Part-29 🍁 (U+Z)

1.3K 126 15
                                    


Part-29❤

At 10 pm.......

" လေယာဥ်ထွက်ခွာတော့မည်
ဖြစ်ပါသောကြောင့် ခရီးသည်များ
ကျေးဇူးပြု၍ မိမိ၏လက်ကိုင်ဖုန်းများကို Airplane mode တင်ပေးကြပါရန်
ပန်ကြားအပ်ပါတယ်ရှင်
ကျေးဇူးတင်ပါတယ်ရှင် "

လေယာဥ်ပေါ်ကသတိပေးသံကြောင့်
ခရီးသည်အများအပြား ဖုန်းဖွင့်ကာ
Airplane mode တင်နေကြသည်။
ထိုအချိန် ယာယာလည်း
Airplane mode တင်ရန်
ဖုန်း screen ကိုအဖွင့်
တောက်ပစွာပြုံးနေသည့်
ခွန်းချိုမျက်နှာလေး screen ပေါ်
လှပစွာနေရာယူထားသည်ကိုမြင်လိုက်ရ၍ နှုတ်ဆက်စာပို့ရန် စာရိုက်လိုက်မိ၏ ။

* ခွန်းချို...... ငါနင့်ကိုချစ်တယ် ...... ကံမကုန်ရင်ပြန်ဆုံကြမယ်....... နင်နဲ့တစ်နေ့နီးဖို့
ယခုအချိန်မှာခွဲခွာခြင်းကိုငါရွေးလိုက်ရတာပါ
ငါတို့သေချာပေါက်ပြန်ဆုံမယ်နော်....
မနှုတ်ဆက်ရတဲ့အတွက် တောင်းပန်ပါတယ်
နင့်မျက်နှာကိုမြင်ရင်
ငါထွက်မသွားနိုင်လောက်ဘူး
ထင်လို့ပါဂရုစိုက်ပါနော်
ရန်တွေလည်းမဖြစ်ပါနဲ့
သူငယ်ချင်းအသစ်တွေထားပြီး
ငါ့ကိုစောင့်နေနော် သေချာပေါက်
ငါပြန်လာမှာပါ.......... ချစ်တယ် ခွန်းချို.....
ငါပြန်လာရင်ငါ့အပေါ်ထားတဲ့
နင့်ရဲ့စိတ်သဘောထားလေးလည်း
ငါသိချင်တယ်..... ထပ်​တူကျဖို့လည်း
မျှော်လင့်နေမယ်
ဒီတလောမဆက်သွယ်ပဲနေကြရအောင်နော်
နင့်ကိုမြင်ရင် ငါအလွမ်းဒဏ်မခံနိုင်လို့ပါ
ခွန်းချို
ချစ်တဲ့ယာယာ *

ယာယာ၏ပါးထက်ကမျက်ရည်စီးကြောင်းများ
screen ပေါ်သို့ စီးကျကာ ဖုန်း screen လည်းပိတ်ကျသွားပါတော့သည်။

နှုတ်ဆက်တယ်မြန်မာပြည် ၊
နှုတ်ဆက်တယ်ခွန်းချို ။
အချိန်ဘယ်လောက်ကြာကြာခွဲရမှန်း
မသိသေးပေမယ့်သေချာပေါက်ပြန်လာမှာပါ ။

ယာယာ၏မိခင် ဒေါ်ဒေစီလည်း သမီးလေးဝမ်းနည်းနေသည်ကိုမြင်၍ တိတ်တိတ်လေးမျက်ရည်ဝဲခဲ့ရသည်။
ဒါသမီးအတွက်အကောင်းဆုံးလမ်းပါ ။
အရင်ကသမီးအပေါ် ဝတ္တရားမကျေပွန်ခဲ့သမျှ ပြန်ပေးဆပ်ပါ့မယ် ။

လွန်ခဲ့သော( ၆)ရက်ခန့်ကဖြစ်သည်။

မနက်စောစောဂုဏ်ရှိန်တစ်ယောက်
လက်တော့ပ်စ် တစ်လုုံးနဲ့ အလုပ်ရှုပ်နေစဥ်
ဒေါ်ချိုမာလည်း သမီးလေးယာယာကို
လာကြည့်ရင်း အိမ်သို့ရောက်လာခဲ့၏။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now