Part-12🍁(U+Z)

2.8K 262 59
                                    


Part-12❤

ရွေ့နေတဲ့ကားထဲမှာ ကားမှန်အပြင်ဘက်ကိုသာငေးနေတဲ့ကောင်လေးတစ်ရောက်ရယ်။
ကားမောင်းရင်း ဘေးကကောင်လေးကို
ပျောက်ထွက်မတတ်စိုက်ကြည့်နေတဲ့
ကောင်လေးတစ်ယောက်ရယ်။

^ရုတ်တရက်ဆန်စွာဖွင့်ပြောခံရသည့်အတွက်ကျွန်တော် ဘယ်လို တုံ့ပြန်သင့်လဲ
မစဥ်းစားနိုင်တော့ပေ။
ကျွန်တော့်ကိုချစ်တာလား
အတိတ်ကနှောင်းငယ်ကိုချစ်တာလား ကျွန်တော်မဝေခွဲတတ်။
လူနှစ်ယောက်က တစ်ယောက်ထဲပဲဆိုဆို ကျွန်တော်က အတိတ်ကနှောင်းငယ်
မဟုတ်တော့တဲ့ လက်ရှိခွန်းငယ်လေ ။

ဒီလူကိုကျွန်တော်ရင်ခုန်တယ်ဆိုရင်တောင် ကျွန်တော်လက်တွဲသင့်ပါ့မလား။
ကျွန်တော့်ကိုနှောင်းငယ် အဖြစ်နဲ့ပဲ
ဆက်မြင်နေခဲ့ရင် ကျွန်တော့်နှလုံးသားက
လက်ခံနိုင်ရင်တောင် ဦးနှောက်က
လက်ခံနိုင်ပါ့မလား ။
နှလုံးသားနဲ့ ဦးနှောက်ထပ်တူကျနိုင်မှ
လှပတဲ့အချစ်ဖြစ်ပေါ်လာနိုင်မယ်မဟုတ်လား။

~ ကျွန်တော်ကချစ်ပြီးဆို
ကျွန်တော့်တစ်ယောက်တည်းဖြစ်တည်မှုကိုပဲ
ချစ်ပေးနိုင်တဲ့သူမျိုးကိုမှ
ကျွန်တော်ပြန်လိုချင်တာ ~

ကျွန်တော် မမျှော်လင့်ဖို့ကြိုးစားခဲ့ပေမယ့်တကယ်တော့မျှော်လင့်ခဲ့တယ်
ဒီလူကျွန်တော့်ကိုချစ်နေဖို့လေ။
တကယ် မောင့်ဆီကဖွင့်ပြောခံရတော့လည်း
ကျွန်တော် ဘဝင်မကျပြန်ဘူး။
မဟုတ်ဘူး ကျွန်တော့်ကိုနှောင်းငယ်အဖြစ်ပဲ
မြင်သွားမှာကြောက်တယ်။
ကျွန်တော့်ရဲ့အရှိတိုင်း ခွန်းငယ်လို့
မြင်ပေးနိုင်ပါ့မလား^

:ရုတ်တရက်ကောင်းကင်ကြီးဟာ
တိမ်တွေဖုုံးလွှမ်းလာပြီး မိုးဖွဲလေးတွေ
ကျလို့လာခဲ့တယ်။

ထိုကောင်လေးဟာလည်း
အပြင်သို့သာငေးကြည့်နေဆဲ။
ကျွန်တော်ဖွင့်ပြောတာစောသွားလို့များ
ဒီကောင်လေးလန့်သွားတာလား ။
တကယ်ဆို ကျွန်တော်မြင်မြင်ချင်းရင်ခုန်ခဲ့တာပါ ဦးနှောက်ကသာဝေခွဲမရခဲ့တာ။
သေချာတယ် နှောင်းငယ်မဟုတ်ခဲ့ရင်တောင်
ဒိီကောင်လေးဆီကလွတ်မြောက်နိုင်မယ်ကျွန်တော်မထင်ဘူး ။

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Où les histoires vivent. Découvrez maintenant