Part-4🍁(U+Z)

3.3K 363 44
                                    

Part-4❤

တိုးတိုးလေးမှတိုးတိုးလေး တစ်ကိုယ်တော်ကြားရုံလေးမျှ ကျွန်တော်ရေရွတ်မိသည့်နာမ်စားက
" မောင်....." တဲ့ ရပ်တန့်သွားတဲ့ကမ္ဘာ့လည်ပတ်မှုထဲမှာ ကျွန်တော်နဲ့ခင်ဗျားနှစ်ယောက်ထဲရှိနေသလိုမျိုးလေး ။အဖြူအမည်းဓာတ်ပုံထဲကခင်ဗျားနဲ့ colour ရောင်စုံမြင်ရတဲ့ခင်ဗျားက ဘာမှမထူးမခြားမနား ချောဆဲခန့်ဆဲပဲလားဗျာ။ ဒါတွေဟာ ဓာတ်ပုံတစ်ပုံကြောင့်မှတ်မိမယ်ဆိုမှားတယ် ကျွန်တော့်နှလုံးသားကအလိုလိုမှတ်မိလာတဲ့ နှောင်းငယ်ပေးတဲ့လက်ဆောင်ပဲ။

လှိုက်ဖိုခုန်တက်လာတဲ့ပထမဆုံးတော့ ကျွန်တော့်ရင်ခုန်သံဟာလည်း ကျွန်တော်အထင်းသားပြန်ကြားနေရသည်။ တစ်ဆက်တည်း ကျွန်တော်တွေးမိလိုက်သည်က ကျွန်တော့်အချစ်ဦးက နောက်ထပ်ခင်ဗျားပြန်ပဲလား ။ မဟုတ်ဘူး ကျွန်တော့်နှလုံးသားကိုကခင်ဗျားကိုမှတ်မိနေခဲ့သည်လား ။

ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ခင်ဗျားရဲ့စူးရှတဲ့မျက်ဝန်းတွေကို ကျွန်တော်ရှောင်ဖယ်ဖို့အင်အားမရှိဘူး ။ လူကိုတွေ့တာနဲ့ဖမ်းစားဖို့ပြုစားနေပြီးလား မောင် ရယ် ။ ဟင် မောင်လို့တောင် မသိစိတ်ကတွယ်တာနေပြီးတဲ့လား ။ ကျွန်တော်သတိမထားမိခင်နှုတ်ခမ်းတစ်ဖက်ကကွေးသွားသည်တဲ့။ဒါကိုအပြုံးလို့ သတ်မှတ်မယ်ဆို ကျွန်တော်ပြုံးလိုက်မိသည်ပေါ့ ။

ကျွန်တော့်ရဲ့နှစ်ယောက်ထဲရပ်တန့်နေတဲ့ကမ္ဘာကို ငလျင်အသေးစားလေးလှုပ်ခပ်သွားစေသည်က ခွန်းချို ။
ကျွန်တော့အတွေးကမ္ဘာတွေ တစ်ဖက်ကမ်းမကျွံခင်
ကျွန်တော့်ကိုစိုက်ကြည့်နေတဲ့ မောင်က ခွန်းချိုခေါင်းပေါ်ကလစ်ဆီ ဦးတည်သွားခဲ့လေသည်။အမည်မဖော်ပြတတ်သည့်ခံစားချက်အချို့ဖြင့် ကျွန်တော်လည်း စားပွဲဝိုင်းသို့ဆင်းဖို့သတိရမိတော့သည်။

~ အချစ်တဲ့ အရာရာကိုသတိမမူမိအောင်ဖြားယောင်းတတ်သည်လား ~

ခွန်းငယ်ကိုစိုက်ကြည့်နေတဲ့ဦးကို ခွန်းချို လက်ယမ်းလှုပ်ခါ မှ ဒုတိယအကြိမ်ခွန်းချိုကိုလှည့်ကြည့်မိသည်။ မြင်လိုက်ရသည့် ကလစ် လေးကြောင့် ပြန့်လွင့်နေတဲ့စိတ်တွေတောင် ဂျုတ်ခနဲ ပြန်ရောက်လာသည်ထိ အံ့သြစေသည်။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now