Part-17 🍁 (U+Z)

2.2K 229 30
                                    


Part-17 ❤

ခွန်းငယ် ကိုဖြစ်စဥ်ကုန်ပြောပြနေရင်း
နှောင်းငယ်ဆုံးတာသူ့အပြစ်ဟု
ခံယူထားသည့် မောင်ဟာ ၁၈နှစ်တိုင်တိုင်
ကိုယ့်ကိုယ်ကိုအပြစ်တင်နေခဲ့တယ်တဲ့။
မောင်အရမ်းပင်ပန်းခဲ့မှာ ။

အခုလည်းမောင့်မျက်ရည်တွေ
အတားစီးမဲ့ ကြွေကျနေတယ် ။
ကျွန်တော့်ရင်ထဲမှာလည်း
တင်းကြပ်စွာနာကျင်နေတယ် မောင် ။
မောင် ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့
ဒါကံကြမ္မာကြောင့်ပါ ။

" နှောင်းငယ်ဆုံးပြီးနောက်မှ
ကိုမိုးညိုနဲ့ဆုံပြီး ဖြစ်စဥ်အကုန်ကို
ကိုမိုးညိုကပြောပြခဲ့တယ်
ကိုယ်နောင်တအကြီးအကျယ်နဲ့
ဘယ်လိုမှမရပ်တည်နိုင်တဲ့အဆုံး
ဒီနိုင်ငံကနေ ကိုယ်ထွက်ပြေး ခဲ့တယ်
တောင်းပန်ပါတယ် နှောင်းငယ်
ကိုယ့်ကြောင့်....အီးဟီး "

" ခင်ဗျား အပြစ်ရယ်မဟုတ်ပါဘူး
ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့.
ခင်ဗျားပင်ပန်းရင်ကျွန်တော့်ပခုံးကို
မှီလိုက်ပါဗျာ"

ခွန်းငယ် ပခုံးပေါ်ခေါင်းစိုက်မီလို့
ဦးဂုဏ်ရှိန်ဝမ်းနည်းစွာငိုနေမိသည်။
တစ်သက်လုံးမျိုသိပ်ခဲ့တဲ့
အပြစ်တင်စိတ်ကြောင့်
ယခုမှဖွင့်ဟခွင့်ရခဲ့သည်မို့
ကလေးငယ်ရှေ့ သူငိုမိသည် ။
မဟန်ဆောင်နိုင်တဲ့ထိငိုမိသည် ။
ပခုံးပေါ်ငိုနေတဲ့လူကြီးရဲ့ ကျော်ပြင်ကို
ခွန်းငယ်နှစ်သိမ့်ရင်း ဖြည်းဖြည်းချင်း
ပုတ်ပေးနေ၏။

" တကယ်တော့...နှောင်းငယ်ခင်ဗျားကို
ချစ်တဲ့အကြောင်းတွေ
ကျွန်တော်မြင်ခဲ့တယ် နှောင်းငယ်
နောက်ဆုံးထွက်သက်လည်း
ကျွန်တော်မြင်ခဲ့တယ် "

" ဘယ်လို......ခွန်းငယ်.....မြင်ခဲ့တယ်
မဟုတ်မှ."

" အဲ့တာတင်မကဘူး....နှောင်းငယ်ရဲ့
နောက်ဆုံးဆုတောင်းကြောင့်
ကျွန်တော်ညတိုင်း နှောင်းငယ်ဆိုတဲ့
နူးညံ့သိမ်မွေ့သည့်ခင်ဗျားခေါ်သံကို
ကြားယောင်ခဲ့ရတာ ကျွန်တော်အိပ်မက်ထဲ
နှောင်းငယ်ခဏခဏလာတယ်လေ "

" နှောင်းငယ်ကခင်ဗျားနောက်ဆုံး
ခေါ်သံနှင့်အတူ ခင်ဗျားကိုစွန့်ခွါခဲ့ပေမယ့်
သူ့ကတိအတိုင်း ခင်ဗျားအနား
ပြန်ရောက်လာခဲ့တယ်
သူ့ရဲ့စာတိုလေးတွေရေးထားတဲ့
စာအုပ်မှာတောင် ခင်ဗျားကို
ချစ်တဲ့အကြောင်းတွေသီကုံးလို့.
ခုလိုခင်ဗျား အပြစ်တင်စိတ်နဲ့
ရှင်သန်နေမှန်းသာ နှောင်းငယ်သိရင်
သူပျော်နိုင်မယ်လို့.ခင်ဗျားထင်လား."

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now