Part-33 🍁 (U+Z)

1.5K 128 26
                                    


Part-33❤

ချစ်ရတဲ့ခွန်းငယ်လေး အံ့သြဝမ်းသာ
စေရန်အလို့ငှာ ခွန်းငယ်မတွေ့နိုင်သည့်တစ်နေရာ သင်တန်းနားတွင် စောစောစီးစီးသွား
စောင့်နေတဲ့ ဦးဂုဏ်ရှိန်ရယ်ပါ ။
ဆောင်းတွင်းလေးမို့ နေ့လည်နေ့ခင်းတောင်အအေးငွေ့လေးနည်းနည်းကျန်နေသေး၏။

ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ချစ်ရသူအလာကို
စောင့်နေသည်မှာ ဆယ်ကျော်သက်တုန်းက
သမီးပျိုလေးတွေကိုလိုက်ပိုးပန်းနေရသလိုပင် ။
အင်း လူတိုင်းကအချစ်နဲ့တွေ့ရင် ဆယ်ကျော်သက်လို့တောင်
သီချင်းဖွဲ့သီဆိုနေကြသေးတာပဲလေ။
ဒါမှန်လို့ပဲ မဟုတ်ပေလား။

တစ်ဖတ်က ခွန်းငယ် မှာလည်းသင်တန်း
မသွားဘူးဆို၍ ကားကို
ခွန်းချိုယူသွားလေသည် ။
မာတာမိခင်ကြီးကလည်း ဘုန်းကြီးကျောင်း
ခဏဆို၍ ကိုယ်တစ်ယောက်ထဲ
အိမ်မှာကျန်ခဲ့လေ၏။
ယခုအခါမှာ သင်တန်းသွားရမည်ဆို၍
အခက်ကြုံလို့နေပေတော့သည် ။

ကားလည်းမရှိ ၊ Bus ကားစိီးဖို့ကလည်း
မမီနိုင်တော့ပေ ။ ထို့ကြောင့်တက္ကစီဖြင့်သာသင်တန်းသို့ ဦးတည်ထွက်လာခဲ့ရသည် ။
စိတ်ထဲတွင်လည်း လေးလံနေ၏။

အင်း....သင်တန်းမသွားပဲ​နေမည်ဟု
ဆုံဖြတ်ထားပြီးကာမှ သင်တန်းထသွားရ၍ စိတ်လေးလံနေရခြင်းပဲဖစ်မှာပါလေ ။

မိနစ် ၃၀ခန့်အကြာတွင်
ဂုဏ်ရှိန်စောင့်မျှော်နေသည့် ချစ်ရသူ
ခွန်းငယ်လေး သင်တန်းရှေ့သို့ရောက်ချလာခဲ့၏။
ထူးဆန်းစွာပင်တက္ကစီဖြင့်ရောက်ချလာခဲ့၍
ဂုဏ်ရှိန်မျက်ခုံးချိုးမိလိုက်သည် ။
အဘယ်ကြောင့်များ ခွန်းငယ်လေးက
ယခုလိုတစ်ယောက်ထဲ သင်တန်း
လာနေခဲ့ရသလဲ ။
အိမ်ကတစ်ယောက်ယောက်ပို့ပေးမည်
ထင်နေခဲ့တာပါ။
တစ်ယောက်ထဲမြင်မိတော့တစ်ခါထဲ
စိတ်ပူမိတာရော စိတ်မကောင်းလည်းဖြစ်မိပြန်သည်။

ခွန်းငယ်ကိုကြည့်လိုက်တော့လည်း
ပေါ့ပေါ့ပါးပါးပင် ။
အနွေးထည်အဖြူရောင်ပါးပါးလေးကို
ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီတို
အမည်းလေးနဲ့ ချစ်စရာကောင်းနေပြန်သည် ။

သြော်.... ခွန်းငယ် အေးလို့အနွေးထည်
ဝတ်တယ်ထားပါတော့
ဒူးဖုံးဘောင်းဘီတိုတဲ့လား။
ချစ်ဖို့ကောင်းပေမယ့်လည်း
အေးနေတော့မှာပဲ ကလေးငယ်ရယ် ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Wo Geschichten leben. Entdecke jetzt