Part-32 🍁 (U+Z)

1.5K 126 28
                                    


Part-32❤

US သို့ထွက်ခွာသွားသည့်လေယာဥ်ပေါ်တွင်
တိတ်တဆိတ်မျက်ရည်ကျနေသည့်
ယာယာကိုစိတ်နွေးထွေးမှုတွေမပေးခဲ့ရလို့နောင်တရနေသည့် ယာယာ၏မိဘနှစ်ပါးဟာ မြန်မာပြည်ကနေစွန့်ခွာထွက်သွားခဲ့လေသည်။

*****

လေယာဥ်မထွက်ခွာမီ သတိပေးသံတွေနဲ့အတူ ခရီးသည်များအားစစ်ဆေးနေသည့်အချိန်တွင် ၊ ဝမ်းနည်းမျက်ရည်ကျနေသည့်ယာယာကို
မိခင်ဖြစ်သူဟာရင်ခွင်ထဲပွေ့ဖက်ကာ
ဆံနွယ်တွေကိုပွတ်သတ်ပေးနေ၏။

" သမီးလေး ရယ် မငိုပါနဲ့ မားရှိတယ်နော်
မားကိုဖြစ်ချင်တာတွေ စားချင်တာတွေ
အကုန်ပြော မားခွင့်ပြုပေးမယ်
မားချက်ကျွေးမယ် မားမဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အရာတွေအားလုံး မားလုပ်ပေးမယ်နော်အကယ်၍ သမီးလေးမပျော်ဘူးဆိုရင်
မြန်မာပြည်မှာပဲနေခဲ့မယ်ဆိုလည်းရတယ်
မားခွင့်ပြုပေးမယ် သမီးလေးပျော်တာပဲ
မားမြင်ချင်တယ် သမီးနေခဲ့ရင်လည်း
သမီးလေးဆီမား ခဏခဏပြန်လာခဲ့မယ်"

တကယ်ထွက်သွားရတော့ မသွားနိုင်တာ
သေချာခဲ့တယ်။ မသွားနိုင်ဘူးဆိုတာထက်
ခွန်းချိုကိုမခွဲနိုင်တာဆိုပိုမှန်တယ် ။
ခွန်းချိူကယာ့ယာ့စိတ်ကို ၁၀၀ ရာခိုင်နှုန်း
လွှမ်းမိုးနေခဲ့ပြီးတဲ့လား ။
အခွင့်အရေးရှိတုန်းတကယ်ကို
လက်မလွတ်ချင်တော့ဘူး
မိမိရရဖမ်းဆုပ်ထားပါရစေတော့။

" မား တကယ်ပြောတာလား ယာယာလေ
ယာယာမသွားလို့ရမလားမား
ယာယာဒီမာပဲလိမ်လိမ်မာမာနဲ့မားတို့
ပြန်လာမယ့်အချိန်ကို စောင့်နေမယ်လေနော်
ယာယာလိမ္မာပါ့မယ်မား ယာယာ့ဆီတော့ခဏခဏပြန်လာပါနော် "

ယာယာလည်းမိခင်ဆီက ယခုလို
နွေးထွေးတဲ့စကားတွေကြားရသည့်အတွက် ဝမ်းသာမျက်ရည်တွေကျလို့
ဒီမှာနေခဲ့ဖို့ရန်ခေါင်းအကြိမ်ကြိမ်
ငြိမ့်နေမိတော့သည်။

ထိုအချိန်ယာယာဖခင်ဖြစ်သူဟာ
ထိုင်ခုံဆီကနေထရပ်ကာ လေယာဥ်မယ်လေးကိုအမြန်လှမ်းခေါ်လိုက်သည်။

" လူကြီးမင်းရှင့် ကျွန်မတို့ဘာများကူညီပေးရမလဲ ရှင့် "

" ဒီလိုပါ ဦးရဲ့သမီးလေးကနေသိပ်မကောင်းလို့ ပြန်ဆင်းလို့ရမလားဗျာ "

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Where stories live. Discover now