Part-9 🍁(U+Z)

2.8K 311 36
                                    


Part-9♥

ပုံမှန်ဆို အိမ်လေးဟာ အမွှာနှစ်ယောက်ရဲ့ တကျက်ကျက်စကားနိုင်လုတဲ့အသံတွေနဲ့ညံလို့။
ညညဆို TV remove လုရင်း ဟို channel
ကြည့်မယ် ဒီ Channel ကောင်းတယ်နဲ့
လုယက်သံတွေကျယ်လို့။
ယခုတလောမှာတော့ သိသိသာသာ
တိတ်ဆိတ်လို့အိမ်လေးဟာလည်း
အထီးကျန်လို့နေတယ်။

" ကို...ကလေးနှစ်ယောက်ကို ကြည့်ရတာ
စိတ်ဒဏ်ရာတွေရနေပြီးထင်တယ် "

" ချိုရယ်....ဒီအရွယ်တွေက
ထိလွယ်ရှလွယ်တွေပါ အရမ်းကြီးစိတ်မပူပါနဲ့ကလေးတွေအဆင်ပြေသွားမှာပါ"

" ချိုကြောင့် ကလေးတွေစိတ်ပင်ပန်းနေရတယ်ထင်တယ်....ချိုကသမီးကို
စိတ်ဆင်းရဲတွင်းထဲပို့မိသလို
သားကိုလည်းမဆည်နိုင်ခဲ့ဘူးထင်တယ်ဟင့်..."

" ချိုရယ်မငိုပါနဲ့ချိုကမိခင်ကောင်း
တစ်ယောက်ပါချို ဒီကလေးနှစ်ယောက်ကို
ငြိမ်သက်အောင်ပြန်ထိန်းနိုင်မယ်လို့ကိုယုံတယ်ချိုမငိုပါနဲ့....ချိုမှန်တယ်ထင်တဲ့ဟာလုပ်ပါ
ကိုယ်ချိုအနောက်မှာအမြဲရှိတယ်နော် "

"ကျေးဇူးတင်ပါတယ်ကို ဒါဆို ချို....
ခွန်းချိုကိုသွားတွေ့လိုက်အုံးမယ်နော်...."

"အဆင်ပြေသွားမှာပါချို ကလေးကို
သေချာရှင်းပြသွန်သင်ခဲ့နော်
ချိုလုပ်နိုင်ပါတယ် "

ကိုကတော့ချိုကိုနူးနူးညံ့ညံ့သာပြုံးပြ၍
ယုံကြည်သည့်အကြည့်ဖြင့် ချိုကို
အားပေးနေသည်။
ကျေးဇူးတင်ပါတယ် ကို့ရဲ့နားလည်ပေးမှုကြောင့် ချိုတို့အိမ်ထောင်ရေးအမြဲ အဆင်ပြေနေခဲ့တယ်။ ကလေးတွေကိုလည်းနားလည်ပေးတယ် ။
ချိုရော ကလေးတွေရော ကိုနဲ့ရေစက်ဆုံခွင့်ရတာသိပ်ကံကောင်းခဲ့ကြပါတယ် ။

~ မိသားစုတစ်ခုမှာ မိသားစုရဲ့ထောက်တိုင်
ဖြစ်တဲ့အိမ်ထောင်ဦးစီး ဆီက
နွေးထွေးမှု ယုံကြည်မှု အကြင်နာတရားတွေ
ခိုင်ခိုင်မြဲမြဲ ရရှိနေရင် ဒီမိသားစုလေးဟာ
အမြဲနွေးထွေးနေမှာပါ ~

ဒေါက်...ဒေါက်..ဒေါက်....
" ခွန်းချို....မေမေဝင်လာခဲ့မယ်နော်"

အခန်းတံခါးဘုလေးလှည့်ကာ ဝင်လာခဲ့သည်။ ကုတင်ကိုမီရင်းအောက်မှာခွေခွေလေးထိုင်ကာ
ဒူးနှစ်ဖက်ကိုဖက်လို့ငိုနေတဲ့ခွန်းချို ကို
မြင်ရသည်မှာ ရင်နာလှပါသည်။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now