Part-25 🍁(U+Z)

1.5K 134 12
                                    


Part-25 ❤

အသိစိတ်လေးဝင်လာတဲ့အချိန်မှာ
နှာခေါ​င်း ကနေ ဆေးနံ့ရယ်
နားထဲကနေ လူနာတွန်းလှဲဲဆွဲနေတဲ့
အသံတစ်ချို့ရယ်
လက်တစ်ဖက်ကလည်းဆူးနေသည့်
အနေအထားနဲ့ မျက်လုံးကိုဖြည်းဖြည်းချင်း
ဖွင့်ကာ မြင်လိုက်ရတဲ့မျက်နှာကျက်အဖြူ ။

ငါဘယ်ရောက်နေတာလဲ ။
ဘေးနားကဆေးချိတ်တန်းမှာတွဲလွဲခိုနေတဲ့ဆေးပုလင်းအချို့နှင့်အတူ
ဆေးပိုက်ကိုမြင်တော့မှ သေချာတယ်
ဒီနေရာဟာ ဆေးရုံဖြစ်နိုင်တယ် ။
ဒါနဲ့ တံတားပေါ်ကနေဘယ်လိုဖြစ်လို့
ဆေးရုံရောက်လာခဲ့ရတာလဲ ။
ဒီကြားထဲဘာတွေဖြစ်ခဲ့တာလဲ ။
တံတားပေါ်ကိစ္စတွေ​ပြန်တွေးလည်း
မမှတ်မိ ခေါင်းသာရှုပ်လာခဲ့သည် ။

ထို့နောက် ဘေးနားကိုလှည့်ကြည့်လိုက်စဥ်
ယာယာ၏လက်ဖဝါးလေးကို
ဆုပ်ကိုင်ထားရင်း ကုတင်စောင်းမှာ
အိပ်ပျော်နေသည့် ခွန်းချို ။
နှုတ်ခမ်းကွဲနေတာရယ်
လက်မောင်းကဒဏ်ရာရယ်ကြောင့်
သူမတို့တစ်ခုခုတော့ဖြစ်ခဲ့မည်ဆိုတာ
သေချာတယ် ။
ဒါပေမယ့် ယာယာစဥ်းစားလို့မရနေဘူး ။
သို့ပေမယ့် ခွန်းချိုအိပ်နေတာလေးက
အရမ်းကြည့်လို့ကောင်းနေတယ် ။

ယာယာ့အနားမှာရှိနေပေးလို့
ကျေးဇူးအများကြီးတင်ပါတယ် ။
ဒီလိုနဲ့ ယာယာလည်း ခွန်းချိုကို
ဆက်ပြီးအားကိုးနေမိရင်း
သူငယ်ချင်းထက်ပိုသွားခဲ့ရင်
ခွန်းချိုယာယာကိုတစ်ယောက်ထဲ
ထားသွားမလားဟင် ။
ခုလည်းသူငယ်ချင်းသံယောဇဥ်ထက်
ပိုနေမိပြီးထင်တယ် ။
တစ်ခုခုဆိုသူမကိုပဲတမ်းတနေမိပြီးမလား။

အိပ်မောကျနေတဲ့ခွန်းချိုကိုသူမ
မနှိုးရက် ရင်ခုန်နေရင်းနဲ့သာကြည့်နေမိတယ် ။ သူမကချောတယ်၊ သန်မာတယ်၊
ယာယာ့ကိုလည်းဂရုစိုက်တယ် ၊
ယာယာရဲ့မိဘတွေတောင်
ယာယာ့အနားမရှိကြဘူး ။
ယာယာဘာဆက်လုပ်သင့်လဲခွန်းချို ။
ယာယာအားလုံးကိုထားခဲ့ပြီး
ထွက်သွားချင်ပေမယ့်
ခွန်းချိုကြောင့်ယာယာ
နောက်ဆံတင်းနေမိတယ် ။
ခွန်းချိုနဲ့မခွဲချင်ဘူး။
ခွန်းချိုတော့ယာယာကို
မထားသွားလောက်ဘူးမလားဟင်။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now