Part-23 🍁 (U+Z)

1.5K 147 26
                                    


Part-23❤

ခွန်းချိုစဥ်းစားစမ်းပါ ဒီဦးနှောက်က
ယာယာဘယ်သွားနိုင်လောက်မလဲ ။ pls. ...ခေါင်းကိုတဖွဖွထုရင်း
ခွန်းချိုစဥ်းစားနေပေမယ့်မျက်လုံးထဲမပေါ်လာ ။ အရမ်းကြာနေပြီး၄နာရီဝန်းကျင်
ပျောက်ဆုံးနေပြီး
ရဲစခန်းကိုသွားတိုင်သင့်ပြီးလား
တောင်တွေးမြောက်တွေးနဲ့
ပူနေတဲ့စိတ်ကလည်းတဖွဖွပိုလာတယ် ။

ကားရှေ့ခန်းက ဦးကလည်းချွေးတွေ
တ​ပြိုက်ပြိုက်နဲ့​ခေါင်းငိုက်စိုက်လို့ ။
လက်ဝါးတွေနဲ့နဖူးကဆံပင်ကိုထိုးဖွရင်း
ရင်ပူနေရတယ် ။
ခွန်းငယ်ကကားမောင်းသူမို့
မနည်းစိတ်ထိန်းထားပုံရသည်။
စကားတစ်ခွန်းမှမဆိုလာ
လမ်းဘေးနှစ်ဖက်ကောလမ်းမထက်က
နေရာမကျန်လိုက်ကြည့်နေရတယ် ။

စိတ်တွေရှုပ်ထွေးလာသဖြင့်
စဥ်းစားမရသည့်အဆုံး
စိတ်ကိုလျော့ကာ နှလုံးသား ဖြင့်ခံစားရင်း
ဖြစ်နိုင်ချေအရှိဆုံးနေရာကိုပုံဖော်နေမိသည် ။

" ခွန်းချို..နင်စိတ်ညစ်ရင် ဘာလုပ်တတ်လဲ"

" ငါလားငါစိတ်ညစ်ရင် တစ်နေရာရာမှာ
ရန်ရှာပြီးရန်ဖြစ်လိုက်တာတို့လုပ်တယ်"

" အမလေး..နင်ကယောကျာ်းကြီးကျနေတာပဲ"

" ဟားဟားနည်းနည်းသန်မာသွားတာပါ
ယာယာနင်ရောစိတ်ညစ်ရင် ဘာလုပ်တတ်လဲ"

" အင်း.........."
အချိန်ခဏကြာစဥ်းစားနေ

" ငါကအမြဲလိုလိုစိတ်မပျော်နေတတ်ဘူးလေအထွေအထူးတော့ မလုပ်တတ်ဘူး
ဒါပေမယ့် တကယ်ပဲ စိတ်ထွက်ပေါက်မရှိတဲ့ထိစိတ်ညစ်လာရင်တော့
တံတားပေါ်ကနေခုန်ချတာမျိုးတို့
လုပ်ပလိုက်မှာ"

" ဟာယာယာ အဲ့လိုမလုပ်ရဘူးလေ
ငါကနင့်စိတ်ထွက်ပေါက်ဖြစ်အောင်
လုပ်ပေးမှာပေါ့"

" အေးပါ..အေးပါသဘောပြောတာငါက"

အရင်တုန်းကယာယာရဲ့စကားတွေနားထဲပြန်ကြားလာသည့်ခွန်းချိုဟာထိတ်လန့်စွာအော်ဟစ်လိုက်မိသည် ။

" မဖြစ်ဘူး"

ခွန်းချိုအော်သံကြောင်ကားကိုလမ်းဘေးရပ်ကာ နှစ်ယောက်သား ခွန်းချိုကို
အလန့်တကြား ပြန်ကြည့်လာသည် ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now