Part-20🍁 (U+Z)

2K 177 28
                                    


Part-20❤

မိုးတွေတိတ်လို့ ငှက်လေးတွေ
ကောင်းကင်ပေါ်မှာ အတောင်ဖြန့်လို့ပျံဝဲနေချိန်နေလုံးကြီးလဲအနောက်အရပ်သို့
ကိုင်းညွတ်သွားသည့် ညနေခင်းအချိန်ဝယ် ​မြန်မာရင်ဖုံးဝတ်စုံလေးနဲ့
သေ​သေသပ်သပ်လှပနေတဲ့ မိန်းခလေးနှစ်ဦးရွှေတိဂုံစေတီပေါ်သို့
ချီတက်လာခဲဲ့ကြပါတယ် ။

အသားအရေဖြူစင်ပြီးလှပတဲ့
သူတို့နှစ်ဦးရဲ့ကိုယ်ပေါ်တွင်
ဆင်စွယ်ရောင်ဇာလေးနဲ့ပြောင်ရှင်းနေတဲ့နက်ပြာရောင်ထမီရယ်
ကြက်သွေးရောင်ထမီလေးရယ်ဖြင့်
လက်တွင်လည်း ပုဝါလေးတွင်ချိတ်ကာ
အရမ်းကိုကျက်သရေနှင့်ပြည့်စုံနေလေသည် ။

" အမရေ...ပန်းဝယ်ပါအုံး"

ကလေးငယ်တစ်ယောက်၏လက်ထဲတွင်
သီကုံးထားတဲ့ရွှေပန်းငွေပန်းတွေရယ်
စံပယ်ကုံးလေးတွေရယ်ကြောင့်
အနံ့ကမွှေးကြိုင်လို့ ဘုရားကပ်ချင်စရာအတိ ။

" ယာယာပန်းဝယ်မလား
ပန်းလေးတွေလှတယ်ရော"

" ခွန်းချိုက
ရွှေပန်းလားငွေပန်းလားစံပယ်လား"

" အကုန်ကြိုက်တယ်....ယာယာရော"

" ယာယာက ငွေပန်းကြိုက်တယ်
ငွေပန်းဆိုဖြူစင်တယ်အေးချမ်းတယ်လို့
ယာယာခံစားရတယ်"

". အာ့ဆို.. ကလေးငွေပန်းတွေ
အကုန်ယူမယ်ဆိုဘယ်လောက်ပေးရမလဲ "

" ၂၅၀၀ပါအမ...အကုန်ယူမလို့လား"

". ဟုတ်တယ် ခွန်းချိုအကုန်ယူမလို့လား"

ပန်းရောင်းသည့်ကလေး၏စကားကို
ယာယာပါထောက်ခံမေမြန်းလာသည်။

" နင်ကြိုက်တယ်ဆို...ယူလိုက်ပါ
နောက်ဆိုငါကိုယ်တိုင်သီပေးအုံးမယ်
နင်ဘုရားပန်းကပ်ဖို့အတွက်လေ"

" တကယ်နော်ခွန်းချို"

" ဒါပေါ့....ဒါလိမ်စရာမှမဟုတ်တာ"

"ရော့မမ
ပန်းလိုမွှေးလို့ရေလိုအေးပါစေနော် မမတို့"

" ပေးတဲ့ဆုနဲ့ပြည့်ပါစေကလေးရေ
ရော့၃၀၀၀ပိုတာမုန့်ဖိုးယူလိုက်နော်"

" ဟုတ်ကဲ့..ကျေးဇူးတင်ပါ​တယ်မမ"

တကယ်ပါ ယာယာနောက်ဆို
နင်ကြိုက်တဲ့ငွေပန်းတွေတောင်
ခြံအပြည့်စိုက်ထားအုံးမယ် ။
ဘယ်လိုလေးလည်းမသိပေမယ့်
နင်ပျော်နေရင်ငါကျေနပ်နေသလို
နင်ကြိုက်တာလဲ
အကုန်ဖြည့်ဆည်းပေးချင်နေတယ်။
ခုလည်းကြည့်ပါလား...ပန်းကုံးတွေနဲ့ပြုံးလို့။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now