Part-2 🍁(U+Z)

4.1K 384 51
                                    


♥Part-2♥ Unicode

တစ်....နှစ်....သုံး....လေး...ငါး...ခြောက်....
.ခုနစ်...ရှစ်.....ကိုး...... ဒိတ်ဒိတ်...ဒိတ်ဒိတ်...ဒိတ်ဒိတ်.....ဒိတ်ဒိတ်...
ခုန်တက်လာတဲ့ရင်အစုံကိုဖိကာ...မောင့်ကိုကျွန်မချစ်နေမိကြောင်းဝန်ခံခဲ့တယ်...ဟုတ်တယ် ကျွန်မကနှောင်းငယ် ကျွန်မအနားမှာရစ်သီရစ်သီနဲ့​ဆိုးသွမ်းနေတဲ့ မောင့်ကို ကိုးစက္ကန့်နဲ့ရင်ခုန်မိရင်း ကျွန်မတို့ချစ်ကြိုက်မိသည့် ပထမဆုံးနေ့ 9.7.1996( အင်္ဂါနေ့) .......... ပထမစာမျက်နှာ

ခပ်ဆိုးဆိုး ဂျလေဘီ ဂုဏ်ရှိန်ဝင့်ထည် ကို ကျွန်မက မောင်လို့ တရားဝင်ခေါ်ခဲ့တဲ့နေ့......

" မောင်...."

" ဗျာ..."

မောင့်ရဲ့ ဗျာလို့ထူးတဲ့အသံကလေ..... ဆည်းလည်းသံလေးတွေထပ်နားထောင်လို့ကောင်းတယ် မောင်.... နှောင်းလေ ကတ်ဆက်လေးနဲ့တောင်အသံသွင်းပစ်ပြီး မနက်ခင်းတိုင်း မောင့်ရဲ့အသံနဲ့နိုးထလာချင်လိုက်တာ....

နှောင်း ကစိတ်ကူးယဥ်တတ်လွန်းလို့ မောင့်ကိုတော့မပြောပြဖြစ်ပါဘူး စာအုပ်လေးထဲမှာပဲ စာကြောင်းလှလှလေးနဲ့ သိမ်းထားမယ်နော်..... မောင်
( 9.7.1996) ဒုတိယစာမျက်နှာ....

ဒီနေ့ဆို မောင်နဲ့ ၃ကြိမ်တိုင်တိုင်ချိန်းတွေ့တဲ့နေ့လေ.
ရင်ခုန်တယ်ဆိုတာလေ နှောင်းပြောမပြတတ်လောက်အောင်ပဲမောင်.......

" ချစ်တယ်...နှောင်းငယ်.ရယ်.."

" နှောင်းကမောင့်​ထက် အသက်ကြီးတယ်လေ ဘာလို့နှောင်းငယ်လည်းမောင်..."

" နှောင်းငယ်ကအသက်ပဲကြီးတာ မောင့်နှလုံးသားထဲမှာတော့ နှောင်းငယ်က ကလေးလေးပဲ မောင့်အချစ်အသည်းအသက်လေး"

" ဟာသွားပါ.....မောင်နော်.."

ရှက်ရမ်းရမ်းနေတဲ့ကျွန်မရဲ့ပါးမို့မို့လေးအထက်ကို မောင်ရဲ့နွေးထွေးတဲ့အကြင်နာအနမ်းတစ်ပွင့် ပန်ဆင်ပေးခဲ့တယ်..... ပထမဆုံးအနမ်း...... ပထဆုံးသောအချစ်ဦးဆီကတဲ့...နှောင်းပျော်လိုက်တာမောင်ရယ်.....

(13.9.1996) တတိယ စာမျက်နှာ

~ သြော် နှောင်းငယ်ရယ် ချစ်တတ်လိုက်တာ ဒိုင်ယာရီမှာတောင်နှောင်းငယ်ရဲ့အကြောင်းတွေထပ်မောင့်ကိုချစ်တဲ့အကြောင်းတွေကြီးပါပဲလား.... ကျွန်တော်က ကိုယ့်ကိုယ်ကို နှောင်းငယ်ဆိုတာကိုလက်မခံနိုင်သေးဘူး... ကျွန်တော်ကခွန်းငယ်.... ချစ်ခွန်းငယ်..... ကျွန်တော်နှောင်းငယ်လောက်တော့ချစ်တတ်မယ်မထင်ဘူး.....အမ်း..မချစ်ဖူးသေးတာလဲဖစ်နိုင်မှာပါ....~

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Tahanan ng mga kuwento. Tumuklas ngayon