Part-26 🍁 (U+Z)

1.5K 137 35
                                    


Part-26 ❤

ဘယ်အချ်ိန်ဘယ်လိုအိပ်ပျော်သွားလဲ
မသိပေမယ့်
ကျွန်တော်တစ်ရေးနိုးလာတော့
နေ့လည်ထမင်းစားချိန်လောက်ရှိပြီးထင်ပါရဲ့ ။
မချိုတောင်ထမင်းချိုင့် ငါးအန်ချိုင့်နဲ့ ​
ရောက်နှင့်နေပြီး ။
ကျွန်တော့်အမနဲ့ယောက်ဖကတော့
အလုပ်ထဲနစ်နေတုန်းပင် ။
ဘေးနားက တရားစာအုပ်နဲ့
ပုတီးစိပ်နေတာကတော့ကျွန်တော်မိခင်။
မချိုကတော့ စာအုပ်တစ်အုပ်ကိုဖတ်လို့
ကျွန်တော့်ကြည့်လိုက်တော့
စာရေးဆရာသိုးဆောင်းရဲ့ သူဘယ်သူလဲ
ဆိုသည့်စာအုပ်ကိုဖတ်လို့နေသည် ။

စာရေးဆရာသိုးဆောင်းရဲ့စာအုပ်ကိုဖတ်နေရင် ပတ်ဝန်းကျင်ကိုသတိမထားမိသည်အထိ
သူ့ဇာတ်ထဲမျောပါသွားအောင်
ရေးနိုင်တာတော့တကယ်ပဲတော်တယ်။ ကျွန်တော်လည်းသိုးဆောင်းစာအုပ်တွေ
ဖတ်ရတာကြိုက်တယ် ။
ခုလည်း သတိကြီးတဲ့မချိုတောင်
ဇာတ်မှာမျောနေတာကျွန်တော်နိုးပြီး
ထထိုင်နေတာတောင်သူသတိမထားမိဘူးလေ ။

ယာယာမား " နိုးပြီးလား....ဂုဏ်ရှိန်
ဘယ်လိုနေသေးလဲ ဘာဖြစ်သေးလဲ
အဆင်ပြေရဲ့လား"

ဂုဏ်ရှိန် " ပြေပါတယ် မမရယ်
မေးခွန်းတွေစုံလို့ဘယ်ကနေဖြေရမှန်းတောင်
မသိတော့ဘူး လောလောဆယ်တော့
ရေသောက်ချင်လို့ ရေတိုက်ပါအုံး"

မာမီ " အမလေး..နိုးလာတော်မူပြီးပေါ့ဂုဏ်ရှိန်
ငါ့မှာဖြင့်စိတ်ပူလိုက်ရတာသွေးပါတက်တယ်. ဘုရားသကြားမလို့ မင်းအသက်မပျောက်တာ"

ဂုဏ်ရှိန် " မာမိီနဲ့မမကလေ တူတူပဲ
မပြောချင်တော့ဘူး အိမ်မှာပဲနေနေပါလား
လာပြီးအပြစ်တင်နေသေးတယ်
ခုလိုအခြေအနေတွေဖြစ်ရတာ
ဘယ်သူတွေကြောင့်လဲ အတ္တသမားတွေကြီးပဲ"

မမကမ်းပေးတဲ့ရေခွက်ကိုယူကာသောက်ရင်း
မချိုကိုလှမ်းကြည့်လိုက်တော့စာအုပ်လေးချလို့ ကျွန်တော်စကားတွေကိုနားထောင်နေတယ် ။

ယာယာမား " ငါဆုံးဖြတ်ပြီးပြီး
ယာယာဆေးရုံကနေဆင်းလို့ရရင်
ငါအမေရိကားကိုခေါ်သွားလိုက်မယ်
ဒီတစ်ခေါက် project က
အမေရိကားအခြေစိုက်ဆိုတော့
သူ့ကိုလည်းအဲ့မှာပဲ
ကျောင်းတက်ခိုင်းလိုက်တော့မယ်
အနည်းဆုံးတော့ငါနဲ့အတူရှိတော့
သူစိတ်ကျေနပ်သွားမှာပေါ့ "

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Dove le storie prendono vita. Scoprilo ora