ညတုန်းက တော်တော်နဲ့ အိပ်မပျော်တာကြောင့် Bibi ကျောင်းသွားဖို့ လာခေါ်မှပဲ နိုးလာတော့တယ်
"ကူးရ မြန်မြန်လုပ်ကွ ကျောင်းနောက်ကျတော့မယ်ဟ "
"ဟျောင့် အတန်းသွားတက်မဲ့ ငါ ပြောဖို့ထားပါဦးကွာ ကျောင်းသွားပြီး အတန်းထဲမှာ မရှိတဲ့ မင်းကများ "
"ခွေးကောင် ငါလာလို့ နိုးတဲ့ကောင်ကများ အေး ကျေးဇူးကန်းနေလိုက် စာဂျပိုးကောင် "
"သွားကြမယ် မြန်မြန်လာ မေမေရေ သားနောက်ကျနေလို့ Banana milkပဲ သောက်သွားတယ်နော် "
"အန်တီရေ သွားလိုက်ပါဦးမယ်ဗျ"
"ကောင်းကောင်းသွားကြ ကလေးတွေရေ "ကျောင်းရောက်တော့ ကူးကူး အတန်းတက်နေပေမဲ့ Hobi တစ်ယောက် ကန်တင်းမှာ အလှလေးတွေ ငမ်းနေလေရဲ့ ...
ဟိုကောင် Bibiကို ဘယ်နားသွားရှာရမလဲ မသိ အတန်းလည်း လာမတက် စာမေးပွဲ နီးနေတာကို ဒီကောင် တအားပေါ့နေတာ တွေ့မှ ဆူရဦးမယ် တွေးရင်း ကျောင်းနောက်က ခုံတန်းလေးဆီ ထွက်လာလိုက်သည်။
ကျောင်းရဲ့ အကြိုက်ဆုံးနေရာပြောပါဆို ကျနော် ဒီခုံလေးမှာ ထိုင်ရတာ အကြိုက်ဆုံးပဲ ဒီနေရာလေးက လူလာတာလည်း နည်းသလို ခုံလေးရှေ့က ကန်ရေပြင်ရယ် ကန်ရေပြင်ကို ဖြတ်လာတဲ့ လေနုလေးရယ်က စိတ်ကို လန်းဆန်းစေတယ်လေ ကျနော်က ဘာမှမတွေးဘဲ သာမာန်ပဲနေချင်တဲ့ သူဆိုတော့ တစ်ယောက်ထဲ ရှိတဲ့ေနရာမျိုး သိပ်သဘောကျတာပေါ့ဗျာ ဒီလိုအတွေးမျိုးကို ဟိုကောင်သာ သိရင် သူနဲ့ရှိတာ မကြိုက်ဘူးလားဆိုပြီး စိတ်ကောက်နေဦးမှာ အော် အတွေးလွန်နေတာနဲ့ ကျောင်းဆင်းချိန်တောင် ရောက်ပီပဲ ပြန်ဖို့ ဟိုလတ်ယားကောင်ကို လိုက်ရှာဦးမှပဲ
တွေ့ပါပီ ကျောင်းရှေ့မှာ လူတကာကို ပြုံးပြနေတဲ့ Sunshineကောင်
"ရား Joen Jung kook မင်း ဘယ်အလေလိုက်နေတာလဲ ငါစောင့်နေတာ ကြာလှပီ "
"အော် ငါ အလေလိုက်နေတော့ မင်း သူများတွေကို ဖြဲပြဖို့ အချိန်ရတာပေါ့ဟ "
"ဟျောင့် ငါက အမေမွေးထဲက အပြုံးချိုချိုလေးနဲ့ ဖော်ရွေတာလေးပါ ထည့်မွေးလာတာ ဂျပိုးကောင်ရ မင်းလို စူပုတ်နေတာ မဟုတ်ဘူး သိရဲ့လား"
"ဟားဟား ဟားဟား" ယုန်သွားလေးတွေနဲ့ ရီနေတဲ့ ကူးကို ကြည့်နေရင်း

YOU ARE READING
Your existence
Romanceကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ Jung kook မဖြစ်နိုင်တာ သိပေမဲ့ ချစ်မိသွားတဲ့ခါ...