Part-14 🍁(U+ Z)

2.3K 262 27
                                    

Part-14❤

vibrate တုန်ခါမှုကြောင့်
ခုနလေးတင်ကျသွားတဲ့ဖုန်းလေး
တစ်ဖန်အဝင် call ပြနေသည်။
ဒီတစ်ခါ contact မှာတော့ခွန်းချို
မဟုတ်သည့် unknown contact.
ထိုဖုန်းကိုကိုင်သင့်လားမကိုင်သင့်လား
စဥ်းစားနေစဥ် ဝင်နေတဲ့ဖုန်းလေး
ကျသွားခဲ့တယ် ။

မကြာပါဘူး ဖုန်းလေးတုန်လာကာ
နောက်တစ်ကြိမ် ထပ်ခေါ်နေသည့်အတွက်
ကိုင်ဖို့သာ ဆုံးဖြတ်လိုက်သည်။

ဖုန်းလေးကိုင်ကာ ပြတင်းပေါက်ဘောင်ပေါ်
တက်ထိုင်ရင်း ဖုန်း screen ပေါ်က
အစိမ်းလုံးလေးကိုအပေါ်သို့ဆွဲတင်လိုက်၏။

ကိုင်လိုက်သော်လည်း တစ်ဖက်ဆီက
ဘာအသံမှထွက်မလာ တိတ်ဆိတ်လို့နေသည်။
တစ်မိနစ်လောက် အကြာမှာ

"Hello. ...ကိုယ်ပါခွန်းငယ်
ဖုန်းမချပြစ်လိုက်ပါနဲ့နော်..

"..........."

ဘာမှပြန်မပြော နားထောင်ရုံသာ
နားထောင်နေလိုက်သည်။
အသံကြားရုံမျှတောင် ရင်အစုံ
လှိုက်ဖိုခုန်တက်နေသည်။
ထိုရင်ခုန်သံကို မကြားစေချင်၍ သာ
တိတ်ဆိတ်နေမိသည်ဆိုပိုမှန်မည်။

"ကလေး...နားထောင်နေတယ်
မဟုတ်လားတစ်ခုခုတော့ပြန်ပြောအုံးလေ"

ခွန်းငယ်​ တိုးတိုးသာသာ
အေးအေးလေးပြန်ပြောလိုက်သည်။

" ဖုန်းမဆက်ပါနဲ့လို့
ကျွန်တော်မှာထားတယ်လေ "

တိတ်ဆိတ်နေတဲ့ညကလေးမှာ
ညင်ညင်သာသာလေးနဲ့ တိုးဝှေ့လာတဲ့
မင်းအသံလေးကဒိီရင်ကိုအေးမြစေတယ်။

လုံလောက်ပြီး မင်းအသံလေးကြောင့်
ဒီညတော့ ကိုယ်အိပ်ပျော်ပြီးထင်ပါတယ်။
သေချာတယ် ဒီညတော့
စီးကရက်လည်းကိုယ့်ကိုယ်
အဖော်ပြုပေးစရာမလိုတော့ဘူး ။
အလွမ်းတွေကလည်း ကိုယ့်ကို
မနှိပ်စက်နိုင်တော့ဘူး ။

ခွန်းငယ် တဲ့ဒီကောင်လေးက
ကျွန်တော်ဘဝ ပူလောင်ခြင်းတွေကနေ
အရိပ်အေးလေးတွေမိုးပေးနေတဲ့
ကျွန်တော့်ဘဝရဲ့ အေးချမ်းခြင်းလေး ။

"sorry ပါ ခွန်းငယ်အသံကိုကြားချင်နေတဲ့
စိတ်ကို ကိုယ်ထိန်းမရလို့ပါဗျာ
ဒီလူကြီးကအမှားလုပ်မိပါတယ်
စိတ်ဆိုးပြီးဖုန်းတော့မချလိုက်ပါနဲ့နော်"

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Nơi câu chuyện tồn tại. Hãy khám phá bây giờ