Part-16-2 🍁(U+Z)

2K 215 4
                                    


Part-16❤ (16-2)

မိုးကြီးလေကြီးလို့ မုန်တိုင်းကြောင့်
တစ်လောကလုံးအမှောင်ကျနေသလို
ညနေခင်းတစ်ခုမှာ

"နှောင်းငယ်......ပြန်တော့မလို့လား
ကိုယ်လိုက်ပို့ပေးမယ်
မိုးအရမ်းကြီးနေတော့
နှောင်းငယ်တစ်​ယောက်ထဲ
အဆင်မပြေဘူးထင်တယ်"

" ကျေးဇူးတင်ပါတယ် ကိုမိုးညို
နှောင်းငယ်ကိုမောင်လာကြိုမှာမို့လို့
နှောင်းငယ် ဒီနားလေးစောင့်နေတာပါ"

နေရာကတော့ ယခု.* Ñåŭñĝ Studio *
မှာပေါ့ အရင်ကတော့ယခုလို
မှန်တွေနဲ့ကာထားပြီး လှလှပပနဲ့မဟုတ်ဘူးရယ် ။ သိပ်မကြီးသေးတဲ့ studio လေးရယ် ပတ်ဝန်းကျင်ကလည်းအပင်တွေသာ
များနေပြီး ယခုလို ဆိုင်ခန်းတွေ
မရှိသေးဘူးရယ် လူအနည်းငယ်
ပြတ်သည့်နေရာ ဖြစ်သည့်အလျောက်
နှောင်းငယ်တစ်ယောက်တည်း
မောင့်ကိုစောင့်နေခဲ့သည့်ညနေခင်းတစ်ခု ။

" မိုးအရမ်းကြီးနေတော့လာပါဥိီးမလား
အဆင်မပြေရင်ပြောနော်
ကိုမိုးညို ပြန်လိုက်ပို့ပေးပါ့မယ် "

" ကျေးဇူးတင်ပါတယ် ကိုမိုးညိုအရင်ပြန်နှင့်ပါ နှောင်းအထဲ မှာဝင်စောင့်လိုက်ပါ့မယ် "

" ကိုယ်ဝိုင်းစောင့်ပေးပါ့မယ်
ကိုယ့်ဂီတမောင်နှမအချင်းချင်း
စိတ်ပူလို့ပါ ဗျာ"

ကိုမိုးညိုဆိုတာ....စတူဒီယိုအတွက်
တူရိယာအချို့တီးခတ်ပေးနေသည့်
လူတစ်​ယောက်။
နှောင်းငယ်ကိုလည်း စိတ်ဝင်စားနေသည့်
သူပေါ့ ။ ထိုနေ့က နှောင်းငယ်
သီချင်းအသံသွင်းသည့်နေ့မို့
ကိုမိုးညိုနဲ့ မဆုံချင်တောင်
ရှောင်လွှဲလို့မရသည့်အနေအထား ။
စိုင်းနာင် ကလည်း နောက်ဆက်တွဲ
လုပ်ရမည့်ဟာတွေနဲ့ အထဲမှာ ရှုပ်နေ၏။
ထိုနေ့ကမုန်တိုင်းဟာ ရိုးရိုးမုန်တိုင်းမဟုတ်တဲ့ နှောင်းငယ်နဲ့ မောင်ကြားက မုန်တိုင်းဆိုပိုပြီး
မှန်လိမ့်မည် ။

မိုးကြီးလေကြီးထဲမှာ ကားငှား၍မရသည့်အနေအထားမို့ ဂုဏ်ရှိန်တစ်ယောက်
နှောင်းငယ်ရှိတဲ့ နေရာဆီ လမ်းလျှောက်လို့သာလာခဲ့ရသည် ။
စာမေးပွဲနီးနေသည့်သူ့အဖို့ ကျူရှင်လည်း
ပြေးမရ၍ ကျူရှင်ချိန်ပြီးမှသာ ၇မှတ်တိုင်
မနီးမဝေး ကွာဝေးသည့်studioဆီ
ချစ်ရသူစောင့်မျှော်နေမည်ဆိုး၍
အပြေးတစ်ပိုင်းလမ်းလျှောက်တစ်ဝက်ဖြင့် ခေါက်ထီးလေးမလုံတလုံမိုးကာ
မိုးသည်းထဲတစ်မှု လေကြမ်းတိုက်လို့
ထီးလန်တာတစ်မှုနဲ့ နောက်ဆုံးမှာတော့
မိုးရေစိုရွှဲစွာဖြင့် studio နားသို့
ရောက်လာခဲ့သည် ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Opowieści tętniące życiem. Odkryj je teraz