Part-13🍁 (U+Z)

2.4K 251 22
                                    


Part-13❤

ပုစွန်ဆီရောင်လေးတွေသန်းနေတဲ့
ကောင်းကင်ကြီးရဲ့ ညနေခင်းတစ်ခုမှာ
လူတွေရှုပ်ယှက်ခတ်နေတဲ့ လှည်းတန်းဆိုတဲ့
ညစျေးတွေနဲ့ စည်ကားနေတဲ့
နေရာတစ်ခုမှာပေါ့ ။

ဘာဘီအရုပ်လေးနဲ့တူတဲ့
စကတ်တိုတိုလေးနဲ့ယာယာရယ်
တစ်လောကလုံးသူ့လုပ်စာထိုင်စားနေတဲ့
အချေရုပ်နဲ့ ခွန်းချိုရယ်
ဟိုနှစ်ယောက်လှည့်သမျှ မူလီလိုအလှည့်ခံတဲ့ နေဝန်းခတို့ ၃ယောက်လည်း
ထိုလူအုပ်ကြားထဲမှာ ပျော်ပျော်ပါးပါး
စလိုက်နောက်လိုက်ဖြင့်
လှည့်ပတ်ပျော်ပါးလို့နေသည်။

" ဝေး ယာယာ ဟိုမှာ
အရုပ်ကောက်စက်လေးငါတို့ကောက်ရအောင်"

" ကောက်မနေပါနဲ့ဟာအဲ့တာ
နင်ကောက်မရအောင်သူလုပ်ထားမှန်း
သိသိကြီးကို နင်ကောက်တာ
ဘယ်နှခါရဖူးလို့လည်း"

" ယာယာကလည်း ငါ့ကိုမယုံကြည်တာလား
ငါပါဟခွန်းချို"

" နင်တို့ကလည်းမကြီးမငယ်နဲ့...
အရုပ်လိုချင်လားငါဝယ်ပေးမယ်
စင်တာထဲဝင်လိုက်"

" နေဝန်းခ....နင်လေ အဲ့တာပဲသိလား
FA တစ်သက်လုံးဖြစ်မယ့်ကောင်
အရုပ်ဆိုတာ ဝယ်ယူလို့ရမှန်းငါသိတာပေါ့
ဝယ်လည်းဝယ်နိုင်တယ် နော်ယာယာ"

ပြောရင်းနဲ့ ယာယာရဲ့ထောက်ခံချက်ကို
လှည့်တောင်းနေသေး။

". ဟုတ်တာတော့ ဟုတ်ပါတယ်
ခွန်းချိုရယ် နေဝန်းခပြောသလိုပဲ
နင်လိုချင်ရင်ဝယ်ပဲဝယ်လိုက်ပါ
နော်နော်...အဲ့တာကြီးဆော့ပြီး
နင်မရရင် စိတ်ဆိုးပြီး
အဲ့စက်ကြီးထပ်ဖျက်နေပါအုံးမယ်ဟာ"

ဟုတ်လည်းဟုတ်ပါတယ် မှတ်မှတ်ရရ
၈တန်းတုန်းက December
ကျောင်းပိတ်ရက်တစ်ခုမှာပေါ့
သူငယ်ချင်းလေးယောက်စုပြီး
ရုပ်ရှင်သွားကြည့်ကြတယ်။

အဲ့မှာပေါ့ အရုပ်ကောက်စက်တွေ့လို့
ဝင်ဆော့ကြတယ်လေ။
အရုပ်တစ်ခုမှမရဘဲပါလာတဲ့
ပိုက်ဆံပါကုန်သွားတဲ့ခွန်းချိုမှာတော့
စိတ်ဆိုးပြီး မှန်ကိုရိုက်ခွဲခဲ့တယ်လေ ။

မိဘတွေမလာမချင်း မပြန်ခဲ့ရပဲ
အဲ့နားလေးတင် မျက်နှာငယ်လေးနဲ့
ထိုင်နေခဲ့ကြရတာ ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Hikayelerin yaşadığı yer. Şimdi keşfedin