
လူကိုအသည်းယားအောင်သိပ်လုပ်တာပဲ "

" ကဲရောက်ပြီး မောင်ကားပေါ်ကဆင်း
ခွန်းငယ်အထဲရောက်တဲ့ထိ ကူတွဲပေးမယ် "

" မျက်လုံးဖွင့်လို့မရသေးဘူးလား. "

" မရသေးပါဘူး လာပါ ဖွင့်လို့ရတဲ့အချိန်ဆို
ခွန်းငယ်ဖွင့်ပေးမှာပေါ့ "

ခွန်းငယ်တွဲခေါ်သွားသည့်နေရာဟာ
ရင်းနှီးနေသည့်နေရာနှင့်တူနေသည် ။
သို့ပေမယ့် သိပ်မသေချာ။

" ကဲ မောင် ရောက်ပြီး မျက်လုံးဖွင့်ဖို့
အဆင်သင့်ဖြစ်ပြီးလား "

" ok ဖြစ်ပြီး "

ခွန်းငယ်စည်းထားသည့်အဝတ်စကို
ဖယ်ရှားပေးလိုက်သည်။

" ဝါး........"

ရိုးရှင်းတောက်ပနေတဲ့အဖြူရောင်ပိတ်စပေါ်မှာ
* Our special one month Mg *
ဆိုတဲ့စာလုံးလေးကို
အနီရောင်နှင်းဆီဖတ်လေးတွေနဲ့
လှလှပပ ပုံဖော်ထားပေးတဲ့ ခွန်းငယ် ။

ရိုးရှင်းတဲ့စတူဒီယိုအခန်းလေးထဲမှာ
မီးရောင်တွေထိန်ထိန်ဖွင့်ထားပြီး
စားပွဲတစ်လုံးရယ် စားပွဲပေါ်ကကိတ်လေးရယ်နဲ့ ပါဆယ်ဘူးသေးသေးလေးတစ်ဘူးရယ် ။

ဒါတွေကကျွန်တော်လုပ်ပေးရမယ့်
အရာတွေလေ ။
ပြီးတော့ကျွန်တော်ကစပရိုက်လုပ်မို့
တွေးထားတာလေ ခွန်းငယ်က
စပရိုက်ထက်ပိုတဲ့ ရှန်ပိန်တိုက်လိုက်တယ်လား ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Tempat cerita menjadi hidup. Temukan sekarang