Part-10 🍁 (U+Z)

3K 312 36
                                    

Part-10❤

မနက်ရောက်သော်...

"ဒေါက်...ဒေါက်...ဒေါက်..."

" ခွန်းငယ်...မေမေဝင်ခဲ့မယ်နော်"

ပုံမှန် မနက်၉နာရီလောက်မှထတတ်တဲ့
ခွန်းငယ် ဒီမနက်တော့အစောကြီးနိုးလို့
ရေမိုးချိုးလို့ပြီးနှင့်နေပြီး။

"မေမေ သားနိုးနေပါပြီး"

" မေမေကပြောစရာရှိလို့ပါ"

" ဟုတ်ကဲ့မေမေ"

ခုံ​ပေါ်ထိုင်နေတဲ့ကျွန်တော်နဲ့
မျက်နှာချင်း​ဆိုင် ကုတင်မှာမေမေ
ထိုင်ချပြီး ဂရုဏာသက်တဲ့အကြည့်လေးနဲ့
ကျွန်တော့်ကိုကြည့်လို့နေတယ်။

"မေမေ....သားကို ဘာပြောစရာရှိလို့လဲ"

" ဟင်း. ( သက်ပြင်းသေးသေးလေးချကာ )
သား ထွက်ပြေးနေရတာ
စိတ်ပင်ပန်းနေပြီးမလား"

".ဗျာ...မေမေ....ဘာကိုဆိုလိုတာလဲ"

" အမေ့သားက
မသိချင်ယောင်ဆောင်နေတာလား
တကယ်မသိတာလား"

" အဲ့တာကမေမေ.....ဟို"

" မေမေကသားတို့ကိုမွေးခဲ့တဲ့အမေပါ
သားမျက်နှာတစ်ချက်ညှိုးတာနဲ့
ဘာဖြစ်နေလဲမသိပဲနေမလား"

" ဟင့်ဟုတ်တယ် ပင်ပန်းတယ်မေမေ
ပင်ပန်းပေမယ့်
ကျွန်တော်ထွက်ပြေးနေအုံးမှာပါ"

" ဘာဖြစ်လို့ထွက်ပြေးနေတာလည်း သားရယ်"

" သားကယောကျာ်းလေးတစ်ယောက်လေယောကျာ်းလေးတစ်ယောက်ကို
ချစ်မိသွားမယ်ဆိုရင် အဲ့ဒီလူက
အရင်ဘဝကချစ်သူဖြစ်နေပါစေ
ရှေ့ဆက်သင့်ပါ့မလာ ပြီးတော့
သားကြောင့် မေမေတို့သိက္ခာကျသွားမှာ
မလိုလားဘူးလေ"

" သားရယ် သိက္ခာဆိုတာ
ဘယ်လိုမျိုးကိုသတ်မှတ်တာလဲ
အမေ့သားကတစ်ပါးသူပစ္စည်းခိုးနေတဲ့
သူခိုးလား လုယက်နေတဲ့
အကြမ်းဖက်သမားလား
သူများသားမယားကိုဖျက်ဆီးနေတဲ့သူမို့လား အိမ်ထောင်ရှိနေတဲ့လူကိုချစ်ခင်စုံမက်ပြီး
သူများအိမ်ထောင်ဖျက်ဆီးနေတဲ့သူမို့လား
​ မဟုတ်ဘူးလေ သားက လူသားတွေ
မလွန်ဆန်နိုင်မရှောင်လွှဲနိုင်တဲ့အချစ်နဲ့
တွေ့နေရုံလေးပါ ဘာက သိက္ခာကျစေမှာလည်းသားရယ် "

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now