Part-24 🍁(U+Z)

1.6K 155 24
                                    


Part-24 ❤

ပိတ်ထားသည့်ခွဲစိတ်ခန်းတံခါးရှေ့တွင် အသိစိတ်မဲ့နေသည့် ကောင်လေးတစ်ယောက် လက်ထဲမှာလည်းသွေးတွေပေလို့
တွေတွေကြီးခုံပေါ်တွင်ငြိမ်သက်စွာပဲ
ခွဲခန်းတံခါးကိုသာထိုင်ကြည့်နေ၏။

ခွဲခန်းထဲဝင်သွားတာ ၁နာရီကြာနေပြီး
ခုထိထွက်မလာသေးဘူး
မောင်တစ်ခုခုများဖြစ်သွားမလား။
ဟင့်အင်း မောင်ဘာမဖြစ်ဘူး။
မောင်ကတိပေးသွားတယ်
ခွန်းငယ်ကိုကတိပေးသွားတယ်၊
ဘာမဖြစ်စေရဘူးတဲ့ ။

မောင်ဒဏ်ရာရရုံတောင် ခွန်းငယ်
ရူးမတတ်ပူပန်နေရတာ
အကယ်၍မောင်သာ ထွက်သွားခဲ့ရင်
ခွန်းငယ် အသက်မရှင်နိုင်လောက်ဘူးထင်တယ်
မောင်ရေထွက်လာပါတော့
ခွန်းငယ်စောင့်နေတယ်လေ
မောင်ကစွမ်းအားနဲ့ဆို
ဘာလို့ခွန်းငယ်ကိုတစ်ယောက်ထဲ
အပြင်မှာအကြာကြီးနေခိုင်းနေရတာလဲ။

" သား....ခွန်းငယ် "

" မေမေ.....အီးဟီး "

ခွဲစိတ်ခန်းရှေ့ရှိ သားငယ်လေး၏
ရုပ်ကြိုးပျက် ထိုင်နေသည့် ပုံစံကိုတွေ့၍
မိခင်မှာခွန်းငယ်အနားအမြန်ပြေးသွားရင်း ရင်ခွင်ထဲသာထွေးပွေ့လိုက်မိသည် ။
သားငယ်လေး တော်တော်ထိတ်လန့်သွားမှာအမှန်ပင် ။
လက်မှာလည်းခြောက်နေသည့်
သွေးများကမနည်း ။
ဘယ်လောက်တောင်ငိုထားလဲမသိ
မျက်လုံးတွေမို့အစ်လို့ ခွန်းငယ်ရယ်
မေမေအလာနောက်ကျသွားတယ် ။

" မေမေရောက်လာပြီးနော် ဘာမဖြစ်တော့ဘူး"

" အီးဟီး. မေမေ မောင်
မောင်ဘာမှမဖြစ်လောက်ပါဘူးနော်"

" အရမ်းတော်တဲ့ ဆရာဝန်တွေဆရာမတွေ
ကုပေးနေတယ် ဘာမဖြစ်ဘူးနော်သား"

ခေါင်းကနေကျောထိဖြည်းဖြည်းလေး
ပွတ်သတ်ပေးနေရင်းသားငယ်လေးကို
ချော့သိပ်နေရရှာသည် ။
ထိုစဥ်ခွဲစိတ်ခန်းတံခါးပွင့်လာပြီး
ဆရာဝန်ကြီးဟုထင်ရသည့် အသက်လတ်အရွယ်ဆရာဝန်တစ်ယောက်ထွက်လာခဲ့သည် ။

" လူနာရှင် "

" ဗျာ...ဆရာ
လူနာအခြေအနေဘယ်လိုနေလဲဆရာ"

" စိတ်အေးအေးထားပါ
လူနာကအဆင်ပြေပါတယ် ဆရာတို့ minor ခွဲစိတ်အသေးစားလေးလုပ်ပြီး
ပြန်ချုပ်ထားရတာပါ ခနနေ အခန်းရွှေ့ပေးမှာမို့ အခန်းထဲစောင့်နေပေးပါနော်"

ကိုးစက္ကန့်..ရင်ခုန်သံ / ကိုးစကၠန့္..ရင္ခုန္သံ (complete)(Uni+Zawgyi)Onde histórias criam vida. Descubra agora